၆၆ (ဃ) ဖျက်သိမ်းဖို့ လိုပြီလား ??

Posted by on in DVB Debate, အထူးအစီအစဉ်များ

Details

DVB Debate – ၆၆ (ဃ) ဖျက်သိမ်းဖို့ လိုပြီလား ??

“၆၆(ဃ) ဖျက်လိုက်ရင် ရပါတယ် တခြားစွဲလို့ရတဲ့ ရာဇသတ်ကြီးပုဒ်မတွေလည်း ရှိနေတာပဲလေ. အခုက ဒီပုဒ်မကို ကြောက်ပြီး စာရေးဆရာတွေက စာမရေးတော့ရင် သတင်းမီဒီယာတွေ သတင်းအမှန်မရေးနိုင်တော့ရင် အရွေ့ကမမြန်တဲ့အနေအထားမှာ ပို နှောင့်နှေးသွားနိုင်တယ်။ ဒီမိုကရေစီ အောက်ကျသွားမှာ စိုးရိမ်တယ်”
– ဦးရဲထွဋ် (ခ) စာရေးဆရာ ၀င်းထွဋ်ဇော် – အမျိုးသားလွှတ်တော်အမတ်

“၆၆ ဃနဲ့ တရားစွဲဖို့ရာ ၀န်ကြီးဌာနရဲ့ ခွင့်ပြုချက်ရမှာသာ တရားစွဲလို့ရတယ် ၀န်ကြီးဌာနကလည်း သွားခွင့်ပြုလိုက်တဲ့အခါ ရဲအရေးပိုင် အမှုလိုလိုဖြစ်သွားတယ်”
ဦးငိုင့်ဆာ့ခ် – တရားလွှတ်တော်ရှေ့နေ၊ မြို့နယ်တရားသူကြီးဟောင်း

“ဖေ့ဘွတ်သုံးနေကြတဲ့သူတွေမှာ တချို့ ရိုင်းရိုင်းစိုင်းစိုင်းသုံးနှုန်းကြတာ ရှိတယ် အဟန့်အတားလေးတွေရှိရင်တော့ ကောင်းမယ်”
– နွမ်ဂျာသိုင်း – စာရေးဆရာ

“လက်ရှိ အမှု ၇၀ ကိုပြန်ကြည့်ရင် အမုန်းစကားပြောလို့ဆိုပြီး ၆၆ ဃနဲ့ စွပ်စွဲခံရပြီး တရားစွဲခံရတဲ့ အမှုတမှုမှတော့ မရှိပါဘူး.”
– ဒေါ်ဝေဖြိုးမြင့် – ၆၆ ဃ ဖျက်သိမ်းရေး၊ ဆက်သွယ်ရေး ဥပဒေပြင်ဆင်ရေးပူးပေါင်းအဖွဲ့
DVB TV – 18.06.2017

Leave a Reply

  • (will not be published)