11.08.2015 Tuesday Talk2DVB အစီအစဉ်

Posted by on in Talk2DVB, အပတ်စဉ်ကဏ္ဍ

Details

11.08.2015 Tuesday Talk2DVB အစီအစဉ်မှာ— -ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ ကွမ်းအစ်ကုန်းအုပ်စုနဲ့အလုံအုပ်စုတို့မှာ မကွေးတိုင်းမှလက်မခံဘဲပြောင်းရွှေ့လာတဲ့ အရက်အဆီချက်ဖိုကြောင့်လယ်ယာမြေတွေပျက်စီးရပြီး သစ်တောများပြုန်းတီးခြင်း အနံ့ဆိုးများကြောင့်ကျန်းမာရေးထိခိုက်ခြင်းတို့ဖြစ်ပေါ်နေတဲ့အတွက် အမြန်ဆုံးဖယ်ရှားပေးစေလိုခြင်း—– -မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မြို့သစ်အောင်ဆန်းရပ်ကွက် (၁၊ ၂၊ ၃)မှာ မြို့သစ်ဈေးနီးရေအုတ်ကန်ထဲမှ ရေကိုပဲအားကိုးပြီးသုံးလာခဲ့ရာက ရေသန့်ရစေဖို့အတွက် ရေဂါလံ (၁၂၀၀၀)ဆန့်အုတ်ကန်ကြီးပြုလုပ်ပြီး ရေပေးဝေမယ်ဆိုပြီး ရေသွယ်ယူသုံးစွဲမယ်ဆိုရင် တစ်အိမ်ကို ကျပ်တစ်သိန်းစီပေးရလို့ပြောတဲ့အတွက် ပင်စင်စားဝန်ထမ်းတွေ၊ နေ့စားကျပန်းအလုပ်သမား၊ လခစားဝန်ထမ်းတွေများတဲ့အတွက် ငွေကျပ်တစ်သိန်းခွဲဟာအခက်အခဲဖြစ်နေပြီး နိုင်ငံတော်အကြီးအကဲများမှ ကူညီဖြေရှင်းပေစေလိုခြင်း—– -တနင်္သာရီတိုင်း ကံပေါက်မြို့မှာ MPT တာဝါတိုင်ထောင်ထားပြီး လိုင်းဘာကြောင့်မပေးတာပါလဲ လိုင်းရအောင်လုပ်ပေးစေလိုခြင်း—– -ရန်ကုန်မြို့တွင်းမှာ ယာဉ်ကြောများပိတ်တာနဲ့ ယာဉ်မောင်းအများစုဟာ သူတို့ရဲ့စိတ်ဖိစီးမှုကို ထွက်ပေါက်ရှာကြတဲ့အနေနဲ့ ကားဟွန်းတွေတီးနေကြတဲ့အတွက် လမ်းသွားလမ်းလာများနဲ့ ကားလမ်းနဘေးမှာ နေထိုင်ကြတဲ့ပြည်သူတွေ နားမခံသာအောင် ခံစားနေရတဲ့အတွက် ဒီလိုရိုင်းဆိုင်းတဲ့အပြုအမူမျိုးကို သက်ဆိုင်ရာမှတင်ပြပေးစေလိုခြင်း—- အစရှိသည့်စာများကို ဖတ်ကြားပေးမှာဖြစ်ပါတယ်

Leave a Reply

  • (will not be published)