18-03-2015 Talk2DVB အစီအစဉ်-----၁၉၉၁ ထုတ်ပယ်ခံဝန်ထမ်းများအား ကရုဏာပင်စင်ပေးမယ်ဆိုလို့ အဆင့်ဆင့်လျှောက်ထားခဲ့ရာ တစ်နှစ်ခွဲခန့်ကြာပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ရဲ့ သဘောထားမှတ်ချက်အရ ကရုဏာပင်စင်မရနိုင်ကြောင်း အခုအသက် (၆၀)ကျော်ပြီမို့လို့ ကရုဏာပင်စင်ရဖို့ကူညီပေးစေလိုခြင်းကိစ္စ--- ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့နှင့် လေးမျက်နှာမြို့ မြို့ချင်းဆက် ကတ္တရာထပ်ပိုးလမ်းအပိုင်းမှာ ကတ္တရာလွန်စွာနည်းပါးခြင်းကြောင့် ကား၊ ထော်လာဂျီနှင့် ဆိုင်ကယ်မောင်းသွားရင် ဖုန်တထောင်းထောင်းတဲ့အတွက် ကတ္တရာလမ်းပျက်စီးခြင်းကိစ္စ---ပခုက္ကူနည်းပညာတက္ကသိုလ်မှာ ကျောင်းကခြံစည်းရိုးလည်းမရှိ၊ တံခါးလည်းမရှိ၊ လွင်တီးခေါင်ဖြစ်နေပြီး လမ်းကအစနဲ့အဆုံးပဲခင်းပြီး အလယ်ကိုမခင်းခြင်းနှင့် စိမ်းလန်းသာယာမှုမရှိခြင်းကိစ္စ--- ခေါင်းလောင်းသံကြားတာနဲ့ အမှိုက်တောင်းဆွဲ အမှိုက်သွန်မလို့ကြည့်လိုက်တာနဲ့ ကားနောက်ပြေးလိုက်ရတဲ့ ပျဉ်းမနားမြို့မှ အမှိုက်ပြိုင်ကားကိစ္စ--- ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်မှာ ချဲနှစ်လုံး၊ ဘောလုံးဒိုင်လောင်းကစားပွဲ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းနဲ့လိုင်စင်မဲ့ဇိမ်ခံကားများရောင်းဝယ်ခြင်း၊ သစ်ခိုးထုတ်ခြင်းစတဲ့ကိစ္စတွေမှာ ရဲတပ်ဖွဲ့ဝင်ဟောင်းများပါခြင်းကိစ္စ--- ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ်(၉)ရပ်ကွက် မဟာမြိုင်လမ်းမကြီးပေါ်မှာ သဲကားများမှ သဲမှုန့်များကျကျန်ခဲ့ခြင်းကြောင့် ပတ်ဝန်းကျင်လေကို ညစ်ညမ်းစေပြီး အဆုတ်နှင့်အရေပြားရောဂါနှင့်ပတ်သက်သောရောဂါများဖြစ်ပေါ်လာမည်ကိုစိုးရိမ်ခြင်းကိစ္စ--- လားရှိုးမြို့မှာ မ၀င်ရလို့သတ်မှတ်ထားတဲ့ ကုန်တင်ကားကြီးမြို့ထဲဝင်ခြင်းကြောင့် လမ်းများပိတ်ခြင်း၊ လိုင်စင်မဲ့ကားတွေမြို့လယ်ခေါင်မှာ စည်းကမ်းမဲ့ရပ်ထားခြင်းနှင့်ပတ်သက်ပြီး အရေးယူရန်ကိစ္စ--- ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့မှ တယ်လီဖုန်းလိုင်းများမှာ ပေါ်လိုက်ပျောက်လိုက်နဲ့ အခုတခါတော့ ပျောက်ပြီးပြန်ပေါ်မလာတာ (၅)လလောက်ရှိနေပြီဖြစ်တဲ့အတွက်အခုလိုပြောရခြင်းကိစ္စ---စတဲ့ အနယ်နယ်အရပ်ရပ်က ပေးပို့လာတဲ့စာများကို ဖတ်ကြားပေးမှာဖြစ်ပါတယ်။တင်ဆက်သူ - သီတာ၊ နေဇော်နိုင်ရိုက်ကူး - အိသူဇာ၊ နန်းသိင်္ဂီ၊ Winကျော်သူ

Posted by Talk2dvb on Tuesday, March 17, 2015

Talk2DVB (၁၈ မတ် ၂၀၁၅)

Posted by on in Talk2DVB, အပတ်စဉ်ကဏ္ဍ

Details

18-03-2015 Talk2DVB အစီအစဉ်—–
၁၉၉၁ ထုတ်ပယ်ခံဝန်ထမ်းများအား ကရုဏာပင်စင်ပေးမယ်ဆိုလို့ အဆင့်ဆင့်လျှောက်ထားခဲ့ရာ တစ်နှစ်ခွဲခန့်ကြာပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ရဲ့ သဘောထားမှတ်ချက်အရ ကရုဏာပင်စင်မရနိုင်ကြောင်း အခုအသက် (၆၀)ကျော်ပြီမို့လို့ ကရုဏာပင်စင်ရဖို့ကူညီပေးစေလိုခြင်းကိစ္စ—
ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့နှင့် လေးမျက်နှာမြို့ မြို့ချင်းဆက် ကတ္တရာထပ်ပိုးလမ်းအပိုင်းမှာ ကတ္တရာလွန်စွာနည်းပါးခြင်းကြောင့် ကား၊ ထော်လာဂျီနှင့် ဆိုင်ကယ်မောင်းသွားရင် ဖုန်တထောင်းထောင်းတဲ့အတွက် ကတ္တရာလမ်းပျက်စီးခြင်းကိစ္စ—
ပခုက္ကူနည်းပညာတက္ကသိုလ်မှာ ကျောင်းကခြံစည်းရိုးလည်းမရှိ၊ တံခါးလည်းမရှိ၊ လွင်တီးခေါင်ဖြစ်နေပြီး လမ်းကအစနဲ့အဆုံးပဲခင်းပြီး အလယ်ကိုမခင်းခြင်းနှင့် စိမ်းလန်းသာယာမှုမရှိခြင်းကိစ္စ—
ခေါင်းလောင်းသံကြားတာနဲ့ အမှိုက်တောင်းဆွဲ အမှိုက်သွန်မလို့ကြည့်လိုက်တာနဲ့ ကားနောက်ပြေးလိုက်ရတဲ့ ပျဉ်းမနားမြို့မှ အမှိုက်ပြိုင်ကားကိစ္စ—
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်မှာ ချဲနှစ်လုံး၊ ဘောလုံးဒိုင်လောင်းကစားပွဲ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းနဲ့လိုင်စင်မဲ့ဇိမ်ခံကားများရောင်းဝယ်ခြင်း၊ သစ်ခိုးထုတ်ခြင်းစတဲ့ကိစ္စတွေမှာ ရဲတပ်ဖွဲ့ဝင်ဟောင်းများပါခြင်းကိစ္စ—
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ်(၉)ရပ်ကွက် မဟာမြိုင်လမ်းမကြီးပေါ်မှာ သဲကားများမှ သဲမှုန့်များကျကျန်ခဲ့ခြင်းကြောင့် ပတ်ဝန်းကျင်လေကို ညစ်ညမ်းစေပြီး အဆုတ်နှင့်အရေပြားရောဂါနှင့်ပတ်သက်သောရောဂါများဖြစ်ပေါ်လာမည်ကိုစိုးရိမ်ခြင်းကိစ္စ—
လားရှိုးမြို့မှာ မ၀င်ရလို့သတ်မှတ်ထားတဲ့ ကုန်တင်ကားကြီးမြို့ထဲဝင်ခြင်းကြောင့် လမ်းများပိတ်ခြင်း၊ လိုင်စင်မဲ့ကားတွေမြို့လယ်ခေါင်မှာ စည်းကမ်းမဲ့ရပ်ထားခြင်းနှင့်ပတ်သက်ပြီး အရေးယူရန်ကိစ္စ—
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့မှ တယ်လီဖုန်းလိုင်းများမှာ ပေါ်လိုက်ပျောက်လိုက်နဲ့ အခုတခါတော့ ပျောက်ပြီးပြန်ပေါ်မလာတာ (၅)လလောက်ရှိနေပြီဖြစ်တဲ့အတွက်အခုလိုပြောရခြင်းကိစ္စ—စတဲ့ အနယ်နယ်အရပ်ရပ်က ပေးပို့လာတဲ့စာများကို ဖတ်ကြားပေးမှာဖြစ်ပါတယ်။
တင်ဆက်သူ – သီတာ၊ နေဇော်နိုင်
ရိုက်ကူး – အိသူဇာ၊ နန်းသိင်္ဂီ၊ Winကျော်သူ

Leave a Reply

  • (will not be published)