ငွေကြေးခဝါချမှု ဘယ်လိုတိုက်ဖျက်မလဲ

Posted by on in DVB Debate, အထူးအစီအစဉ်များ

Details

DVB Biz Debate – ငွေကြေးခဝါချမှု ဘယ်လိုတိုက်ဖျက်မလဲ

“တာဝန်သိတဲ့စီးပွားရေးလုပ်ငန်းတွေဖြစ်ဖို့ပါ။ဒီနေရာမှာအရောင်းအဝယ်တကယ် ကြီးကြီးမားမားမဖြစ်ဘဲနဲ့အမြတ်တွေအများကြီးပြပြီး အခွန်ဆောင်နေတဲ့လုပ်ငန်း ကိုစစ်ဆေးတဲ့စာရင်းစစ်တွေရဲ့အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ ဆိုလိုတာ ကသူနဲ့ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်စီးပွားရေးလုပ်ငန်းတွေကလည်းတာဝန်သိတဲ့ စီးပွားရေးလုပ်ငန်းတွေဖြစ်ဖို့လိုတဲ့အပြင်ပြည်သူလူထုကလည်း awareness ရှိဖို့လိုပါတယ်။နောက်ဆုံးအချက်က Rule of Law တရားဥပဒေစိုးမိုးမှုရှိပြီးတော့ Lawenforcementအရေးယူတာမျိုးတွေရှိဖို့လိုပါတယ်”
– ဦးစံသိန်း (ဘဏ်လုပ်ငန်းပညာရှင်)

“ဘယ်ကရတယ်ဆိုတာမျိုးပေါ့အဲ့တော့ဟိုးအစကိုကြည့်ဖို့လိုပါတယ် ။နိုင်ငံခြားကသားသမီးတွေ ကရတဲ့ ပိုက်ဆံ၁၅ရာခိုင်နှုန်းအခွန်ဆောင် လိုက်လို့ငွေဖြူဖြစ်သွားတယ်ဆိုပေမယ့် မူးယစ်ဆေးဝါးရောင်းဝယ်မှုက ရရှိတဲ့ပိုက်ဆံမျိုးနဲ့တော့ ခွဲခြားကြည့်ဖို့လိုပါတယ်။ဒါ့ကြောင့်အစကိုကြည့် ဖို့လိုပါတယ်”
– ဒေါက်တာသောင်းဟန် (Advisor, AYA Financial Group)

“ငွေမဲသမားအခွန်ဆောင်တာရှိပါတယ်။ဒီနေရာမှာငွေမဲဘယ်ကလာသလဲဆိုတာရှိတယ်။ ကျွန်တော်တို့နိုင်ငံမှာပြည်ပကိုရောက်နေတဲ့ရွေ့ပြောင်း လုပ်သားက ၅သန်းလောက်ရှိပါတယ်။နောက်သူတို့ဆီကပြန်ပို့တဲ့ ပိုက်ဆံက တစ်နှစ်ကိုအမေရိကန်ဒေါ်လာ၁၀ဘီလီယံလောက်ရှိတယ်။ ဒီငွေတွေဟာ သူများ နိုင်ငံတွေမှာကျွန်ခံပြီးတော့သွားလုပ်တဲ့ငွေလေ။ ဒီငွေတွေဟာ ညစ်ညမ်းတဲ့ငွေတွေမဟုတ်ဘူးလေ။ ဒါပေမယ့်ကျွန်တော်တို့ နိုင်ငံရဲ့ဖွံ့ဖြိုးမှုအဆင့်ကနိမ့်ကျနေလို့ ဟွန်ဒီစနစ်နဲ့ပို့နေရတာ။ဒါမျိုးပေါ့”
– ဦးသန်းဦး (ဒုဥက္ကဌ၊ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း)

“နိုင်ငံတကာမှာကောငွေကြေးခဝါချတယ်ဆိုတာတရားမဝင်ရရှိလာ တဲ့ငွေတွေကို အခွန်ဆောင်လိုက် လို့ငွေဖြူသွားမယ်ဆိုရင်ဒါသက်သက် မဲ့လုပ်တာ။အဲတော့ဒီနေရာမှာတင်ပြချင်တာက တချို့လုပ်ငန်းတွေ သွားကြည့်လိုက်ရင်အရောင်းအဝယ်မကောင်းဘူး။ဒါပေမယ့်အခွန် အများကြီးဆောင်တယ်။ဆိုတော့ဒါကငွေကြေးခဝါချတာဘဲ။ အဲ့တော့နိုင်ငံတော်ကကြည့်ရင်အခွန်ရလို့ကောင်းတယ်ဆိုပေမယ့် ကျွန်တော်တို့ဟာနိုင်ငံတကာနဲ့ဆက်ဆံတဲ့အခါမှာအရင်ကလို တစ်နိုင်ငံတည်းရပ်တည်ပြီး စီးပွားရှာလို့ရတဲ့အခြေအနေ မျိုးမဟုတ်တော့ဘူး။ဆိုတော့ကာအဲ့ဒါကိုကျွန်တော်တို့စဉ်းစားဖို့လိုပါတယ်”
– ဦးမိုးကျော် (Managing partner, Win Tin & Associates)

DVB TV – 22.06.2017

Leave a Reply

  • (will not be published)