ရေအိုး(၅)လုံး ခေါင်းပေါ်ရွက်တင်ပြီး စစ်တွေမြို့မှာ ဆိုင်ကယ်စီးပြသူ အမျိုသမီး

Posted by on in တိုင်းရင်းသားရေးရာ, သတင်း, အထိမ်းအမှတ်, အမျိုးသမီးရေးရာ

Details

ဒီဇင်ဘာ(၁၅)ရက်နေ့မှာကျရောက်တဲ့ (၄၃)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ကျောက်ဖြူမြို့က အမျိုးသမီးတဦးဖြစ်တဲ့ မမိစုဝေဟာ ရေအိုး(၅)လုံး ကို ခေါင်းပေါ်တင်ပြီး စစ်တွေမြို့ဝင်္ကဘာကွင်းမှာ ဆိုင်ကယ်စီးပြသခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၃ ရက်နေ့ ရခိုင်ပြည်နယ်နေ့ဖွင့်ပွဲအခမ်းအနားအပြီးမှာမမိစုဝေအခုလိုမျိုးစီနင်းပြသခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းမှာအခုလိုမျိုး ရေအိုးထမ်းပြီးစီးနင်းနိုင်တဲ့သူ တွေရှိတယ်ဆိုတာကိုပြသချင်တယ်လို့ အသက်-၂၇ နှစ်အရွယ် မမိစုဝေကပြောပါတယ်။

ရေအိုးတင်စွမ်းရည်ပြခဲ့တဲ့ မမိစုဝေဟာ၂၀၁၃ ခုနှစ်က ရေအိုး ၃ လုံး၊ ၂၀၁၄ ခုနှစ်က ရေအိုး ၄ လုံးနဲ့ ၂၀၁၇ ဒီနှစ် ရခိုင်ပြည်နယ်နေ့ စစ်တွေမြို့မှာကျင်းပတဲစွမ်းရေးပြသမှုတွေမှာတော့ ရေအိုး ၅ ကိုဆိုင်ကယ်စီးနင်းပြခဲ့တယ်။

သူ့အနေနဲ့ မြန်မာနိုင်ငံအတွင်း အခုလို စွမ်းရည်ပြသပွဲ ဖိတ်ခေါ်မယ်ဆိုပါက ဝင်ရောက်ပြသချင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မမိစုဝေက အာရုံးစုံစိုက်မှု ပိုပြီးလုပ်နိုင် ရေအိုး(၇)လုံးအထိ စွမ်းရည်ပြနိုင်တယ်လို့ ဆိုပါတယ်။

ရခိုင်​ပြည်​နယ်​​နေ့မှာ ရခိုင်ရိုးရာကျင်ကိုင်ပွဲ၊ ရခိုင်ရိုးရာတ်စားဆင်ယင်မှု၊ ရခိုင်ရိုးရာဝတ္ထူပုံပြင်ပြောပွဲ၊ စာစီစာကုံး၊ကာတွန့်၊ ပိုစတာပြိုင်​ပွဲအပါအဝင်​မျက်လှည့်ဖျော်ဖြေရေးပါဝင်ကြပါတယ်။

ရိုက်ကူး – ၀ဏ္ဍခွာညို
DVB TV – 14.12.2017

Leave a Reply

  • (will not be published)