ဆေးရောင်စုံ ရှုမျှော်ခင်း

မင်္ဂလာပါရှင် ဆေးရောင်စုံရှုမျှော်ခင်းအစီအစဉ်ကနေ ကြိုဆိုပါတယ်။ဒီအစီအစဉ်မှာ တပတ်အတွင်းအနုပညာရေးရာ တွေ နဲ. အနုပညာရှင်တွေရဲ. လှုပ်ရှားမှုတွေကို တင်ဆက်ပေးမှာပါ။အခုတစ်ပတ်မှာ ပထမဦးဆုံးတင်ဆက်ပေးမှာကတော့ စက်တင်ဘာ၂၁ရက်နေ. နိုင်ငံတကာငြိမ်းချမ်းရေးနေ့ကို နိုင်ငံတကာမှာတင်မကဘဲ မြန်မာနိုင်ငံထဲမှာလည်း ကျင်းပတဲ. အကြောင်းပါ။အဲဒီလို ကျင်းပကြရမှာ အဖွဲ.အစည်းပေါင်းစုံက ဆင်နွှဲကြသလို အနုပညာရှင်တွေကလည်း သူတို.တတ်စွမ်းတဲ. အနုပညာနဲ့ ပြည်သူတွေကို ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။ရန်ကုန်မြို. ပြည်သူ့ဥယျဉ်ထဲမှာ နိုင်ငံတကာငြိမ်းချမ်းရေးနေ့ကို အနုပညာရှင်တွေက ဘယ်လို ကြိုဆိုပြီး ပရိတ်သက်ကို ဘယ်လိုဖျော်ဖြေတင်ဆက်ထားတယ်ဆိုတာကိုလည်း ကြည့်ရှုခံစားကြပါအုံးရှင်။၂။ ရုပ်ရှင်ကားတစ်ကားကို ထိုင်ကြည့်နေရတဲ့ အချိန်ဟာ ခဏလေးလို့ ထင်ရပေမယ့် အဲဒီကားတစ်ကားဖြစ်ဖို့ ဘယ်လိုဖန်တီးရလဲဆိုတဲ့ အခက်အခဲလေးတွေ ကို လည်း ဝေမျှတင်ပြချင်ပါတယ်။အဲဒါကတော့ ဒါရိုက်တာသီဟတင်သန်း ရိုက်ကူးပြီး ပျော်ပြီးရင်းပျော်ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးတဲ့ စီတီးဂေါ့ရဇော့ဟိုတယ်မှာ ရိုက်ကူးနေတဲ့ ရှုတင်မြင်ကွင်းကို လည်း တင်ဆက်လိုက်ပါတယ်။၃။ ဒီတစ်ခါဆက်လက်ပြီး တင်ဆက်ပေးမှာကတော့ တေးသံရှင်ဖြူဖြူကျော်သိန်းရဲ့ တေးစီးရီးမိက်ဆက်လက်မှတ်ရေးထိုးတဲ့ အခမ်းအနားပါ။ု စက်တင်ဘာလ ၂၁ရက်နေ့က အဆိုတော်ဖြူဖြူကျော်သိန်း တစ်ကိုယ်တော်သီဆိုထားတဲ. မိန်းကလေးတစ်ယောက် အသည်းကွဲနေတယ်တေးစီးရီးဖြန့်ချီခဲ.ပါတယ်။ တေးစီးရီးဖြန့်ချီတဲ့အထိမ်းအမှတ်အနေနဲ. ညနေ ၄နာရီမှာ ကိုးမိုင် အိုးရှင်း နဲ. ည ၆နာရီမှာ သမိုင်းလမ်းဆုံစီတီးမက်တိုမှာ တေးသံရှင် ဖြူဖြူကျော်သိန်းကိုယ်တိုင် ပရိတ်သက်တွေကို လက်မှတ်ရေးထိုး ပေးခဲ့ပါတယ်ရှင်။ရိုက်ကူး - ညိုမာသက် ၊ ဇော်ရန်နိုင်တင်ဆက် - ညိုမာသက်

Posted by DVB entertainment on Tuesday, September 24, 2013

ဆေးရောင်စုံ ရှုမျှော်ခင်း (၂၄ စက်တင်ဘာ ၂၀၁၃)

Posted by on in စာပေအနုပညာ, ဆေးရောင်စုံရှုမျှော်ခင်း

Details

မင်္ဂလာပါရှင် ဆေးရောင်စုံရှုမျှော်ခင်းအစီအစဉ်ကနေ ကြိုဆိုပါတယ်။ဒီအစီအစဉ်မှာ တပတ်အတွင်းအနုပညာရေးရာ တွေ နဲ. အနုပညာရှင်တွေရဲ. လှုပ်ရှားမှုတွေကို တင်ဆက်ပေးမှာပါ။အခုတစ်ပတ်မှာ ပထမဦးဆုံးတင်ဆက်ပေးမှာကတော့ စက်တင်ဘာ၂၁ရက်နေ. နိုင်ငံတကာငြိမ်းချမ်းရေးနေ့ကို နိုင်ငံတကာမှာတင်မကဘဲ မြန်မာနိုင်ငံထဲမှာလည်း ကျင်းပတဲ. အကြောင်းပါ။အဲဒီလို ကျင်းပကြရမှာ အဖွဲ.အစည်းပေါင်းစုံက ဆင်နွှဲကြသလို အနုပညာရှင်တွေကလည်း သူတို.တတ်စွမ်းတဲ. အနုပညာနဲ့ ပြည်သူတွေကို ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။ရန်ကုန်မြို. ပြည်သူ့ဥယျဉ်ထဲမှာ နိုင်ငံတကာငြိမ်းချမ်းရေးနေ့ကို အနုပညာရှင်တွေက ဘယ်လို ကြိုဆိုပြီး ပရိတ်သက်ကို ဘယ်လိုဖျော်ဖြေတင်ဆက်ထားတယ်ဆိုတာကိုလည်း ကြည့်ရှုခံစားကြပါအုံးရှင်။
၂။ ရုပ်ရှင်ကားတစ်ကားကို ထိုင်ကြည့်နေရတဲ့ အချိန်ဟာ ခဏလေးလို့ ထင်ရပေမယ့် အဲဒီကားတစ်ကားဖြစ်ဖို့ ဘယ်လိုဖန်တီးရလဲဆိုတဲ့ အခက်အခဲလေးတွေ ကို လည်း ဝေမျှတင်ပြချင်ပါတယ်။အဲဒါကတော့ ဒါရိုက်တာသီဟတင်သန်း ရိုက်ကူးပြီး ပျော်ပြီးရင်းပျော်ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးတဲ့ စီတီးဂေါ့ရဇော့ဟိုတယ်မှာ ရိုက်ကူးနေတဲ့ ရှုတင်မြင်ကွင်းကို လည်း တင်ဆက်လိုက်ပါတယ်။
၃။ ဒီတစ်ခါဆက်လက်ပြီး တင်ဆက်ပေးမှာကတော့ တေးသံရှင်ဖြူဖြူကျော်သိန်းရဲ့ တေးစီးရီးမိက်ဆက်လက်မှတ်ရေးထိုးတဲ့ အခမ်းအနားပါ။ု စက်တင်ဘာလ ၂၁ရက်နေ့က အဆိုတော်ဖြူဖြူကျော်သိန်း တစ်ကိုယ်တော်သီဆိုထားတဲ. မိန်းကလေးတစ်ယောက် အသည်းကွဲနေတယ်တေးစီးရီးဖြန့်ချီခဲ.ပါတယ်။ တေးစီးရီးဖြန့်ချီတဲ့အထိမ်းအမှတ်အနေနဲ. ညနေ ၄နာရီမှာ ကိုးမိုင် အိုးရှင်း နဲ. ည ၆နာရီမှာ သမိုင်းလမ်းဆုံစီတီးမက်တိုမှာ တေးသံရှင် ဖြူဖြူကျော်သိန်းကိုယ်တိုင် ပရိတ်သက်တွေကို လက်မှတ်ရေးထိုး ပေးခဲ့ပါတယ်ရှင်။
ရိုက်ကူး – ညိုမာသက် ၊ ဇော်ရန်နိုင်
တင်ဆက် – ညိုမာသက်

Leave a Reply

  • (will not be published)