DVB TV – “ရှေးဟောင်းအမွေအနှစ်တွေ ဘယ်လိုထိန်းသိမ်းမလဲ”

Posted by on in DVB Debate

Details

DVB TV – “ရှေးဟောင်းအမွေအနှစ်တွေ ဘယ်လိုထိန်းသိမ်းမလဲ”
“ငလျင်ဒဏ်တွေကတော့ အကြိမ် ၂၀ ကျော်လောက် ဒီပုဂံဘုရားတွေက ခံထားရပြီးပြီဆိုတာမျိုးကို သမိုင်းကြောင်းအရ သိနိုင်ပါတယ်… သို့သော်လည်းပဲ နံရံပန်းချီတွေ ပျက်စီးတာ၊ ဒီအောက်တွေမှာ လူတွေ ကျွဲနွားတွေ ဝင်ပြီးတော့ နေခဲ့တာ၊ နောက်ပြီးတော့ ခေတ်အဆက်ဆက်မှာ ပြန်လည်တည်ဆောက်ခဲ့တဲ့ နေရာမှာ နည်းပညာစနစ် အမှားအယွင်းတွေ ရှိခဲ့တာ၊ အဆုံးအဖြတ်မှားတွေ ရှိခဲ့တာကြောင့်လည်း ပုဂံဘုရားတွေက ပိုပြီးတော့ ပျက်ရတယ်လို့ ကျွန်မအနေနဲ့ ယူဆပါတယ်…” (ဒေါ်ဥမ္မာမျိုး – ယဉ်ကျေးမှုဆိုင်ရာ အစီအစဉ် အရာရှိ – ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့)
“နှစ်အပိုင်းအခြားနဲ့ပြောရင် ပိုမှန်မယ်… ၁၉၆၀ မတိုင်ခင်ကတော့ သဘာဝဘေးဒဏ်ကြောင့် အပျက်အစီးများတယ်… ၁၉၆၀ ရဲ့ ဒီဘက်ပိုင်းမှာ ဆိုရင်တော့ လူတွေရဲ့ ပယောဂတွေကြောင့် ပျက်စီးတာတွေက ပိုများလာနေပါတယ်… နောက်တစ်ခုကတော့ ပုဂံကို အခြေပြုပြီးတော့ ပုဂ္ဂလိက စီးပွားရေးအတွက် ပုဂံဒေသကို အခြေလာစိုက်တာတွေက ၁၉၆၀ နောက်ပိုင်းမှာ များပါတယ်… အဲ့ဒီ့ ပုဂ္ဂလိက စီးပွားရေးအတွက်နဲ့ ပုဂံရဲ့ ပတ်ဝန်းကျင်အခြေအနေတွေ ပျက်သွားတာတွေကတော့ ကျွန်တော့်အမြင်ဆိုရင် ပိုများတယ်လို့ ထင်ပါတယ်…” (တမ္ပ၀တီ ဦးဝင်းမောင် – မြန်မာမှု ဗိသုကာပညာရှင်)

“ဧဒင်ဟိုတယ်ထဲမှာဆိုရင် ဘောင်းကူးဘုရားတွေ တကယ့် ယဉ်ကျေးမှုအမွေအနှစ်လက်ရာတွေနဲ့ နံရံဆေးရေးပန်းချီတွေနဲ့ ဘုရားတွေလည်း အမြောက်အများ ရှိပါတယ်… ဒီလို ဘုရားတွေကို ဒေသခံတွေရော၊ နိုင်ငံခြားကလာတဲ့ ခရီးသွားဧည့်သည်တွေရော ဝင်ရောက် ဖူးမြှော်၊ လေ့လာ၊ မှတ်တမ်းယူခွင့်တွေ လုံးဝကို ဆုံးရှုံးနေပါတယ်… တာဝန်မှအပ မဝင်ရပါ…” (ဦးဆန်းမင်း – Save Bagan အင်အားစု)
“ဟိုတယ်တွေက အရင်တည်းကလည်း ရှိလာခဲ့တယ်… နှစ် ၂၀ လောက်ရှိပြီ… ပျက်စီးမှုတွေကတော့ ရှိနေမှာပဲ… အခုဆက်ဆောက်နေတဲ့ ဇုန်ထဲမှာရှိတဲ့ ဟိုတယ်တွေကိုလည်း ဆက်မဆောက်ဖို့ ကျွန်တော်တို့က တားမြစ်ထားတယ်… နောက်ဒါမျိုး အဖြစ်အပျက်တွေ မဖြစ်လာအောင်၊ မပေါ်လာအောင် ကာကွယ်တဲ့အနေနဲ့… ဒါတွေကို ဥပဒေနဲ့လည်း တားဆီးမယ်… နောက်အချိန်မှာလည်း ဆက်ပြီး မဖြစ်လာအောင် Management Plan မှာ ထည့်သွင်းရေးဆွဲသွားမှာ ဖြစ်ပါတယ်…” (ဦးသိန်းလွင် – ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရှေးဟောင်းသုတေသနှင့် အမျိုးသားပြတိုက်ဦးစီးဌာန – သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန)

“ကျွန်တော်တို့ ၂၄ ရက်နေ့ ငလျင်လှုပ်ပြီး နောက်ပိုင်းမှာ ခရိုင်ဦးစီးတို့၊ မယက၊ ခရကနဲ့ ဌာနဆိုင်ရာများကနေပြီးတော့ အဖွဲ့အစည်းတွေ ဖွဲ့စည်းကြတယ်… ဖွဲ့စည်းလိုက်တဲ့ အဖွဲ့အစည်း ၁၁ ဖွဲ့ ရှိတယ်လို့ ပြောတယ်… ၁၁ ဖွဲ့က သူ့အဖွဲ့အစည်းရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ တာဝန်တွေကို ပီပီပြင်ပြင်၊ တိတိကျကျ လုပ်ဆိုင်နိုင်သလား ၁ အချက်က… အဖွဲ့ပဲ အမည်ခံထားမယ် လက်တွေ့မှာ ဘာမှ ဝင်ရောက်လုပ်ကိုင်မှု မရှိပဲနဲ့ အချိန်ပြည့်စားပွဲပေါ်ထိုင်ပြီးတော့ စည်းဝေးနေလို့ကတော့ ဘာမှ မလုပ်မဖြစ်ဘူး…” (ဦးခင်မောင်နု – ဥက္ကဋ္ဌ၊ ပုဂံဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့)

Leave a Reply

  • (will not be published)