သမ္မတဟောင်း စ၀်ရွှေသိုက်ရဲ့သားကို ဗီဇာ ပိတ်ပင်မထားဘူးလို့ သမ္မတရုံး ပြော

Posted by on in သတင်း, နိုင်ငံရေး

Details

မြန်မာနိုင်ငံရဲ့ သမ္မတဟောင်း စပ်ရွှေသိုက်ရဲ့ သား ဦးဟံညောင်ဝေကို အစိုးရက ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားတယ်ဆို မဟုတ်ဘူးလို့ နိုင်ငံတော်သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောတာပါ။

“ဦးဟံညောင်ဝေ ကိစ္စနဲ့ ပတ်သက်ပြီး ဗီဇာပိတ်ပင်ထားခြင်းမရှိပါဘူး။ သူ့ကို ကျနော်တို့က ဗီဇာမပိတ်ဘူး။ သို့သော် အရင်တုန်းက ပေးထားတဲ့ Multiple Visa တော့ မရတော့ဘူး။ နှစ်ရှည်တော့ မရတော့ဘူး Social Visa နဲ့တော့ ၀င်လို့ရပါတယ်။ အဲဒါတွေကို သံရုံးတွေ ဘာတွေမှာ ပြောထားပြီးဖြစ်ပါတယ်”လို့ ဦးဇော်ဌေးက ပြောတာပါ။

ဦးဟံညောင်ဝေဟာ Euro Burma Office အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပူးပေါင်းဆောင်ရွက်ခဲ့တာ ကြောင့် ပြည်ဝင်ခွင့် Multiple Visa ပေးထားခဲ့ပြီး လက်ရှိအစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးကိစ္စတွေ ဆောင်ရွက်ရာမှာ Euro Burma Office နဲ့ ကန်ထရိုက်ချုပ်ဆိုထားတာမျိုး သဘောတူညီချက်ထားရှိတာမျိုးတွေ မရှိဘူးလို့ ဦးဇော်ဌေးက ပြောပါတယ်။
DVB TV – 22.06.2017

Leave a Reply

  • (will not be published)