DVB TV – စားသုံးသူအခွင့်အရေးဘာတွေရရှိနေလဲ

Posted by on in DVB Debate

Details

DVB TV – စားသုံးသူအခွင့်အရေးဘာတွေရရှိနေလဲ
“စားသုံးသူအခွင့်အရေးကို ဘာကြောင့်မရသေးလဲဆိုရင် ကျွန်တော်တို့တိုင်းပြည်က နှစ်ပေါင်းများစွာ အမှောင်ကာလမှာ ရှိခဲ့တယ်… နောက်ပြီးတော့ Consumer Rights ကို အခုမှ ကြားလာတာ… ဦးစီးဌာနဖွင့်တာလဲ သိပ်မကြာသေးဘူး… အဲ့တော့ ကျွန်တော်တို့ဆီမှာက စားသုံးသူဆိုင်ရာပညာရေးက ပြည်သူလူထုမှာ ကောင်းကောင်းမရှိခဲ့ဘူး… အဲ့လို မရှိခဲ့သလိုပဲ အုပ်ချုပ်မင်းလုပ်တဲ့ အစိုးရတွေမှာလည်း မရှိဘူး… မရှိတဲ့အခါကျတော့ ကျွန်တော်တို့က တော်တော်ကျန်ခဲ့တယ်… အခုမှ ဒါကို ပြန်လုပ်နေတာလေ…” (ဦးမောင်မောင် – အတွင်းရေးမှူး၊ မြန်မာနိုင်ငံစားသုံးသူများသမဂ္ဂ)
“စားသုံးသူအခွင့်အရေး ချိုးဖောက်ခံရမှုထဲမှာ ကလေးတွေချိုးဖောက်ခံရတာ အဆိုးဆုံး ဖြစ်နေပါတယ်… ကလေးတွေက စားသုံးသူဆိုတာလဲ သူတို့မသိဘူး… စားသုံးသူအခွင့်အရေးဆိုတာလဲ လုံးဝမသိဘူး… မသိတော့ မိဘပေးလိုက်တဲ့ မုန့်ဖိုးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီးတော့ သူ့ရှေ့မှာရှိတဲ့ စားကောင်းတဲ့ စားချင်တဲ့ဟာကို သူက ဝယ်စားလိုက်တာပဲ… ဒီနေရာမှာ အန္တရာယ်ရှိတဲ့ ပစ္စည်းပါမပါလဲ သူတို့မသိဘူး… နောက်တစ်ခုက သန့်ရှင်းသပ်ရပ်မှု ရှိမရှိလဲ သူတို့မသိဘူး… မသိတဲ့အခါကျတော့ ကလေးအစားအသောက် ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တချို့ရဲ့ လုပ်ချင်တာလုပ်တာကို သူတို့က ခံနေကြရတယ်… ဒါတွေကို အကာအကွယ် မပေးနိုင်ရင်တော့ မျိုးဆက်တွေ ဒုက္ခရောက်မှာပဲ…” (ဒေါက်တာကျော်ဆွေ – မုန့်တိုက်ပွဲလှုပ်ရှားမှုဦးဆောင်သူ)

“ခုနက ပြောတဲ့ တိုင်မှဆိုတာကလည်း အဓိပ္ပာယ် မရှိဘူးလေ… အခြေခံထုတ်လုပ်တဲ့ နေရာတွေမှာ စကတည်းက စံချိန်စံညွှန်း ပြည့်မှီဖို့ လိုအပ်ပါတယ်… ဟိုတလောကပဲ သတင်းစာထဲပါတယ်… ဆီထုတ်တဲ့ ကုမ္ပဏီတစ်ခုက နာမည် သုံးခု၊ လေးခုနဲ့ ထုတ်တယ်… ဒါပေမယ့် သူ့မှာ ဆီထုတ်တဲ့စက်ရုံ မရှိဘူး… စားအုန်းဆီတွေ ဝယ်ပြီးတော့၊ ရောပြီးတော့ ရောင်းနေတယ်… နှစ်ပေါင်းကြာပြီ အရေးမယူဘူး… အဲ့ဒါတွေက ဘာလဲဆိုရင် မိဘလိုနေတဲ့ အစိုးရကိုယ်တိုင်မှာကိုက စနစ်တကျနဲ့ စီမံခန့်ခွဲတက်ဖို့ လိုတယ်လို့ ကျွန်တော်ပြောချင်ပါတယ်…” (ပရိသတ်တစ်ဦး)
“အခုလက်ရှိမှာ ဖြစ်နေတဲ့ ပြဿနာက စားအုန်းဆီနဲ့ Chemical နဲ့ ရောပြီး ပဲဆီအစစ်ပါဆိုပြီး ရောင်းတယ်… ပဲဆီအစစ်က တစ်ပိဿာကို လေးထောင့်ငါးရာ၊ ငါးထောင် ရှိတယ်… Chemical နဲ့ ရောရောင်းတဲ့ ပဲဆီအတုက နှစ်ထောင့်ငါးရာ၊ သုံးထောင်နဲ့ အတိအလင်းကို ညာရောင်းတယ်… အဲ့ဒါကို ဖမ်းဆီးတဲ့အဖွဲ့အစည်းတွေက ဥပဒေတော့ ထုတ်ထားပါရဲ့… လက်တွေ့မှာ မလုပ်ကိုင်ဘူးလို့ မပြောလိုပါဘူး… လုပ်ကိုင်ဖို့ တော်တော်အားနည်းနေပါတယ်…” (ပရိသတ်တစ်ဦး)

“အဓိကက ကျွန်တော်တို့ မြန်မာနိုင်ငံက ပြင်ပနိုင်ငံကဝယ်စားတာများတယ်… နံပတ် ၁ အချက်က ပြည်တွင်းထုတ်လုပ်မှုကို ဦးစားပေးရမယ်… နံပတ် ၂ အချက်ကတော့ ထုတ်ပိုးမှုစနစ်နဲ့ ဒီထဲမှာ ဘာတွေ ပါဝင်လဲဆိုတာကို စားသုံးသူအကာအကွယ်ပေးရေး ဥပဒေထဲမှာ ထည့်သွင်းပေးရမယ်… သို့မဟုတ်… FDA ရဲ့ အမျိုးသားအစားအသောက် ဥပဒေမှာ တိတိကျကျ ဖော်ထုတ်ပေးသင့်တယ်… ဒီဥစ္စာက တာဝန်ယူမှု၊ တာဝန်ခံမှုပါတဲ့ ထုတ်ပိုးမှုစနစ်ပေါ့… ဒီပစ္စည်းထဲမှာ အာဟာရအနေနဲ့ ဘာတွေပါတယ်ဆိုတဲ့ အာမခံတဲ့အရာတွေ အကုန်ဖော်ပြပေးရမယ့် စနစ်ပေါ့… စားသုံးသူနားလည်နိုင်တဲ့ စာသားလည်း ဖြစ်ရမယ်… မြန်မာလူမျိုးနားလည်နိုင်တဲ့ မြန်မာစာနဲ့ ဖော်ပြရမယ်…” (ဦးခင်စိုး – ဥက္ကဌ၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း)
“ကျွန်တော်တို့ ဥပဒေမှာ ဒီအစိုးရသစ်တက်လာပြီး ဒီဥပဒေမှာ အားနည်းချက်၊ အားသာချက်တွေကို လေ့လာပြီးတဲ့အခါ ပြန်ပြီး အသစ်ရေးဆွဲဖို့ လိုတယ်ဆိုတာကို သုံးသပ်မိလို့ ၂၀၀၆ ဇွန်လက စလို့ ပြန်လည်ရေးဆွဲနေပါတယ်… ၂၀၁၇ မေလမှာ မူကြမ်းထွက်ရှိအောင် ဆောင်ရွက်နေပါတယ်… ထို့အထူ ခုနက တင်ပြသလို တိုင်ကြားမှ အရေးယူတာမျိုးမလုပ်ပဲနဲ့ စုံစမ်းစစ်ဆေးပြီး ဖော်ထုတ်ရမယ်ဆိုတဲ့အခါမှာ ကျွန်တော်တို့က စုံစမ်းစစ်ဆေးရေးအဖွဲ့တွေဖွဲ့ဖို့ ဒီဥပဒေမှာ ပြန်ထည့်ပါမယ်… မလေးရှားမှာဆိုရင် စားသုံးသူ ရဲအဆင့်ထိအောင် ဖွဲ့ထားတဲ့အတွက် ဒါတွေကိုနမူနာယူပြီးတော့ ကျွန်တော်တို့က ရေးဆွဲတင်ပြပါမယ်…” (ဦးစိုးအောင် – ဒုတိယညွှန်ကြားရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ စီးပွားကူသန်းဝန်ကြီးဌာန)

Leave a Reply

  • (will not be published)