Talk2dvb အစီအစဉ် (၂-၆-၂၀၁၅)

Posted by on in Talk2DVB, အပတ်စဉ်ကဏ္ဍ

Details

သတင်းတွင် ဖတ်ကြားပေးပါဆိုတဲ့ခေါင်းစဉ်နဲ့ ရောက်ရှိလာတဲ့ တိုက်ပွဲကျ အမျိုးသားပင်စင်ထုတ်စားနေသော အသက်(၇၅) နှစ်အရွယ် မိခင်များကို နောက်အိမ်ထောင်မပြု့ကြောင်းထောက်ခံစာကို (၆)လတစ်ကြိမ် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံတွင် ယူရပါသောကြောင့် အိုမင်းနေသော မိခင်မှာ နောက်ထပ်အိမ်ထောင်မပြုတာသေချာနေပါပြီ ဒါကြောင့်ထောက်ခံစာတောင်းခံခြင်းကို အသက်ကန့်သတ်ချက်ထားပေးစေလိုခြင်းကိစ္စ— -Talk2DVB မှတဆင့် အထက်လူကြီးများသိရှိစေရန် တင်ပြခြင်းဆိုတဲ့ ပဲခူးတိုင်းဒေသကြီး အုတ်ဖိုတာဆံမှ တိမ်မြုတ်လမ်းအပေါ်တွင် သဖန်းအင်ချောင်းကူး ဘီလီတံတားမှာ ဖြတ်သန်းခကောက်ခံသူများက အများပြည်သူများကို မချေမငံနှင့် ကောက်ခံနှုန်းထားကိုလည်း ကြေငြာထားခြင်းမရှိပဲ ပြေစာမဖြတ်ခြင်းနှင့် ထင်ရာစိုင်းကောက်ခံနေသောကိစ္စ– -ဘယ်သူတွေပြင်ပေးမှာလဲဆိုတဲ့ ငါးဆူးတောင်ကို အမှတ်(၃) လမ်းဆုံမှဖြတ်ပြီးဝင်တဲ့လမ်းမှာ မြေသယ်ကားတွေ အုတ်သယ်ကားတွေ သစ်လုံးသယ်တဲ့ကားတွေကြောင့် လမ်းတွေပျက်စီးနေပါတယ် ဒါ့အဲပင် နေပြည်တော် အမြန်လမ်းမှ ငါးဆူးထောင်ကိုသွားရင်လည်း ကုန်တွေပါတဲ့ Light Truck တစ်စီး 1500 အိမ်စီး Hilux Surf ကားကိုတော့ 3000 တောင်းနေတော့ လမ်းကြေးတော့ ကောက်ခံပြီး ပျက်စီးနေတဲ့လမ်းကိုတော့ ဘယ်သူတွေပြင်မှာလဲ ဆိုသော အကြောင်း– -စစ်ကိုင်းတိုင်း မုံရွာတောင် အမြင့်သွားတဲ့လမ်းမှာ အလွန်ပေါက်ပြဲဆိုးရွားနေသော ကြောင့်ပြုပြင်ပေးစေလိုသောကိစ္စ– -မြန်မာနိုင်ငံက ဝန်ကြီးဌာနများက လုပ်တဲ့လုပ်ရပ်တွေကို မခံနိုင်လိုဆိုတဲ့ ကျောင်းဆရာတစ်ဦးရဲ့ရင်ဖွင့်စာ အခြေခံပညာကျောင်းကဆရာ/ဆရာမတွေနဲ့ ကျောင်းသားတွေကို နှိမ်လွန်းလိုပါဝန်ကြီးဌာနတွေ ဘာပဲ လုပ်လုပ် ဘာအလုပ်ပဲလုပ်လုပ် အခြေခံပညာကျောင်းမပါရင်လုပ်လို့မတတ်ဘူးလားလို့ မေးချင်ပါတယ်။ ပြီးခဲ့တာတွေကိုပြန်ကြည့်ရင် 2010 ရွေးကောက်ပွဲ၊ သန်းခေါင်စာရင်းကောက်ခြင်း၊ ပါတီများမဲဆွယ်ရင် စာသင်ကျောင်းကိုအသုံးပြုခြင်း၊ ကျေးရွာတွေမှာဆိုပိုဆိုးတယ် အခုလည်းလာပြန်ပြီ 2015 ရွေးကောက်ပွဲအတွက် ဆရာ/မတွေကို ခေါ်ပြန်ပြီ၊ အားကစားပွဲတွေဆိုလဲ ကျောင်းသား/သူတွေပါမှ ခိုင်းဖို့ဆိုရင် အခြေခံပညာကျောင်းများက ဆရာ/မတွေ၊ဖုန်းတွေခွဲတန်းချပေးမယ်၊ အိမ်ယာတွေချပေးမယ်၊ စသဖြင့် အခွင့်ရေးတွေဆိုရင် ပညာရေးက အခြေခံပညာဆရာ/မတွေမပါတော့ဘူးဆိုတဲ့အကြောင်း- – မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်က GTC ကျောင်းသားလေးတစ်ယောက်ကပို့ပေးတဲ့ ကျန်တော်တို့မြို့နယ်မှာ နွေရာသီရောက်ပီဆို အရန်မီးသတ်ကားများ ရေရောင်းစာနေကြသည်မှာ ရိုးရာဓလေ့ တစ်ခုလိုဖြစ်နေပါတယ်။ရေခွန်ဆောင်ကာ သုံးစွဲနေသော ကျန်တော်တို့မိသားစုနှင့်တကွ တခြားတခြားသောမိသားစုတို့တွင် ရေမလောက်ငှမှု ပြသာနာနှင့် ရင်ဆိုင်နေရပါတယ်။ မီးသတ်ကားမှ ရေဝယ်သုံးနေရပါတယ်။ တကယ့်တကယ် အရေးနဲ့ အကြောင်းနဲ့ ကြုံတွေ့တဲ့အခါတွေမှာဆို မီးသတ်ကားတွေမှာ ရေအဆင်သင့်ရှိမနေပါ။ ထို့ကြောင့် ရပ်ကွက်အလိုက် အရန်မီးသတ်များသည် ရေရောင်းစားဖို့ ဖွဲ့ထားကြသလားဟု မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တကွ မီးသတ်မှူးတို့အား မေးမြန်းချင်ပါတယ်- အစရှိသည်တို့ကို ဖတ်ကြားပေးမှာဖြစ်ပါတယ်—- တင်ဆက် – သီတာ၊ မျိုးသာထက် ရိုက်ကူး – အိသူဇာ၊ နန်းသိဂီင်္၊Winကျော်သူ တည်းဖြတ် -ဇော်မင်းထွေး

Leave a Reply

  • (will not be published)