DVB TV – အစိုးရသစ်နှင့် ရက် ၁၀၀အတွင်း စိန်ခေါ်ချက်များ

Posted by on in DVB Debate

Details

DVB TV – အစိုးရသစ်နှင့် ရက် ၁၀၀အတွင်း စိန်ခေါ်ချက်များ
“လျှပ်စစ်ကိစ္စနဲ့ ကျွန်တော် ပြောချင်တာက အရင်အစိုးရက သူ့ဟာနဲ့သူ ရေရှည်စီမံကိန်းကြီးတွေ ချသွားတာရှိတယ်… အဲ့တော့ အရေးကြီးတာက လာမယ့် ငါးနှစ်အတွင်းမှာ လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ဆိုရင် အရင်အစိုးရ လုပ်သွားတာတွေက အမှန်ကြီးပဲလား… ရေအားလျှပ်စစ်ကို ဘယ်လောက်သုံးမယ်… သဘာဝဓာတ်ငွေကို ဘယ်လောက်သုံးမယ်… ကျောက်မီးသွေးကိုရော မသုံးဘူးလား သုံးမလား… အဲ့ဒါမျိုး plan တွေ တိတိကျကျ ချပြပြီးတော့မှ ရေတိုအနေနဲ့ ရက်တစ်ရာအတွင်းမှာ ဘာလုပ်ပြီးတော့ ဘာလုပ်မယ် ဆိုပြီး မူဝါဒအတိုင်း အကောင်အထည်ဖော်တာမျိုးတွေ မရှိခဲ့ဘူး…”
(ဦးစည်သူအောင်မြင့် – သတင်းစာဆရာ)
“ဝန်ကြီးဌာနတွေက ကိုယ့်ဟာကိုယ် တာဝန်ခံမှု ရှိရမယ်… အဲ့တော့ ဝန်ကြီးဌာနတွေအနေနဲ့ ပေါင်းစည်းလိုက်တဲ့အခါမှာ တာဝန်တွေ အရမ်းများသွားတယ်… ဝန်ကြီးလည်း တစ်ယောက်တည်းရှိတဲ့ ဝန်ကြီးဌာနတွေ ရှိတယ်… အဲ့အပေါ်မှာလည်း အားနည်းချက်ရှိတယ်လို့ မြင်တယ်… ဝန်ကြီးဌာနတွေ အားရှိလာအောင်ပေါ့… ဒုဝန်ကြီးတွေ ခန့်သင့်တဲ့နေရာခန့်… ဦးစီးဌာနတွေမှာ ဝန်ထမ်းတွေ အများကြီးတိုးပေး… အဲ့လို လုပ်နိုင်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မျှော်မှန်းချက်အတိုင်းပေါ့နော်… ဒီအစိုးရအဖွဲ့က အလုပ်လုပ်နိုင်လိမ့်မယ်…”
(ဦးဖေသန်း – ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ရခိုင်အမျိုးသားပါတီ)

“ကျွန်တော်တို့အနေနဲ့ အရင်ကြုံဖူးတဲ့ဟာထက် ပိုပြီးတော့တောင် အမေးခံရပါတယ်… အဓိက အားဖြင့်တော့ လျှပ်စစ်မီးရရှိရေး… ကျေးရွာတွေ နယ်ပေါင်းစုံက လွှတ်တော်ကိုယ်စားလှယ်တွေကလည်း သူတို့ကျေးရွာတွေ မီးလင်းဖို့အတွက် အဆိုတွေ တင်ပြတာတွေ ရှိတယ်… အရင်ထက်တောင် ပိုများပြီးတော့ ပိုစိပ်နေတယ်…”
(ဦးမင်းမင်းဦး – လက်ထောက်အတွင်းဝန်၊ လျှပ်စစ်နျင့် စွမ်းအင်ဝန်ကြီးဌာန)

Leave a Reply

  • (will not be published)