“အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေ ယခုထက်ပိုလျင်မြန်လာအောင် ဘယ်လိုဖြေရှင်းမလဲ?” DVB TV

Posted by on in DVB Debate

Details

DVB TV – “အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေ ယခုထက်ပိုလျင်မြန်လာအောင် ဘယ်လိုဖြေရှင်းမလဲ?”

သိပ်ပြီးတော့ ကျွန်တော်တို့ နှမြောဖို့ကောင်းတာ… ရန်ကုန်မြို့မှာ တန်ဖိုးမဖြတ်နိုင်တဲ့ မြို့ပတ်ရထားလမ်းကြီး ရှိတယ်… နိုင်ငံတကာကို ကြည့်ရင် ရထားသယ်ယူပို့ဆောင်ရေးဟာ အင်မတန် အောင်မြင်နေတယ်… ကျွန်တော်တို့ ဒီဟာက မြေကြီးပေါ်မှာ ချထားပြီးတော့ လမ်းဆုံပေါင်းများစွာကိုဖြတ်… ပြီးရင်အချိန်မမှန် ပြီးရင် ဘက်စ်ကားနဲ့ ကားနဲ့ကို ချိတ်ဆက်မှု မရှိဘူး… (ဦးသန်းဝင်း – တွဲဖတ်အတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့)
Traffic Management System ပေါ့… အဓိကကတော့ ယာဉ်ကြောနဲ့ ပတ်သက်ပြီး နည်းပညာတွေ ဒီ့ထက်သုံးနိုင်မယ့် စနစ်ပေါ့… ဒါတွေမရှိလို့ ယာဉ်ထိန်းရဲ သုံးရတာ… လုပ်သင့်လုပ်ထိုက်တဲ့ အချိန်မှာ လုပ်သင့်လုပ်ထိုက်တဲ့ဟာတွေ မလုပ်ခဲ့လို့ ဖြစ်တာ… အရင်အစိုးရလက်ထက်မှာ Transport Authority ဆိုပြီး ဖွဲ့တယ်… လုပ်တာက ဘာလဲဆိုတော့ ဒီပြဿနာတွေ ရှင်းဖို့… ဒါပေမယ့် ဖွဲ့ချလိုက်တယ်… ပို့ဆောင်ရေးအကြောင်း နားမလည်တဲ့သူတွေက ထိပ်ဆုံးမှာ အကုန်လုံးပါတယ်… (ဦးကိုကို – စက်မှုတက္ကသိုလ် – သတင်းစာဆရာ)
အရင်တုန်းကလည်း without တွေကို လိုင်စင်ပေးတယ် လိုင်စင်ပေးတယ်ဆိုပြီး တတိုင်းပြည်လုံးပေးတယ်… ရပ်မယ် ရပ်မယ်ဆိုပြီးတော့လည်း ရပ်ခဲ့တယ်… ဒါပေမယ့် တစ်နေ့ကျ လိုင်စင်ပေးမှာပဲ ဆိုပြီးတော့ ဒီသံသရာကြီးက ဆုံးမှာ မဟုတ်ဘူး… ကျွန်တော် အဲ့အဆိုကို သဘောမတူဘူး… (ဦးဘိုစိုး – လက်ထောက်အထွေထွေမန်နေဂျာ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့)
အများပိုင်ယာဉ်လိုင်း ပြောင်းမယ်ဆိုတော့ ကျွန်တော်တို့က တကယ်ကိုပါဝင်ချင်တာ… ယာဉ်ပိုင်ရှင်တွေက တကယ် ပါဝင်ချင်တာ… ရင်နဲ့ရင်းပြီး ပါဝင်ချင်တာ… ဘာဖြစ်လို့ ပါဝင်ချင်လဲဆိုတော့ ကျွန်တော်တို့ ပိုက်ဆံက ကျွန်တော်တို့ မရဘူး… ဓားပြတွေ လက်ထဲက ကျွန်တော်တို့ရတာ… ဒါပေမယ့် ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဘာဖြစ်လာလဲဆိုတော့ အများပိုင်စလုပ်တာ အလွဲက စလုပ်တယ်… (ဦးကိုကိုနိုင် – ၃၁ ယာဉ်လိုင်းပိုင်ရှင်တစ်ဦး)
အဲ့ဒါကတော့ ကျွန်တော်တို့ မြန်မာလူမျိုးက ရှိကိုရှိတယ်ဗျ… လစ်ရင်လစ်သလို ကူးတာပဲ… တော်တော်များများက ကူးတယ်… ဖမ်းတာနဲ့ လမ်းကူးတဲ့သူကို ပြောင်းလဲဖို့ကျတော့ ခက်တယ်… ဖမ်းတယ်ဆိုတာ လွယ်ပါတယ်… ကျွန်တော်တို့ အခြေခံစိတ်ဓာတ်ပြောင်းဖို့ လိုတယ်ဗျ… နောက်ပြီးတော့ ကျွန်တော်တို့ကလည်း စည်းကမ်းပျက်တဲ့ဟာတွေချည်းပဲ ယာဉ်ထိန်းတွေ လိုက်ဖမ်းနေမယ်ဆိုရင် ယာဉ်ကြောရှင်းဖို့အတွက် အချိန်ကို မရဘူး… (ရဲမှူးသန်းမြင့် – ဒု တပ်ဖွဲ့ခွဲမှူး၊ အမှတ် ၆ ယာဉ်ထိန်းရဲတပ်ဖွဲ့)

အစိုးရက အကြွေးယူဖို့မတွန့်နဲ့… ကြွေးယူတာက အခု ၉ ဘီလီယံလောက် ရှိတယ် ဆိုပေမယ့်လို့ ဆပ်နိုင်ဖို့ အရေးကြီးတယ်… ကျွန်တော်တို့ အခုအထင်ကြီးနေတဲ့ ကိုရီးယားတို့၊ အာဂျင်တီးနားတို့၊ ဘရာဇီးတို့ဆိုတာ ကြွေးတွေယူပြီးတော့ သူတို့နိုင်ငံကို သူတို့ တည်ဆောက်ခဲ့ကြတာ… ဒါပေမယ့် ကျွန်တော်တို့ထက် စနစ်ကောင်းတယ်ပေါ့ဗျာ… ရီစရာများဖြစ်မလား… စော်ကားရာများရောက်မလား… ကျွန်တော်တို့လို ဇီးသီးဗန်းတွေ မရှိတော့ အောင်မြင်တာပေါ့… (ဦးဘိုစိုး – လက်ထောက်အထွေထွေမန်နေဂျာ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့)
ကျွန်တော်တို့ အများပိုင်ယာဉ်လိုင်း ပြေးဆွဲမယ်လို့ လုပ်တဲ့နေရာမှာ အခုလက်ရှိပြေးဆွဲနေတဲ့ ယာဉ်ပိုင်ရှင်တွေ ဘယ်လိုအခန်းကဏ္ဍက ပါဝင်လို့ရမှာလဲ… ကျွန်တော်တို့ လက်ရှိ လိုင်းကြပ်နေတယ်လို့ ပြောပါတယ်… ကုမ္ပဏီတစ်ခုကို အစီးနှစ်ရာလောက်ပေးမယ်ဆိုတဲ့ အသံတွေကြားနေပါတယ်… အဲ့ဒီလို သွင်းရင် ကျွန်တော်တို့ ဘယ်နေရာက ပြေးမလဲ… ကျွန်တော်တို့က ဖယ်ပေးရမှာလား… စစ်အစိုးရလက်ထက်မှာ ကျွန်တော်တို့က ၁ ရာခိုင်နှုန်း ခေါင်းပုံဖြတ်တာကို ခံရတယ်… အခု ဒီအစိုးရတက်လာမှ ကျွန်တော်တို့ ယာဉ်ပိုင်ရှင်တွေ လည်ပင်းဖြတ်တဲ့အဆင့် ဖြစ်သွားမှာလားဆိုတာ… အဲ့ဒါလေးတစ်ခု စဉ်းစားပေးဖို့ပါ… (ယာဉ်ပိုင်ရှင်တစ်ဦး)

Leave a Reply

  • (will not be published)