DVB TV – “အခြေခံသင်ရိုးနဲ့ သင်ကြားရေးစနစ် ဘယ်က စပြောင်းမလဲ”

Posted by on in DVB Debate

Details

DVB TV – “အခြေခံသင်ရိုးနဲ့ သင်ကြားရေးစနစ် ဘယ်က စပြောင်းမလဲ”

“လက်ရှိပညာရေးဌာနကနေ အရင် ကျမတို့တွေပါခဲ့တဲ့ လုပ်ခဲ့တဲ့ ဝေဖန်ပိုင်းခြားသုံးသပ်တတ်တဲ့ စနစ်ကို ဦးစားပေး သင်ပေးမယ့် သင်ရိုးကို မဖျက်ဘဲ ဆက်သုံးမယ်လို့ ကြားတယ်။ အဲအတွက် အင်မတန်လည်း ဂုဏ်ယူပါတယ်။ သင်ရိုး စာအုပ်တွေကိုလည်း ပုဂ္ဂလိကကို ရိုက်နှိပ် ရောင်းချခွင့် မပေးဘဲ နိုင်ငံတော်က ပြန်ရောင်းချပေးသင့်တယ်လို့ မြင်တယ်”
ဒေါက်တာ ရင်ရင်နွယ် – သမ္မတပညာရေး အကြံပေးအဖွဲ့ခေါင်းဆောင်(၂၀၁၄-၂၀၁၆ မတ်)၊ ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီဝင်ဟောင်း

“ပညာရေးဝန်ကြီးပြောတဲ့ စကားတွေ ကြားရတာ စိတ်မချမ်းသာဘူး။ ဆရာ/ဆရာမတွေကို စွမ်းဆောင်ရည်ညံ့ရင် အဝေးကို ပို့မယ်ဆိုတော့ အဝေးက ကျေးလက်ဒေသတွေမှာ နေကြတဲ့ လူတွေကရော ကျနော်တို့ ကလေးတွေ လူတွေပဲ မဟုတ်ဘူးလား”
ကောင်းဆက်နိုင် – စာရေးဆရာ/ကျောင်းဆရာ(ငြိမ်း)

“ကျနော်တို့ ကရင်ပညာရေးဌာနမှာ ဆရာ၊ ဆရာမတွေကို နှစ်စဉ်ကို မွမ်းမံသင်တန်းလုပ်တယ်။ ဆရာ၊ ဆရာမတွေက ကရင်လို သင်တယ်.ကျနော်တို့ ပညာရေးမှာ စဉ်းစားရင် တတိုင်းပြည်ထဲစဉ်းစားလို့မရဘူး. အာဆီယံဒေသ အခြေအနေ၊ ကမ္ဘာ့အခြေအနေတွေပါ ထည့်စဉ်းစားဖို့ လိုပါတယ်”
စောလားစေး – ဌာနမှူး၊ ကရင်ပညာရေးဌာန

“အတန်းတိုင်း အတန်းတိုင်းမှာ ဗမာစာက အခက်အခဲ မဟုတ်ဘူး သင်ရိုးတွေက မြန်မာမှုတွေဖြစ်နေတယ်. တိုင်းရင်းသားကလေးတွေက ဆွမ်းအုပ်နီနီအမေရွက်လို့ ဆိုတာကို သူတို့ နားမလည်ဘူးဗျာ. မြန်မာသင်ရိုးတွေကို ဘာသာပြန်တဲ့စနစ်နဲ့ သွား မသင်ပါနဲ့. တိုင်းရင်းသားကလေးတွေမှာ ဆိုက်ကိုဖြစ်နေတယ် အဟောသိကံတွေဖြစ်နေတယ် အဟောသိကံဆိုတာက ကျောင်းထွက်ကြတာကို ပြောတာဗျာ။”
လူကြီးသူမများအဖွဲ့၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်

“ဆရာတို့ပြောနေတာမှာ တိုင်းရင်းသားဘာသာစကား သင်ကြားခွင့်နဲ့ မိခင်ဘာသာစကားအသုံးချ သင်ကြားမယ့် စနစ်က မတူပါဘူး. ဒီလိုသာဆို ကျမတို့ မန္တလေးလို နေရာမျိုး.လားရှိုး၊ နမ့်ဆမ်လို ဒေသမှာ တရုတ်စကား သင်ရမှာလား? အမျိုးသားရေးက ရှိသေးတယ်လေ”
ဒေါက်တာ ရင်ရင်နွယ် – သမ္မတပညာရေးအကြံပေးအဖွဲ့ခေါင်းဆောင်(၂၀၁၄-၂၀၁၆ မတ်)၊ ပညာရေးမြှင့်တင်မှုအကောင်အထည်ဖော်ရေးကော်မတီဝင်ဟောင်း

“KG သင်ရိုးညွှန်းတန်းတွေ ပြောင်းလိုက်တာ အရမ်းကောင်းပါတယ် ကလေးတွေက ကျောင်းမတက်ရ မနေနိုင်အောင်ကို သင်ရိုးတွေ သင်နည်းစနစ်တွေ အောင်မြင်ပါတယ်. ဒီအတိုင်းပဲ ပထမတန်းကနေ ၁၀ တန်းအထိ ပြောင်းလဲကြဖို့ လိုပါတယ်”
ဒေါက်တာ ခင်ယုနွယ် – ဆီလီကွန် ပုဂ္ဂလိက အထက်တန်းကျောင်း

“သင်ကြားမှုစနစ်ကောင်းဖို့ရာ ဆရာ/ဆရာမတွေ ခြစားတာတွေလည်း တိုက်ဖျက်ရမယ်။ သင်ရိုးတွေနဲ့ပတ်သက်လို့လည်း ဆရာ/ဆရာမတွေကို သင်တန်းပေးရမယ်။ စာသင်ခန်းတွေ တိုးချဲ့ဆောက်ပေးရမယ် တတန်းကို ကျောင်းသား ၂၀လောက်ပဲ ထားပါ. ကျောင်းသား အယောက် ၅၀-၆၀ ဟာ အင်မတန်များပါတယ်”
ဒေါက်တာ ရင်ရင်နွယ် – သမ္မတပညာရေးအကြံပေးအဖွဲ့ခေါင်းဆောင်(၂၀၁၄-၂၀၁၆ မတ်)၊ ပညာရေးမြှင့်တင်မှုအကောင်အထည်ဖော်ရေးကော်မတီဝင်ဟောင်း

Leave a Reply

  • (will not be published)