25-03-2015 နေ့တွင်ထုတ်လွှင့်မည့် Talk2DVB အစီအစဉ်တွင်....-အသစ်ဆိုပေမဲ့ အဟောင်းတွေပါဆိုတဲ့ မရမ်းကုန်းမြို့နယ် ရန်ကုန် အင်းစိန်လမ်းမကြီးသမိုင်းလမ်းဆုံကနေ ခဝဲခြံ(၁) လမ်းလောက်ထိလမ်းမီးကြီးတွေပျက်နေတာပလက်ဖောင်းတွေပျက်နေတာ ရေဆိုးမြောင်းတွေမရှိတော့ စွန့်ပစ်ရေဆိုးတွေက လမ်းမကြီးပေါ်အမြဲရှိနေတာ တွေကို ကားကြီးပေါ်ကနေ ဆင်းပြီး လမ်းလျှောက်စစ်ဆေးကြည့်ပါဦးလို့ ဖိတ်ခေါ်ထားတဲ့ကိစ္စ---ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွှတ်ကွင်းမြို့တွင် မြို့ခံစီးပွားရေးသမားတွေရဲ့စည်းကမ်းချိုးဖျတ်မှု အုပ်ချုပ်ရေးဆိုင်ရာတွေရဲ့တာဝန်မဲ့မှုတွေကြောင့် မြို့နေလူထုများ အခက်ခဲကြုံနေရသောကိစ္စ---တာချီလိတ်မြို့နယ် မိုင်းဖုန်း(က) ခုတ်ဝစာသင်ကျောင်းအနီး လောင်းကစားဂိမ်းခုံများဖွင့်လှစ်ထားသောကြောင့်ကလေးငယ်များကျောင်းစာတွင် စိတ်ဝင်စားမှုနည်းပါးပြီး ၄င်းဂိမ်းခုံများ တွင်သာ အချိန်ကုန်နေကြပါသောကိစ္စ---မြန်မာပြည် အမြို့မြို့ အနယ်နယ်ရှိ တိုက်နယ်ဆေးရုံများတွင် ဝန်ထမ်းများ အကျင့်ပျက် ချစားမှု၊ဆေးဝါးမလံလောက်မှု၊ ဆရာဝန်မလုံလောက်မှု အစရှိသည်တို့ကို သက်ဆိုင်ရာတာဝန်ရှိသူများစစ်ဆေးပေးပါရန်အတွက် မကွေးတိုင်း စလင်းမြို့နယ်ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ အထွေထွေရောဂါကုဆေးရုံ၊ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ဓမ္ဘီတိုက်နယ်ဆေးရုံ၊ မိုးကုတ်ဆေးရုံ အစရှိသည်တို့ကို ပေးပို့သောကိစ္စ---မန္တလေးမြို့တွင် ရပ်ကွက်နေပြည်သူများ ကန့်ကွက်နေသည့်ကြားမှ ဖွင့်ခွင့်ရသော ဆီဆိုင်ကိစ္စ---စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် မြို့သစ်မြို့ဒေသတွင် ကျွန်းသစ်အင်မတန်ထွက် ပါတယ် သို့ပါသောကြောင့်သစ်ခိုးထုတ်တဲ့လူတွေက ထုံကတင်ရွာမှထွက်သော ကျွန်းသစ်များကို ညဘက်မှာ သုံးဘီးဆိုင်ကယ်များနဲ့မင်းသာရွာကို ဖြတ်ပြီး တစ်ဖက်နိုင်ငံဆီသို့ နိုင်ငံပိုင်ကျွန်းသစ်များကို တင်ပို့ခိုးထုတ်နေခြင်းကိစ္စ--ပခုက္ကူမြို့မဈေးအတွင်း ပျံကျဈေးသည်များ လမ်းပေါ်တက်ဈေးရောင်းနေသဖြင့်လမ်းပိတ်ဆို့နေသောကိစ္စ-----MPT ရဲ့ဝန်ဆောင်မှုကြောင့် လူတိုင်းရဲ့ပါးစပ်ဖျားမှာ ကောင်းတယ်ဆိုတဲ့စကားမကြားရပါ ဆိုတဲ့ မြိတ်မြို့မှပေးပို့သောစာ---မကွေးတိုင်းဒေသကြီး ကံသာရပ်ကွက်တွင် အရာရှိတစ်ဦးမှ အအေးခန်း(၂)ခန်းပါတဲ့အရက်ဆိုင်ဖွင့်ထားပြီးလာရောက်သောက်သူများအတွက် မိန်းကလေးငယ်များကို အခန်းထဲထည့်ပေးပါတယ်၎င်းအရက်ဆိုင်က ကျောင်းသူကျောင်းသား အဆောင်အများ အပြားရှိနေတဲ့လူနေရပ်ကွက်ထဲမှာရှိနေတဲ့အတွက်ရပ်မိရပ်ဖများက အသိပေးတိုင်တန်းသော်လည်း အရေးယူဆောင်ရွက်ခြင်းမရှိသောကိစ္စ--အစရှိသည်တို့ကို ဖတ်ကြားပေးမှာ ဖြစ်ပါတယ်------တင်ဆက် - သီတာ၊ နေဇော်နိုင်ရိုက်ကူး - အိသူဇာ၊ နန်းသိဂီင်္၊ Winကျော်သူတည်းဖြတ် - နန်းသိဂီင်္

Posted by Talk2dvb on Monday, March 23, 2015

Talk2DVB (၂၅ မတ် ၂၀၁၅)

Posted by on in Talk2DVB, အပတ်စဉ်ကဏ္ဍ

Details

25-03-2015 နေ့တွင်ထုတ်လွှင့်မည့် Talk2DVB အစီအစဉ်တွင်….
-အသစ်ဆိုပေမဲ့ အဟောင်းတွေပါဆိုတဲ့ မရမ်းကုန်းမြို့နယ် ရန်ကုန် အင်းစိန်လမ်းမကြီး
သမိုင်းလမ်းဆုံကနေ ခဝဲခြံ(၁) လမ်းလောက်ထိလမ်းမီးကြီးတွေပျက်နေတာ
ပလက်ဖောင်းတွေပျက်နေတာ ရေဆိုးမြောင်းတွေမရှိတော့ စွန့်ပစ်ရေဆိုးတွေက လမ်းမကြီးပေါ်
အမြဲရှိနေတာ တွေကို ကားကြီးပေါ်ကနေ ဆင်းပြီး လမ်းလျှောက်စစ်ဆေးကြည့်ပါဦးလို့ ဖိတ်ခေါ်ထားတဲ့ကိစ္စ–
-ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွှတ်ကွင်းမြို့တွင် မြို့ခံစီးပွားရေးသမားတွေရဲ့
စည်းကမ်းချိုးဖျတ်မှု အုပ်ချုပ်ရေးဆိုင်ရာတွေရဲ့တာဝန်မဲ့မှုတွေကြောင့် မြို့နေလူထုများ အခက်ခဲကြုံနေရသောကိစ္စ–
-တာချီလိတ်မြို့နယ် မိုင်းဖုန်း(က) ခုတ်ဝစာသင်ကျောင်းအနီး လောင်းကစားဂိမ်းခုံများဖွင့်လှစ်ထားသောကြောင့်
ကလေးငယ်များကျောင်းစာတွင် စိတ်ဝင်စားမှုနည်းပါးပြီး ၄င်းဂိမ်းခုံများ တွင်သာ အချိန်ကုန်နေကြပါသောကိစ္စ–
-မြန်မာပြည် အမြို့မြို့ အနယ်နယ်ရှိ တိုက်နယ်ဆေးရုံများတွင် ဝန်ထမ်းများ အကျင့်ပျက် ချစားမှု၊
ဆေးဝါးမလံလောက်မှု၊ ဆရာဝန်မလုံလောက်မှု အစရှိသည်တို့ကို သက်ဆိုင်ရာတာဝန်ရှိသူများစစ်ဆေးပေးပါရန်
အတွက် မကွေးတိုင်း စလင်းမြို့နယ်ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ အထွေထွေရောဂါကုဆေးရုံ၊
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ ဓမ္ဘီတိုက်နယ်ဆေးရုံ၊ မိုးကုတ်ဆေးရုံ အစရှိသည်တို့ကို ပေးပို့သောကိစ္စ–
-မန္တလေးမြို့တွင် ရပ်ကွက်နေပြည်သူများ ကန့်ကွက်နေသည့်ကြားမှ ဖွင့်ခွင့်ရသော ဆီဆိုင်ကိစ္စ–
-စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် မြို့သစ်မြို့ဒေသတွင် ကျွန်းသစ်အင်မတန်ထွက် ပါတယ် သို့ပါသောကြောင့်
သစ်ခိုးထုတ်တဲ့လူတွေက ထုံကတင်ရွာမှထွက်သော ကျွန်းသစ်များကို ညဘက်မှာ သုံးဘီးဆိုင်ကယ်များနဲ့
မင်းသာရွာကို ဖြတ်ပြီး တစ်ဖက်နိုင်ငံဆီသို့ နိုင်ငံပိုင်ကျွန်းသစ်များကို တင်ပို့ခိုးထုတ်နေခြင်းကိစ္စ-
-ပခုက္ကူမြို့မဈေးအတွင်း ပျံကျဈေးသည်များ လမ်းပေါ်တက်ဈေးရောင်းနေသဖြင့်လမ်းပိတ်ဆို့နေသောကိစ္စ—-
-MPT ရဲ့ဝန်ဆောင်မှုကြောင့် လူတိုင်းရဲ့ပါးစပ်ဖျားမှာ ကောင်းတယ်ဆိုတဲ့စကားမကြားရပါ ဆိုတဲ့ မြိတ်မြို့မှပေးပို့သောစာ–
-မကွေးတိုင်းဒေသကြီး ကံသာရပ်ကွက်တွင် အရာရှိတစ်ဦးမှ အအေးခန်း(၂)ခန်းပါတဲ့အရက်ဆိုင်ဖွင့်ထားပြီး
လာရောက်သောက်သူများအတွက် မိန်းကလေးငယ်များကို အခန်းထဲထည့်ပေးပါတယ်
၎င်းအရက်ဆိုင်က ကျောင်းသူကျောင်းသား အဆောင်အများ အပြားရှိနေတဲ့လူနေရပ်ကွက်ထဲမှာရှိနေတဲ့အတွက်
ရပ်မိရပ်ဖများက အသိပေးတိုင်တန်းသော်လည်း အရေးယူဆောင်ရွက်ခြင်းမရှိသောကိစ္စ–
အစရှိသည်တို့ကို ဖတ်ကြားပေးမှာ ဖြစ်ပါတယ်——
တင်ဆက် – သီတာ၊ နေဇော်နိုင်
ရိုက်ကူး – အိသူဇာ၊ နန်းသိဂီင်္၊ Winကျော်သူ
တည်းဖြတ် – နန်းသိဂီင်္

Leave a Reply

  • (will not be published)