နောက်ကြောင်းပြန်ဝေဖန်ရေးမလုပ်ဖို့ မီဒီယာကို ဦးခင်ညွန့် သတိပေး

Posted by on in မီဒီယာ, သတင်း, နိုင်ငံရေး

Details

“စနစ်ပေါ်မှာလဲ မူတည်တယ်ကွ၊ ငါတို့ကလဲ အရင်က စစ်အစိုးရလေ၊ စစ်အစိုးရဆိုတော့ စစ်အစိုးရ ပုံစံအတိုင်း လုပ်ရတာ၊ အခုက ဒီမိုကရေစီ စနစ်လေကွ၊ ဒီမိုကရေစီစနစ်ဆိုတာ ဒီမိုကရေစီ စနစ်အတိုင်း သွားတယ်၊ သို့သော်ငြားလည်း တို့ ဒီမိုကရေစီစနစ်သည် မြန်မာနိုင်ငံနဲ့ ဆီလျော်တဲ့ ဒီမိုကရေစီစနစ်ပဲ ဖြစ်ရမယ်…ဒါဘဲ”

ဇွန်လ၂၂ ရက် အ.ထ.က (၁) မရမ်းကုန်း ကျောင်းမှာပြုလုပ်သွားတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအကြို လှုပ်ရှားမှု အခမ်းအနားမှာ ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်က ဒီဗွီဘီကို ဖြေကြားသွားတာ ဖြစ်ပါတယ်။

ရိုက်ကူး – လေးလေးမွန် DVB TV – 22.06.2015

11 Responses to “နောက်ကြောင်းပြန်ဝေဖန်ရေးမလုပ်ဖို့ မီဒီယာကို ဦးခင်ညွန့် သတိပေး”

  1. <path_to_url> Ag kyaw win

    ဦးခင်ညွန့်ကသေခါနီးတာတောင်ဖင်ပိတ်ငြင်းနေသေးတယ် media ဆိုတာဝေဖန်မယ် မှားတာရှိရင်ထောက်ပြမယ် သမိုင်းတွေကိုတင်ပြရမယ် မီဒီယာကဖော်ပြတာမှားတာရှိရင်ကိုယ်တိုင်ထွက်ပြီးရှင်ူပါလားဒါမျိုးကျတော့သူရဲဘောကြောင်နေတယ် ကိုယ်လုပ်ခဲ့တာမှန်တာရှိရင်ထွက်ရှင်းလေလူကြီးလူကောင်းပီပီ ပြောတဲ့ပုံစံကိုကြည့်ဘုံးထားတာလူမိသွားတော့ပေါက်ကွဲနေတာများ မျက်နှာကဘယ်လိုဘဲဟန်လုပ်နေပစေ ဇာတိရုပ်ကတော့ပြင်လိုက်တဲ့မျက်စိတမှိတ်ဘဲခံတယ် ပြောသေးတယ်အမေရိကန်လိုနိုင်ငံလိုမျိုးတော့ဒီမိုကရေစီကိုဒီနိုင်ငံမျိုးမှာကျင့်သုံးလို့မရနိုင်ဘူးတောင်ပြောသွားတယ် ပါးစပ်ကလက်လွှတ်စပါယ်ပြောတာအကျင့်ပါနေတာ ပြောရရင်ဘာအလုပ်မှလဲဖြစ်မြောက်တိုးတက်အောင်သူ့လက်ထက်မှပြည်သူလူထုနဲ့တိုင်းပြည်အပေါ်ဖော်ပြစရာဘာတွေများရှိခဲ့လဲ သူ့ရဲ့တွင်း(၁)ဆိုတဲ့လက်ငြိုးညွှန်ရာဖြစ်ခြင်တိုင်းဖြစ်ခဲ့တဲ့ နဝတ တခောတ်လုံး ၈၈ ကျောင်းသားတွေအကုန်သူ့လက်ချက်နဲ့ဘူးသီးအမွှေးသပ်ခံခဲ့ရတာ ပြောရင်တစ်ပုံကြီးဘဲ နေက်ကြောင်းတွေပြန်လှန်မှာတော့အတော်ကြောက်နေပုံဘဲ ပြည်သူကဘာမှမလုပ်ပေမဲ့သူတို့ကိုအရိပ်တစ္ဆေတွေကခြေက်နေပြီလေ

    Reply
  2. <path_to_url> ကျော်ဆွေ

    သမိုင်းဆိုတာသင်ဒီနေ့လုပ်ခဲ့တာဟာမနက်ဖန်အတွက်သမိုင်းပါ။

    Reply
  3. <path_to_url> Mahar

    ရိုက်ကူးတင်ပြတဲ့ သတင်းထောက် ကလေးမ ကို အထူးချီးကျူးတယ်။ မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးကို မျက်နှာဖုံး ကွာပြီး မူရင်းပေါ်အောင်လုပ်နိင်လို့ ဖြစ်ပါတယ်။ ဒီလူရဲ့  အင်တာဗျူးတော်တော်များများကြည့်ဖူးတယ်။ ‘ငါ’ ငါ နဲ့ ၊ ငါ ခြင်းကို ထွေးနေတာပဲ၊ မြန်မာယဉ်ကျေးမှုမှာ ဒီလို ငါခြင်းထွေးပြောသလား၊ ကွယ်လွန်သူ NLD ဦးလွင် ဆို သူ့ ကိုယ်သူ အန်ကယ် ပြောတယ်။ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်တဲ့ သူရ ဦးတင်ဦး တောင် ဘဘ လို့ ပြောတယ်။ သူ က ဘာကောင်မို့ လဲ၊ ပြောရင် ရာဇဝတ်မှု နဲ့ အရေးယူခံရတဲ့ ရာဇဝတ်သားဟောင်းပဲ။ ဒါတောင် မနေ့ တနေ့ က သင်္ဃန်း ဝတ်သေးတယ်။ ဘုရား အရေချုံပြီး အကုသိုလ်ကို ဆေးခြင်သေးတယ်၊ သူ သတ်လို့ သေတဲ့သူတွေ ရေးပြရင် စာမျက်နှာတောင်မလောက်ဘူး၊ တိပိဋကကိုယ်တော်ကို သေအောင်လုပ်တာ ဘယ်သူလဲ၊ လို့ သူ့ ကိုမေးခြင်တယ်။ ခင်ဗျားပယောဂ မပါဘူးလားလို့ ၊

    Reply
  4. <path_to_url> Myo

    ဒီခွေးပြန်ဟောင်တယ်ပေါ့။ မင်းသတ်ခဲ့တဲ့ လူတွေ သွေးတွေမခြောက်သေးဘူးဆိုတာမသိဘူးလား။

    Reply
  5. <path_to_url> ခင်မာဝေ

    အရိုးစွဲနေသော မာန်မာနဖြင့်စကားပြောခြင်းသည် မမှန်တာတွေများလို့ပါ ။ ဒီလူကြီးကို မုန်းတယ် မသေနိုင်သေးဘူးလား ။

    Reply
  6. <path_to_url> Ye Tun Oo

    နောက်ကြောင်းပြန် အရေးယူမှုတွေ လုပ်ဆောင်ဖို့ ၊ မလုပ်ဆောင် ဖို့ ကိစ္စ တွေ ကို ဗိုလ်ခင်ညွှန့် ကစတင်ပြီး ဖွနေပြီ ၊ သူက ဘယ်လို သဘောမျိုးနဲ့ ပြောနေ တာလဲ၊ ထောက်လှမ်းရေး ပီပီ ဗိုလ်မောင်အေး တို့ ဗိုလ်သန်းရွှေတို့ကို ပြန်လည် အရေးယူဖို့ ကိစ္စတွေ လုပ်စေချင်တာလား၊ ဒါမှ မဟုတ် အတည်ပေါက် နဲ့ ဖြဲနေတာလား …။ ဗိုလ်ခင်ညွှန့် ရေ အသက်ရှည်ရှည် နေပါဦးဗျာ ၊ ဗိုလ်ချုပ်မှုးကြီးက ခိုင်းလို့ လုပ်တာပါလို့ ဖြေရှင်းချက်ပေးပေါ့ဗျာ။ ၁၉၉၀ ရွေးကောက်ပွဲပြီးတော့ အန်ကယ် ဦးကြည်မောင် ရဲ့ စကားတခွန်းကိုတောင် ခင်ဗျား ဆတ်ဆတ်ထိမခံ ပြန်ပြီး ကလဲ့စားချေ ခဲ့တာ မှတ်မိပါသေးရဲ့လား။

    Reply
  7. <path_to_url> မောင်ဟန်ဝင်း

    ခင်ညွန့်ခင်ဗျား ကိုယ်အာဏာရှိစဉ်ဘာလုပ်ခဲ့သည်ကိုပြန်လည်ဆန်းစစ်ဖို့လိုပါသည် မကောင်းဆုံးအရက်စက်ဆုံးလုပ်ခဲ့ပါသည် ၈၈၈၈မမေ့သေးပါ ကျောင်းသားတွေမတရားဖမ်း ထောက်လှမ်းရေးမှာရက်ရက်စက်စက်ညှင်းဆဲ အသိထဲကခင်ဗျားရဲ့တန်ပြန်ထောက်လှမ်းရေးမှာအဆင့်မြင့်ကိုင်တွယ်ခဲ့ရလို့သိခဲ့ရပါတယ် ခင်ဗျားရက်စက်တာ ကိုယ်ယောက်ဖအရင်းတောင် ရက်စက်ပါတယ် ယခင်စစ်အစိုးရနဲ့ယခုစစ်အာဏာသိမ်းအစိုးရအတူတူပါပဲ စစ်ယူနီဖေါင်းချွတ်တာတခုပါပဲ ခင်ဗျားလက်ချက်နဲ့သေခဲ့သူအများကြီးပါ ခင်ဗျားလွတ်တာတရုတ်သွေးပါလို့ တရုတ်အစိုးရရဲ့ပြောဆိုမှုကိုရှောင်ရန် သန်းရွေကနေအိမ်အကျယ်ချုပ်နဲ့ပါ အမှန်ဆိုခင်ဗျားဟာသန်းရွေအမိန့်အရ ထောင်ထဲမှာအနှစ်(၄၄)နှစ်ပါ မာန်တွေနဲသတင်းမေဒီယာပြောတာ အရင်စစ်အစိုးရအတိုင်းပါ စိတ်ဓါတ်မပြောင်းပါ အဝေးရောက်၈၈ကျောင်းသားဟောင်း

    Reply
  8. <path_to_url> မင်းသူရ၀င်း

    ဒီလိုပြောဆိုပုံ ဒီလိုအတွေး ဒီလိုအမူအကျင့်ရှိနေတဲ့ ဒီလိုလူတွေကို ပြည်သူ့ ခုံရုံးသာ အမြန်တင်လိုက်ပ့တော့… နောင်မျိုးဆက်သစ်တွေ အတွက် လေ့လာသင်ခန်းစာ ယူဖို့  အကျိုးရှိာလာမှာ သေခြာတယ် 🙂

    Reply
  9. <path_to_url> Minthura Wynn

    ဒီလိုအတွေးအခေါ် ဒီလိုအမူအကျင့် ဒီလိုရန်လိုဒေါသအပြောအဆို အပြုအမူတွေ ရှိနေလို့ က ဘယ်တော့မှ ရှေ့ တက်လာမဲ့ ဒီမိုကရက်တစ် နိုင်ငံတော်သစ် ဖြစ်လာမှာ မဟုတ်တာမို့  … နောင်မျိုးဆက်သစ်များ လေ့လာဖွယ် အကျိုးရှိနိုင်မဲ့ လုပ်ရပါကတော့ ဒီလူတွေ အားလုံးကို ပြည်သူ့ ခုံရုံးအမြန်ဆုံးတင်လိုက်တာ တိုင်းပြည်အတွက် အကောင်းဆုံးဖြစ်မဲ့ အမြန်ဆုံးလုပ်သည့်တဲ့ ပြည်သူ့ တာဝန်ကြီးပင် ဖြစ်ပါတော့တယ်

    သို့ မဟုတ်က ဒီလူတွေရဲ့ အတွင်းကြောက်ရောဂါ ထထလာတိုင်း လူငယ်တွေက မကူးစက်ရုံတမယ် ပြူးကြောင်ကြည့် နားထောင်ပေးနေရတာမို့ ပါ

    Reply
  10. <path_to_url> K.mar

    Ooooo..,what a shame.

    Reply

Leave a Reply

  • (will not be published)