Talk2DVB (သြဂုတ်လ ၂၀ ရက်)

Posted by on in Talk2DVB

Details

-ပြည်မြို့ အောင်ဆန်းပြည်သာယာတိုးချဲ့ (၂)ရပ်ကွက်မှာ ရေကျသွားတဲ့အခါ ရပ်ကွက်နေသူအချို့များက မိမိတို့အိမ်များအတွင်း ရေများကျန်ရှိနေတဲ့အတွက် အိမ်ပြန်ရန်အခက်တွေ့နေပြီး ရေထုတ်ပြွန်မှတဆင့် ရေထုတ်ပေးဖို့အတွက် တာဝန်ရှိလူကြီးကိုတောင်းဆိုတဲ့အခါ ထိုပြွန်ပေါက်တဆင့် ရေ၀င်နိုင်တယ်ဆိုပြီး တောင်းဆိုမှုကိုပယ်ချကာ ရေထွက်နေသောပြွန်ပေါက်ကိုလည်း ပြန်လည်ပိတ်ဆို့ခဲ့တဲ့အတွက် ရပ်ကွက်နေပြည်သူများက ကိုယ့်အားကိုယ်ကိုးကာ ရေစုပ်စက်များဌားရမ်းပြီး ရေစုပ်ထုတ်ခဲ့ကြရပြီး ရေများကျန်နေသေးတဲ့အတွက် အချိန်ကုန်လူပင်ပန်းသက်သာစေရန် တာဝန်ရှိသူများက ၀ိုင်းဝန်းစဉ်းစားလုပ်ဆောင်ပေးစေလိုခြင်း…
-စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်မှာ ရေကျသွားပေမဲ့ ပြန်လည်ပြုပြင်ခြင်းမရှိသေးတဲ့ လမ်းပိုင်းများတွင် ကျောင်းသား/ကျောင်းသူများ၊ ဈေးသည်၊ ဈေးဝယ်များ၊ ကျန်းမာရေးမကောင်းတဲ့လူနာများ၊ ကား၊ လှည်း၊ ဆိုင်ကယ် စတဲ့ယာဉ်တွေသွားလို့မရဘဲ ခြေလျှင်ကုန်းကြောင်းဖြင့်ခက်ခက်ခဲခဲသွားလာနေရတဲ့အတွက် ပျက်စီးနေတဲ့ကန့်ဘလူ ထန်းကုန်းသွားကားလမ်းကိုအမြန်ဆုံးပြုပြင်ပေးစေလိုခြင်း…
-ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့အနောက်ဘက်ခြမ်းရှိ မိုးကုတ်ကျေးရွာနဲ့အခြားကျေးရွာတချို့မှာ ရေဆက်လက်တက်နေပြီး စားဝတ်နေရေးအခက်အခဲများစွာနဲ့ ရေဘေးဒုက္ခကြုံတွေ့နေရတဲ့အတွက် အကူအညီများလိုအပ်နေကြောင်း…-မကွေးတိုင်း ရေစကြိုမြို့မှာ ရေကျသွားပေမဲ့ နေအိမ်တိုက်တာတွေရဲ့ကြမ်းပြင် တမံတလင်းတွေမှာ ရွှံ့နွံအစိုင်အခဲများထုနှင့် ထည်နှင့်ကျန်ရစ်နေပြီး အဆောက်အဦးအတွင်းမှ ရေများရွှံ့နွံများကြောင့် ခပ်ထုတ်ပစ်နေရခြင်း…
-ရန်ကုန်တိုင်းဒေသကြီးတွင်း မိုးရွာလျှင်ရေကြီးရေလျှံခြင်းမဖြစ်တဲ့ လမ်း၊ရပ်ကွက်နေရာများကိုပြုပြင်ပြီး ရေကြီး ရေလျှံဖြစ်တဲ့ စမ်းချေင်းမြို့နယ် ရေမြောင်းကြီးနှင့်ကပ်လျှပ်ရှိတဲ့ ရပ်ကွက်များမှာပြုပြင်တည်ဆောက်ခြင်းလုံးဝမရှိတဲ့အတွက် တင်ပြခြင်း…
-အင်းတော်မြို့နယ် မော်လူးကျေးရွာမှာ ရေကြီးစဉ်ကပျက်စီးသွားတဲ့ ဆုံးရှုံးပစ္စည်းများအိမ်ရှေ့တိုင်းလိုလို ပွစိခတ်နေပြီး စည်ပင်မှအမြန်လာရှင်းပေးစေလို…
-အင်းတော်ကြီးဒေသမှာ မူးယစ်ဆေးဝါးကြောင့် မိသားစုဘ၀များပျက်စီးနေရတဲ့အတွက် မူးယစ်ဆေးဝါးမှာ ဘယ်သူတွေကပါဝင်ပတ်သက်နေတာလဲဆိုတာ သေသေချာချာလေံလာပြီး အရေးယူစေလိုခြင်း
အစရှိတဲ့ အနယ်နယ် အရပ်ရပ်မှပေးပို့လာတဲ့ စာတွေကို ဖတ်ကြားပေးမှာဖြစ်ပါတယ်။

တင်ဆက်သူ – သီတာ၊ မျိုးသာထက်
ရိုက်ကူး – နန်းသိင်္ဂီ၊ ၀င်းကျော်သူ
တည်းဖြတ် – နန်းသိင်္ဂီ

Leave a Reply

  • (will not be published)