တစ်ပတ်အတွင်းမိုးလေဝသ ခန့်မှန်းချက်

Posted by on in တပတ်အတွင်း မိုးလေ၀သ

Details

တစ်ပတ်အတွင်းမိုးလေဝသ ခန့်မှန်းချက်

ဒေါက်တာထွန်းလွင်ရဲ့ ဒီဇင်ဘာလ (၂၁) ရက်မှ ဒီဇင်ဘာလ (၂၇) ရက်နေ့အထိ ရက်သတ္တပတ်အတွင်း
မိုးလေဝသ ခန့်မှန်းချက်
-ညအပူချိန်များ ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်အနေနဲ့တော့ လာမယ့်တစ်ပတ်အတွင်းမှာ မြန်မာနိုင်ငံမြောက်ပိုင်းအစွန်းဒေသဖြစ်တဲ့ ချင်းပြည်နယ်အနောက်ပိုင်း၊ ကချင်ပြည်နယ် စတဲ့ဒေသတွေမှာ သုညဒီဂရီ အောက်လျော့အောင်အထိ ဒေသအချို့တွေမှာ အထူးသဖြင့် တောင်ကုန်းဒေသတွေမှာ အေးနိုင်ပါတယ်။
ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာတော့ ညအပူချိန် ၄ ဒီဂရီစင်တီဂရိတ်ခန့်၊
ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ အကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှာ ညအပူချိန် ၁၂ဒီဂရီစင်တီဂရိတ်မှ ၁၆ဒီဂရီစင်တီဂရိတ်၊
ရခိုင်ပြည်နယ်၊ ကျန်တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်ဒေသတွေမှာ ညအပူချိန်ဟာ ၁၈ ဒီဂရီစင်တီဂရိတ်မှ ၂၂ ဒီဂရီစင်တီဂရိတ် ရှိနိုင်ပါတယ်။
-မိုးရွာသွန်းမှုအနေနဲ့ကတော့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ်တို့မှာ ၁ ရက်မှ ၂ ရက်ခန့်အထိ မိုးအနည်းငယ်ရွာသွန်းနိုင်ပြီး ကျန်ဒေသအားလုံးမှာ သာယာပါမယ်။
၂၀၁၅ ၊ ၂၀၁၆ ရဲ့ စံချိန်တင်သွားတဲ့ အားအကောင်းဆုံး အယ်လ်နီညိုအခြေအနေကတော့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ အရှေ့ပိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ မကွေးတိုင်းတောင်ပိုင်းနဲ့ မန္တလေးတောင်ပိုင်းတို့မှာ အလွန်မြင့်မားတဲ့ (Very High) အဆင့်၊ ကျန်ဒေသတွေမှာ မြင့်မားတဲ့ (High) အဆင့် ကြုံတွေ့နိုင်ပါတယ် လို့ ဒေါက်တာထွန်းလွင်မှ ခန့်မှန်းထားတာကို တွေ့ရပါတယ်ရှင်။

Leave a Reply

  • (will not be published)