အကျင့်ပျက်ခြစားမှု ကို ဘယ်လိုတိုက်ဖျက်မလဲ?

Posted by on in DVB Debate, အထူးအစီအစဉ်များ, အပတ်စဉ်ကဏ္ဍ

Details

DVB Biz Debate – အကျင့်ပျက်ခြစားမှု ကို ဘယ်လိုတိုက်ဖျက်မလဲ?

“ကော်မရှင်ပြန်မဖွဲ့ဘူးဆိုတော့ နိုင်ငံရေးစဉ်းစားချက်တွေများ ရှိနေလို့လား ဆိုပြီးကျနော်စဉ်းစား ကြည့်တယ်။သူများနိုင်ငံတွေမှာ သမ္မတအသစ်တက်လာလို့ရှိရင် အကျင့်ပျက်ခြစားမှုကိုတိုက်ဖျက် ဖို့ကသူ့ရဲ့နံပါတ်တစ် Agenda ဆိုပြီးကြွေးကြော်တာ။အဲ့တာကြီး ကိုဦးစားပေးပြီးတော့လုပ်မယ်ဆိုရင် ကျန်တဲ့ reform မှာကျန်တဲ့ ဟာတွေများရှေ့မရောက်မှာစိုးရိမ်နေလို့လားဆိုတဲ့နိုင်ငံရေးထည့်သွင်း စဉ်းစားချက်ကြောင့်လားပေါ့နော်”
– ဦးခိုင်ဝင်း(director, Sandhi Governance Institute)

“ကျွန်တော်တို့နိုင်ငံမှာဘာဖြစ်နေလဲဆိုတော့အကျင့်ပျက်ခြစားမှုက အကောင်းဆုံးစီးပွားရေးလုပ်ငန်းဖြစ်နေတယ်။ဘာလို့လဲဆိုတော့အခွန် အတုပ်မပေးရဘူး။လာဘ်ပေးရတယ်ဆိုတဲ့ပိုက်ဆံက တကယ် တရားဝင် အစိုးရကိုပေးရတဲ့ပိုက်ဆံထက်အများကြီးသက်သာတယ်။အဲ့ဒီစီးပွားရေးကအကျိုးအမြတ်အဖြစ်ထွန်းဆုံးဖြစ်နေတယ်။အမှန်တော့အကျိုးအမြတ်မရှိဆုံးဖြစ်ရမယ့်ဟာက အကျိုးအမြတ်အရှိ ဆုံးဖြစ်နေတယ်”
– ဦးသန်းမောင်(တရားလွှတ်တော်ရှေ့နေ)

“အစိုးရသစ်သက်တမ်းနဲ့အညီလို့ပြောလို့ရှိရင်အခုရှိနေတဲ့ကော်မရှင်အဖွဲ့က ငါတို့ဟာတရားဝင်သေးရဲ့လား၊မဝင်သေးရဲ့လားဆိုတဲ့အနေ အထားဖြစ်နေတယ်။အဲ့လိုမျိုးဖြစ်နေမှတော့ သူတို့ဆီရောက်လာတဲ့ စာတွေကိုကိုင်တွယ်ဖို့အတွက်အရမ်းခက်ခဲမယ်။နောက်တချက်ကလဲသူ့မှာဘယ်လောက်အထိလုပ် ပိုင်ခွင့်အာဏာရှိသလဲဆိုတာကလည်း မေးစရာဖြစ်နေတယ်။ပြီးတော့ကျမတို့က ကိစ္စတော်တော်များ အတွက် third party ထားမယ်ဆိုရင် အဂတိလိုက်စားမှုကအတော်အတင့်ကျဆင်း သွားမယ်ဆိုတာ ကို ရန်ကုန်တိုင်းလွှတ်တော်မှာဆွေးနွေးထားပြီး အဆိုလည်းအောင်ထားတယ်။ဒါပေမယ့် လက်တွေ့ တော့အကောင် အထည်ဖော်မှုအပိုင်းက နည်းနည်းလေးနှေးနေတယ်”
– ဒေါ်ကြည်ပြာ (ရန်ကုန်တိုင်း လွှတ်တော်အမတ်)

“ပြဿနာက ဥပဒေရဲ့အားနည်းချက်ကြောင့် မဟုတ်ဘူး။ဥပဒေကို အကောင်အထည်ဖော်တဲ့ ယန္တရားနဲ့ အဲ့ဒီ့ယန္တရားကို အကောင်အထည်ဖော်ရတဲ့ အဆင့်ဆင့်တာဝန်ရှိသူတွေရဲ့အားနည်းချက်လို့ပြောချင်ပါတယ်။ ဒီတော့ဥပဒေကို လက်တွေ့အကောင်အထည်ဖော်တဲ့ နေရာမှာအားနာခြင်း၊ကြောက်ရွံ့ရခြင်း နဲ့ အဲ့ဒီ ဥပဒေကိုအကောင်အထည်ဖော်ဖို့ကို အဂတိလိုက်စားနေရတယ်ဆိုကတည်းက မဟုတ်တော့ဘူး”
ဦးသန်းမောင်(တရားလွှတ်တော်ရှေ့နေ)

DVB TV – 20.07.2017

Leave a Reply

  • (will not be published)