” ရေကြီးမှု၊ ရေဘေးဖြစ်စဉ်တွေကို ဘယ်လိုကိုင်တွယ်မလဲ ” DVB TV

Posted by on in DVB Debate

Details

DVB TV – “ရေကြီးမှု၊ ရေဘေးဖြစ်စဉ်တွေကို ဘယ်လိုကိုင်တွယ်မလဲ”

Environment က ချက်ချင်း ကုလို့မရဘူး… Environment က တဖြည်းဖြည်း ပျက်လာတာ.. ပြန်ကုရင်လည်း အချိန်အများကြီး ယူရတယ်… အခု တောပျက်တယ်… အဓိကကတော့ မိုးရွာရင် ရေမထိန်းနိုင်ဘူးပေါ့… ရေမထိန်းနိုင်ရင် ရေကြီးတာပဲလေ… (ဦးစောထွန်းခိုင် – အလုပ်အမှုဆောင်ဒါရိုက်တာ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့)
ကျနော်တို့ ကျေးလက်နေ ပြည်သူတွေက ဘယ်လိုဖြစ်နေလဲဆိုတော့… အခုထက်ထိ ကံကိုပဲ ယုံနေကြတယ်… လယ်တွေစိုက်လိုက်တယ်… နောင်နှစ်ကျရင် ရေမလာလို့ ကံကောင်းရင်တော့ တို့တွေရမှာပဲဆိုပြီး လုပ်တယ်… ကျနော်က ပြည်သူတွေကို ပြောတယ်… ဒါက ကံကိုယုံလို့ မရတော့ဘူး.. နှစ်စဉ်ဖြစ်လာပြီ ဖြစ်တဲ့အတွက် လာမယ့်နှစ်တွေမှာ မိုး/ဇလ သတင်းကို နားထောင်မယ်… မြစ်ရေကြီးခြင်းသတင်းကို နားထောင်မယ်.. ပြီးရင် အိမ်တွေကို ရေလွတ်တဲ့ အဆင့်လောက်ကို မြှင့်ထားရမယ်… မိုး/ဇလကလည်း တိကျခိုင်လုံတဲ့ သတင်းအချက်အလက်တွေကို ပေးရမယ်… (ဦးမျိုးညွှန့် – ဧရာဝတီတိုင်းဒေသကြီး – ရေကြည်လွှတ်တော်ကိုယ်စားလှယ်၊ မဲဆန္ဒနယ် – ၁)

မနှစ်ကလည်း ဖြစ်တယ်… ဒီနှစ်လည်း ပြန်ဖြစ်တယ်… ရာသီဥတု ပြောင်းလဲမှုအပေါ်မှာ နောင်နှစ်တွေလည်း ဒီထက်မက မဖြစ်လာနိုင်ဘူးလို့ ပြောလို့မရဘူး… ဒီလိုမျိုး ဆက်ဖြစ်လာမယ်ဆိုရင် ဒီ့ထက် ဆုံးရှုံးမှုတွေ၊ ထိခိုက်မှုတွေ လျော့နည်းအောင်… ကျနော်တို့ ဘယ်ကဏ္ဍကနေ ဘယ်ရှုထောင့်ကနေ၊ ဘယ်အဖွဲ့အစည်း ဘယ်ဌာနကနေ အောက်ခြေအထိ ကျနော်တို့ ပူးပေါင်းပါဝင်မှုတွေလည်း တော်တော်များများ လိုအပ်ပါတယ်… သူတို့ဘက်ကတော့ ကြိုတင်သတိပေးချက်တွေ ထုတ်နေတဲ့အချိန်မှာ ခုနက လွှတ်တော်ကိုယ်စားလှယ် ပြောသလိုပေါ့… ရပ်ရွာအဆင့်ထိ မရောက်ဘူးဆိုတဲ့ဟာ… တကယ်ရောက်ဖို့အတွက် ကျနော်တို့ ကြားထဲမှာ ပေါင်းကူးတံတားအနေနဲ့ ဘယ်သူတွေ တာဝန်ရှိသလဲ… (ဦးဟုန်းလင်း – အမျိုးသားအဆင့် နည်းပညာအကြံပေး၊ မြန်မာနိုင်ငံရာသီဥတုပြောင်းလဲရေးဆိုင်ရာပူးပေါင်းအဖွဲ့)

ရင်ဆိုင်ဖို့ဆိုတာတော့ ကြိုတင်ပြင်ဆင်မှုက အကောင်းဆုံးပေါ့… မိုးလေဝသ အချက်အလက် သတင်းတွေကို နားထောင်ရမယ်… ဥပမာတစ်ခုပေါ့ သံလွင်မြစ်ကမ်းဘေးမှာ တာဝန်ကျတယ်… ရေကြီးမှုကိုကာကွယ်ဖို့ သတိပေးချက်… မြစ်ရေစောင့်ကြည့်တဲ့ စနစ်တွေ လုပ်ဖို့လုပ်တယ်… ပြည်သူတွေက များသောအားဖြင့် လက်မခံဘူး… ဘာဖြစ်လို့လဲဆိုတော့ သူတို့က ဒီရေဝင်မှ နုန်းတင်ပြီးတော့ စိုက်ပျိုးရေးကောင်းတယ်တဲ့… ဒီလို awareness မျိုးပေါ့နော်… (ဦးလှထွန်း – ဒုတိယညွှန်ကြားရေးမှူး၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီဌာန)

Leave a Reply

  • (will not be published)