သမ္မတဟောင်း လို့ မသတ်မှတ်ဘဲ လယ်သမားလို့ပဲ သတ်မှတ်တယ်လို့ ဦးသိန်းစိန်ပြော

Posted by on in သတင်း, နိုင်ငံရေး

Details

ကိုယ့်ကိုကိုယ် သမ္မတဟောင်း လို့ မသတ်မှတ်ဘဲ လယ်သမားလို့ပဲ သတ်မှတ်တယ်လို့ ၂၀၁၀ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးသိန်းစိန်က မီဒီယာတွေကို အောက်တိုဘာလ ၁၁ ရက်နေ့က ပြောကြားလိုက်ပါတယ်။ နေပြည်တော် ဇမ္မူသီရိမြို့နယ်၊ အောင်ဇမ္ဗူရပ်ကွက်ရှိ သမ္မတဟောင်း ဦးသိန်းစိန် အားချစ်ခင်သူတွေက စုပေါင်း တည်ထောင်ထားတဲ့ ပညာ့အလင်း တက္ကသိုလ်ဝင်တန်းအခမဲ့ပညာရေး ကူညီမှုသင်တန်းကျောင်းက ကျောင်းသူ ကျောင်းသားတွေနဲ့ မိဘတွေစုပေါင်းပြုလုပ်တဲ့ ကန်တော့ပွဲမှာ ပြောဆိုခဲ့တာပါ။ အဲ့ဒီ ကန်တော့ပွဲမှာ လက်ရှိ ဖြစ်နေတဲ့ ရခိုင်ပြည်နယ်အတွင်းဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို အခုလို ပြန်လည် ပြောကြားခဲ့တာဖြစ်ပါတယ်။

“ ငါကတော့ ပင်စင်စားတစ်ယောက်ဆိုတော့ အေးအေးဆေးဆေးနဲ့ ပြည်သူတစ်ယောက်လိုပဲ နေနေတာ။ ဒီကိစ္စတွေကတော့ လက်ရှိအစိုးရလည်း ကြိုးစားပြီးဆောင်ရွက်နေတာပဲ။ အကောင်းဆုံးဖြစ်အောင်တော့ သူတို့ လုပ်မှာပေါ့။ အခုကတော့ကွာ ငါ့ကိုငါ သမ္မတဟောင်းလို့ မသတ်မှတ်တော့ဘူး။ လယ်သမားပဲ သတ်မှတ်တယ်။ အခုကတော့ လယ်ပဲစိုက်နေတော့တယ်”
DVB TV – 11.10.2017

Leave a Reply

  • (will not be published)