အိမ်နဲ့ဝေးနေသူ ရွှေ့ပြောင်းလုပ်သားတွေကို လေလှိုင်းပေါ်က တေးသီချင်း ဖျော်ဖြေသူ

Posted by on in နယ်စပ်, လူငယ့်အသံ, သတင်း, အထူးအစီအစဉ်များ, အနုပညာ

Details

ထိုင်းမြန်မာနယ်စပ်ဒေသ မြန်မာရွှေ့ ပြောင်း အလုပ်သမားတွေကို ပညာပေးအစီအစဉ်အနေနဲ့ ဖွင့်လှစ်ထားတဲ့ MAP လူမှုအသိုင်းအ၀ိုင်း ရေဒီယိုထုတ်လွှင့်မှုအစီအစဉ်မှာ ရွှေ့ ပြောင်းလူငယ်တယောက်ဖြစ်တဲ့ ရန်မျိုးဆိုတဲ့လူငယ်တယောက်ဟာ ကိုယ်တိုင်ဂစ်တာတီး၊ တေးသီချင်း ဆိုပြီး ဖျော်ဖြေပေးနေပါတယ်။

ရန်မျိုးနဲ့ အတူ သူငယ်ချင်းဖြစ်သူ ၂ ယောက်ပါ ပါဝင်သီဆိုနေကြတာဖြစ်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၅ ကနေ ၆ နာရီထိ သူရွေးသီရာတေးကဗျာ အစီအစဉ်နဲ့ လေလှိုင်းကနေတိုက်ရိုက်တင်ဆက်တဲ့ပြီးဖျော်ဖြေနေကြတာဖြစ်ပါတယ်။

ဒီလူငယ် ၃ ယောက်ဟာ တခြားမြန်မာရွှေ့ ပြောင်းအလုပ်သမားတွေလို မနက် ၈ နာရီကနေ ညနေ ၅ နာရီထိ လုပ်ငန်းခွင်ဝင်နေကြတဲ့ အလုပ်သမားတွေဖြစ်ကြပြီး၊ တက်မြောက်ထားတဲ့ ဂီတပညာနဲ့ လေလှိုင်းကနေ ဖျော်ဖြေရေးလုပ်ငန်းနဲ့ ပရဟိတအလုပ်တွေ လုပ်ကိုင်နေကြတာပါ။

ဖုန်းကနေတဆင့် စက်ရုံ၊ အလုပ်ရုံ အလုပ်သမားတွေ တောင်းဆိုလာတဲ့ သီချင်းတွေကို တောင်းဆိုသူရဲ့ နာမည်နဲ့ လုပ်ငန်းခွင်နေရာကို မေးမြန်းမှတ်သားထားပြီး အပတ်စဉ် သီဆိုပေးနေသလို ရန်မျိုးရဲ့ ကိုယ်တိုင်ရေးစပ်ထားတဲ့ တေးသီချင်း တွေကိုလည်း သီဆိုပေးနေပါတယ်။

MAP ရေဒီယိုအစီအစဉ်တွေထဲမှာ မြန်မာရွှေ့ ပြောင်း အလုပ်သမားအခွင့်အရေး၊ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေး၊ ယဉ်ကျေးမှုအစီအစဉ်၊ ရောဂါကာကွယ်ရေးနဲ့ လုပ်ငန်းခွင်ဘေးကင်းလုံခြုံရေးတို့ ပါဝင်ပါတယ်။

MAP ရေဒီယိုအစီအစဉ်ကို မဲဆောက်မြို့ ရောက် မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေအပါအ၀င် မြန်မာနိုင်ငံဘက်ခြမ်း မြ၀တီမြို့ နေ ပြည်သူတွေပါ နေ့ စဉ်ပုံမှန်နားထောင်နေကြပြီး ဒီလူငယ်တွေရဲ့ ဖျော်ဖြေရေးအစီအစဉ်တွေကိုလည်း ပရိသတ် အားပေးမှု ရရှိနေပါတယ်။

DVB Youth Voice – 17.06.2016

Leave a Reply

  • (will not be published)