သတင်းသမားတွေကို သတင်းမီဒီယာဥပဒေ နဲ့ပဲ စွဲတာ မြင်ချင်တယ်

Posted by on in မီဒီယာ, သတင်း

Details

“သတင်းသမား ဖြစ်တဲ့ခါ သတင်းကိစ္စမျိုးတွေမှာ သတင်းမီဒီယာဥပဒေ နဲ့ပဲ စွဲတာ မြင်ချင်ပါတယ်”လို့ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောပါတယ်။ ပုဒ်မ ၆၆(ဃ)နဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ သူ့ကို ဒီနေ့မနက် တရားရုံးထတ်မှာ အာမခံ ရရှိခဲ့ပါတယ်။ လက်ရှိ သတင်းသမားတွေကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)နဲ့ တရားစွဲဖမ်းဆီးထားတဲ့အပေါ် သူက ပြောကြားသွားတာပါ။

ဒါ့အပြင် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ နဲ့ တရားစွဲဆိုခံထားရတဲ့ ဒီဗွီဘီ သတင်းထောက်၂ယောက်နဲ့ ဧရာဝတီသတင်းထောက် အပါအ၀င် ၆ ယောက်ရဲ့ အာမခံလျှောက်ထားတာကို သီပေါမြို့နယ်တရားရုံးက ဒီကနေ့ရုံးချိန်းမှာ ပယ်ချလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်က တီအန်အယ်လ်အေက ကျင်းပတဲ့ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးပွဲကို သတင်းသွားယူပြီးပြန်လာတဲ့ ဒီဗွီဘီ သတင်းထောက် ကိုအေးနိုင် နဲ့ ကိုပြည့်ဘုန်းအောင်၊ ဧရာဝတီ သတင်းထောက် ကိုလဝီတို့ဟာ မတရားအသင်းနဲ့ဆက်သွယ်လို့ဆိုပြီးတပ်မတော်ရဲ့ ဖမ်းဆီးတာကို ခံခဲ့ရပါတယ်

ရိုက်ကူး – အာကာ
DVB TV – 04.08.2017

Leave a Reply

  • (will not be published)