Live – နယူးကလီးယား လက်နက်ကို အချိန်မရွေး အသုံးပြုနိုင်အောင် အသင့်ပြင်ထား

Posted by on in LIVE, သတင်း, နိုင်ငံတကာ

Details

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယား အပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေကို ဗုဒ္ဓဟူးနေ့မှာ တိုးမြှင့်လိုက်တဲ့ နောက်မှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းက နယူးကလီးယား လက်နက်ကို အချိန်မရွေး အသုံးပြုနိုင်အောင် အသင့်ပြင်ထားဖို့ သူ့စစ်တပ်ကို အမိန့်ပေးခဲ့ပါတယ်။ မြောက်ကိုရီးယားက ရန်သူလို သဘောထားပြီး လက်ဦးမှုယူ တိုက်ခိုက်မယ့် နိုင်ငံတွေထဲမှာ ဂျပန် အပြင် တောင်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုတို့ ပါဝင်ပါတယ်။ မြောက်ကိုရီးယားရဲ့ စစ်ရေးပြင်ဆင်မှု သတင်းတွေက နိုင်ငံတကာသတင်းတွေမှာ နေရာယူလာတာတွေ့ နေရပါတယ်။ အခုလို အခြေနေတွေ နဲ့ ပက်သက်ပြီး နိုင်ငံတကာသတင်းတွေ တင်ဆက်နေတဲ့ ဦးနေသွင်ကို တိုက်ရိုက်မေးမြန်းကြည့်ပါမယ်။
DVB TV Live – 04.03.2016

Leave a Reply

  • (will not be published)