တကိုယ်တော် တေးစီးရီး ထွက်ရှိတော့မယ့် ရွှေ့ပြောင်းမြန်မာ လူငယ်တယောက် ကောက်ကြောင်း

Posted by on in လူငယ့်အသံ, သတင်း, အထူးအစီအစဉ်များ, အနုပညာ

Details

ထိုင်းမြန်မာ နယ်စပ်မှာ အလုပ်လုပ်ကိုင်ရင်း တကိုယ်တော် တေးစီးရီး ထွက်ရှိဖို့ ကြိုးစားနေတဲ့ ရွှေ့ပြောင်းမြန်မာ လူငယ်တယောက် ကောက်ကြောင်း။

ထိုင်းမြန်မာနယ်စပ် ဒေသကို အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် လာရောက်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အများအပြားရှိနေတဲ့ မဲဆောက်မြို့မှာ ရွှေ့ ပြောင်းလူငယ်တယောက်ဖြစ်တဲ့ ရန်မျိုးဟာ အခုဆိုရင် သူကိုယ်တိုင်ရေးစပ်ထားတဲ့သီချင်းတွေကို တကိုယ်တော်စီးရီးခွေထွက်နိုင်ဖို့ အတွက် ပြင်ဆင်နေပါပြီ။

အဆိုတော်ဖြစ်ဖို့ ရည်ရွယ်ထားတဲ့ မြန်မာရွှေ့ ပြောင်းလူငယ်အလုပ်သမားဖြစ်သူ ရန်မျိုးဟာ ပရဟိတအလုပ်တွေကိုလည်း စိတ်ဝင်စားတာကြောင့်၊ ၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံရဲ့ ရေဘေးသင့်ပြည်သူတွေကို အကူအညီပေးနိုင်ဖို့ အတွက် မဲဆောက်မြို့ မှာ သူငယ်ချင်းတွေနဲ့ အတူ ဂစ်တာတီးသီချင်းဆိုပြီး ရံပုံငွေရှာဖွေပွဲတွေပြုလုပ်ခဲ့ပါတယ်။

ရန်မျိုးဟာ အခုဆိုရင် မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေကို ပညာပေးအစီအစဉ်အနေနဲ့ ဖွင့်လှစ်ထားတဲ့ မက်ပ်လူမှုအသိုင်းအ၀ိုင်းရေဒီယိုထုတ်လွှင့်မှုအစီအစဉ်မှာ ကိုယ်တိုင်ဂစ်တာတီး၊သီချင်းဆိုပြီး ဖျော်ဖြေပေးနေပါတယ်။

ရန်မျိုးနဲ့ အတူသူငယ်ချင်းဖြစ်သူ ၂ ယောက်ပါ ပါဝင်သီဆိုနေကြတာဖြစ်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၅ ကနေ ၆ နာရီထိ သူရွေးသီရာတေးကဗျာအစီအစဉ်နဲ့ လေလှိုင်းကနေတိုက်ရိုက်တင်ဆက်တဲ့ပြီးဖျော်ဖြေနေကြတာဖြစ်ပါတယ်။

သူတို့တွေဟာ တခြားမြန်မာရွှေ့ ပြောင်းအလုပ်သမားတွေလို မနက် ၈ နာရီကနေ ညနေ ၅ နာရီထိ လုပ်ငန်းခွင်ဝင်နေကြတဲ့ အလုပ်သမားတွေဖြစ်ကြပြီး၊ တက်မြောက်ထားတဲ့ ဂီတပညာနဲ့ လေလှိုင်းကနေ ဖျော်ဖြေရေးလုပ်ငန်းနဲ့ ပရဟိတအလုပ်တွေလုပ်ကိုင်နေကြတာပါ။

ဖုန်းကနေတဆင့် စက်ရုံ၊အလုပ်ရုံအလုပ်သမားတွေတောင်းဆိုလာတဲ့ သီချင်းတွေကို တောင်းဆိုသူရဲ့ နာမည်နဲ့ လုပ်ငန်းခွင်နေရာကို မေးမြန်းမှတ်သားထားပြီး၊ အပတ်စဉ် သီဆိုပေးနေသလို၊ ရန်မျိုးရဲ့ ကိုယ်တိုင်ရေးစပ်ထားတဲ့သီချင်းတွေကိုလည်း သီဆိုပေးနေပါတယ်။

မက်ပ်ရေဒီယိုအစီအစဉ်ကို မဲဆောက်မြို့ ရောက်မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေအပါအ၀င်၊မက်ပ်ရေဒီယိုဖမ်းယူနားဆင်နိုင်တဲ့ မြ၀တီမြို့ နေ ပြည်သူတွေပါ နေ့ စဉ်ပုံမှန်နားထောင်နေကြပြီး၊ ဒီလူငယ်ရဲ့ ဖျော်ဖြေရေးအစီအစဉ်ဟာလည်း အားပေးမှုတွေ ရရှိနေသလို၊ ရွှေ့ပြောင်းလူငယ်တယောက်ရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ သြဂုတ်လမှာ ထွက်ရှိလာမယ့် ရန်မျိုးရဲ့ ဒီနေ့စမယ် ပွဲဦးထွက် တေးစီးရီးကိုလည်း စောင့်မျှော်နားဆင်ကြရမှာ ဖြစ်ပါတယ်။
DVB Youth Voice – 29.06.2016

Leave a Reply

  • (will not be published)