နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် မာသာထရီဇာ ကို သူတော်စင် အဖြစ်ကြေညာ

Posted by on in သတင်း, နိုင်ငံတကာ

Details

ဘဝတခုလုံးကို အဆင်းရဲဆုံးလူတွေကို ကူညီရာမှာ နှစ်မြှုပ်ထားခဲ့တဲ့ နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် မာသာထရီဇာ ကို ရိုမန်ကက်သလစ် ဘုရားကျောင်းရဲ့ သူတော်စင် အဖြစ် ဗာတီကန် နန်းတော်က သောကြာနေ့က အသိ အမှတ်ပြု ကြေညာလိုက်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သူ့စွမ်းဆောင်မှုတွေကို အသိအမှတ်ပြုတဲ့ အမိန့်ကို အတည်ပြုခဲ့တာပါ။ မာသာထရီစာဟာ အသက် ၈၇နှစ်အရွယ် ၁၉၉၇ခုနှစ်က သေဆုံးခဲ့တာပါ။ ၂၀၀၃ခုနှစ်က ပုပ်ရဟန်းမင်း ဂျွန်ပေါလ်က မာသာထရီဇာကို သူတော်သူမြတ်အဖြစ် ချီးကျူး ခဲ့ပါတယ်။ ဒါပေမယ့် သူတော်စင်အဖြစ် အသိအမှတ်ပြု ခံရဖို့ နောက်ဆုံးအဆင့်အနေနဲ့ အံ့သြဘနန်း ဖြစ်ရပ် တခု လိုနေတာပါ။ ဦးနှောက် အကြိတ် အတော်များများကြောင့် နာမကျန်းဖြစ်နေတဲ့ ဘရာဇီး အမျိုးသား တယောက်ကို ဆေးကုသ ပေးမှုကြောင့် သူတော်စင် ဖြစ်ဖို့လိုတဲ့ အချက်ကို ဖြည့်ဆည်းခဲ့တယ်လို့ ကက်သလစ် မီဒီယာက အစီရင်ခံပါ တယ်။ ဘရာဇီးအမျိုးသားရဲ့ ဆွေမျိုးတွေက မာသာထရီဇာ ထံမှာ ဆုတောင်းခဲ့ရာက သူ ပြန်နေကောင်း လာခဲ့ပြီး ဆရာဝန်တွေက ဘယ်လိုဖြစ်တယ်ဆိုတာ မရှင်းပြနိုင် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ခရစ်ယာန် သာသနာပြု သီလရှင် မာသာထရီဇာ ကို သူတော်စင် စာရင်း အပ်နှင်းပွဲကို စက်တင်ဘာလမှာ ကျင်းပဖို့ မျှော်လင့်ထား ပါတယ် ဒါပေမယ့် ဒီပွဲကို အီတလီနိုင်ငံ ရုမ်းမြို့မှာ လုပ်မလား ပုပ်ရဟန်းမင်းကြီးက အိန္ဒိယကို သွားပြီး ကျင်းပ မလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေး ပါဘူး။ မာသာထရီဆာကို အယ်လ်ဘေးနီးယန်းလူမျိုး မိဘတွေက မက်ဆီဒိုးနီးယားနိုင်ငံမှာ ၁၉၁၀ခုနှစ်က မွေးဖွားခဲ့တာပါ။ သူဟာ အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားမြို့ရဲ့ လမ်းတွေပေါ်က ဆင်းရဲသားတွေကို ကူညီဖို့ သာသနာပြု အဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။ မာသာထရီဆာဟာ ၁၉၇၉ခုနှစ်မှာ နိုဘယ်ငြိမ်းချမ်းရေးဆုကို ရခဲ့ပါတယ်ရှင်။

Leave a Reply

  • (will not be published)