19-03-15 ထုတ်လွှင့်မည့် Talk2DVB အစီအစဉ်

19-03-2015 Talk2DVB အစီအစဉ်----- ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်များမှာ ဘက်စ်ကားခသတ်မှတ်ထားပေမဲ့ ယာဉ်လိုင်းအများစုကတော့ ၅၀/တန်ခရီးကို ၁၀၀/တန် ပြောင်ပြောင်တင်းတင်းပြောဆိုတောင်းရမ်းမှုကြောင့် ယာဉ်ပေါ်ပါခရီးသည်များနှင့်နေ့စဉ်လိုလို စကားများနေရပြီး ဖုန်းဆက်တိုင်ကြားသော်လည်း အရေးယူသည်ဟုအကြောင်းပြန်ပြီး ဘတ်စ်ကားခပိုမိုတောင်းခံမှလျော့မသွားပဲပိုမိုဆိုးရွားလာခြင်းကိစ္စ--- တရားမ၀င် ၂လုံး၊ ၃လုံးထီကို ဈေးရောင်းနေသလို ရောင်းချနေကြပြီး ကာစီနိုဂိမ်းစက်များလည်းနေ့ရောညပါ ပြုလုပ်နေကြသဖြင့် မလိုလားအပ်သော ဒုစရိုက်မှုများဖြစ်ပေါ်ခြင်းကြောင့် အရေးယူဖမ်းဆီးနိုင်ရန် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာမှ တိုင်ကြားခြင်းကိစ္စ--- နိုင်ငံတော်သမ္မတကြီးနှင့် ပြည်ထဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထံသို့--ပေါင်းတည်မြို့ ဈေး(၂)ရပ်ကွက် ပုတီးကုန်းလမ်းအ၀င် လမ်းမကြီးမှာ ယခင်လမ်းအကျယ် (၂၅)ပေ၀န်းကျင်ရှိပေမဲ့ ယခုအခါ (၁၅)ပေခန့်သာရှိကြောင်း၊ ဓါတ်တိုင်နဲ့ခြံစည်းရိုးမှာ (၃)ပေခန့်ကွာရမည်ဖြစ်ပြီး ယခုအခါခြံစည်းရိုးနဲ့ကပ်လျက်ရှိကြောင်း၊ ယာဉ်များ၊ မီးသတ်ကားများဝင်/ထွက် ရာတွင်ခက်ခဲခြင်း၊ ရေမြောင်းဂုံးကို ပြည်-ရန်ကုန်လမ်းမကြီးပေါ်သို့ (၅)ပေခန့်တိုးဆောက်ထားသည့်အတွက် ယာဉ်များဝင်/ထွက်ရာမှာ ခက်ခဲခြင်း၊ အိမ်ထောင်စု (၄၀၀)ကျော် ၀င်/ထွက်သွားလာရတဲ့ ဦးသော့ကျောင်းလမ်းနဲ့ဆက်စပ်လမ်းဖြစ်ခြင်း စတာတွေကိုတိုင်ကြားစာပို့သော်လည်း ဘယ်ဌာနမှ အရေးယူဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် တိုင်ကြားသူပြည်သူများ ထူးကဲစွာခံစားရေခြင်း--- ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့်ဝိုင်းမော်မြို့ကို ကူးသန်းရာမှာ ဗလမင်းထင်တံတားကို ကုန်တင်ယာဉ်အများဆုံး (၃၆)တန်သာတင်ဆောင်ခွင့်ပြုပေမဲ့ ဖြတ်သန်းသွားလာတဲ့ ကုန်တင်ယာဉ်များမှာတန် (၅၅)တန်မှ (၆၀)တန်ထိ ကားများဖြတ်သန်းပြီး တန်ပိုကြေး (၃၀၀၀၀)ပေးပြီးဖြတ်သန်းရခြင်း၊ ခံနိုင်ဝန်ထက်ပိုတဲ့ တန်ပိုကားများဟာတံတားပေါ်မှာ (၄စီးမှ ၅စီး) တန်းစီပြီးဖြတ်သန်းခြင်းကြောင့် တံတားကြီးရဲ့သက်တမ်းကို စိုးရိမ်ခြင်းကိစ္စ--- ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် အင်ပင်ဒေသမှာ နေ့စဉ်ရပ်ကွက်တိုင်းမှာ မီးပျက်နေပြီး EPCမှတာဝန်ကျလိုင်း man များလည်းမလာတဲ့အတွက် ညတိုင်းမီးပျက်တဲ့ပြသာနာနဲ့ကြုံတွေ့ရခြင်း၊ မြို့နယ် EPC ကလည်းဝန်ထမ်းအင်းအားမလောက်ဘူးလို့ပြောတဲ့အတွက် ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်ဌာနမှတာဝန်ရှိသူများက ယခုအခြေအနေကိုဖြေရှင်းပေးစေလိုခြင်းကိစ္စ--- စတဲ့ အနယ်နယ်အရပ်ရပ်က ပေးပို့လာတဲ့စာများကို ဖတ်ကြားပေးမှာဖြစ်ပါတယ်။တင်ဆက် - သီတာ၊ နေဇော်နိုင် ရိုက်ကူး - အိသူဇာ၊ နန်းသိဂီင်္၊ Winကျော်သူ တည်းဖြတ် - နန်းသိဂီင်္

Posted by Talk2dvb on Tuesday, March 17, 2015

Talk2DVB (၁၉ မတ် ၂၀၁၅)

Posted by on in Talk2DVB, အပတ်စဉ်ကဏ္ဍ

Details

19-03-2015 Talk2DVB အစီအစဉ်—–
ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်များမှာ ဘက်စ်ကားခသတ်မှတ်ထားပေမဲ့ ယာဉ်လိုင်းအများစုကတော့ ၅၀/တန်ခရီးကို ၁၀၀/တန် ပြောင်ပြောင်တင်းတင်းပြောဆိုတောင်းရမ်းမှုကြောင့် ယာဉ်ပေါ်ပါခရီးသည်များနှင့်နေ့စဉ်လိုလို စကားများနေရပြီး ဖုန်းဆက်တိုင်ကြားသော်လည်း အရေးယူသည်ဟုအကြောင်းပြန်ပြီး ဘတ်စ်ကားခပိုမိုတောင်းခံမှလျော့မသွားပဲပိုမိုဆိုးရွားလာခြင်းကိစ္စ—
တရားမ၀င် ၂လုံး၊ ၃လုံးထီကို ဈေးရောင်းနေသလို ရောင်းချနေကြပြီး ကာစီနိုဂိမ်းစက်များလည်းနေ့ရောညပါ ပြုလုပ်နေကြသဖြင့် မလိုလားအပ်သော ဒုစရိုက်မှုများဖြစ်ပေါ်ခြင်းကြောင့် အရေးယူဖမ်းဆီးနိုင်ရန် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာမှ တိုင်ကြားခြင်းကိစ္စ—
နိုင်ငံတော်သမ္မတကြီးနှင့် ပြည်ထဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထံသို့–ပေါင်းတည်မြို့ ဈေး(၂)ရပ်ကွက် ပုတီးကုန်းလမ်းအ၀င် လမ်းမကြီးမှာ ယခင်လမ်းအကျယ် (၂၅)ပေ၀န်းကျင်ရှိပေမဲ့ ယခုအခါ (၁၅)ပေခန့်သာရှိကြောင်း၊ ဓါတ်တိုင်နဲ့ခြံစည်းရိုးမှာ (၃)ပေခန့်ကွာရမည်ဖြစ်ပြီး ယခုအခါခြံစည်းရိုးနဲ့ကပ်လျက်ရှိကြောင်း၊ ယာဉ်များ၊ မီးသတ်ကားများဝင်/ထွက် ရာတွင်ခက်ခဲခြင်း၊ ရေမြောင်းဂုံးကို ပြည်-ရန်ကုန်လမ်းမကြီးပေါ်သို့ (၅)ပေခန့်တိုးဆောက်ထားသည့်အတွက် ယာဉ်များဝင်/ထွက်ရာမှာ ခက်ခဲခြင်း၊
အိမ်ထောင်စု (၄၀၀)ကျော် ၀င်/ထွက်သွားလာရတဲ့ ဦးသော့ကျောင်းလမ်းနဲ့ဆက်စပ်လမ်းဖြစ်ခြင်း စတာတွေကိုတိုင်ကြားစာပို့သော်လည်း ဘယ်ဌာနမှ အရေးယူဆောင်ရွက်ပေးခြင်းမရှိသည့်အတွက် တိုင်ကြားသူပြည်သူများ ထူးကဲစွာခံစားရေခြင်း—
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့်ဝိုင်းမော်မြို့ကို ကူးသန်းရာမှာ ဗလမင်းထင်တံတားကို ကုန်တင်ယာဉ်အများဆုံး (၃၆)တန်သာတင်ဆောင်ခွင့်ပြုပေမဲ့ ဖြတ်သန်းသွားလာတဲ့ ကုန်တင်ယာဉ်များမှာတန် (၅၅)တန်မှ (၆၀)တန်ထိ ကားများဖြတ်သန်းပြီး တန်ပိုကြေး (၃၀၀၀၀)ပေးပြီးဖြတ်သန်းရခြင်း၊ ခံနိုင်ဝန်ထက်ပိုတဲ့ တန်ပိုကားများဟာတံတားပေါ်မှာ (၄စီးမှ ၅စီး) တန်းစီပြီးဖြတ်သန်းခြင်းကြောင့် တံတားကြီးရဲ့သက်တမ်းကို စိုးရိမ်ခြင်းကိစ္စ—
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် အင်ပင်ဒေသမှာ နေ့စဉ်ရပ်ကွက်တိုင်းမှာ မီးပျက်နေပြီး EPCမှတာဝန်ကျလိုင်း man များလည်းမလာတဲ့အတွက် ညတိုင်းမီးပျက်တဲ့ပြသာနာနဲ့ကြုံတွေ့ရခြင်း၊ မြို့နယ် EPC ကလည်းဝန်ထမ်းအင်းအားမလောက်ဘူးလို့ပြောတဲ့အတွက် ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်ဌာနမှတာဝန်ရှိသူများက ယခုအခြေအနေကိုဖြေရှင်းပေးစေလိုခြင်းကိစ္စ—
စတဲ့ အနယ်နယ်အရပ်ရပ်က ပေးပို့လာတဲ့စာများကို ဖတ်ကြားပေးမှာဖြစ်ပါတယ်။
တင်ဆက် – သီတာ၊ နေဇော်နိုင်
ရိုက်ကူး – အိသူဇာ၊ နန်းသိဂီင်္၊ Winကျော်သူ
တည်းဖြတ် – နန်းသိဂီင်္

Leave a Reply

  • (will not be published)