လူငယ်ရေးရာမူဝါဒ ရေးဆွဲရာမှာ လူငယ့်အသံတွေပါဝင်ဖို့ ဒေသအလိုက် လူငယ်ဖိုရမ် ပြုလုပ်မည်

Posted by on in ရက်၁၀၀, လူငယ့်အသံ, သတင်း, အထူးအစီအစဉ်များ

Details

အစိုးရရဲ့ ပထမ ရက် ၁၀၀ စီမံချက်တွေထဲမှာ ပါဝင်လာတဲ့ လူငယ်ရေးရာမူဝါဒ ရေးဆွဲရာမှာ လူငယ်တိုင်းရဲ့ သဘောဆန္ဒတွေ ပါဝင်စေဖို့အတွက် တိုင်းနဲ့ပြည်နယ် ဒေသအလိုက် လူငယ်ဖိုရမ်တွေ ဆက်လက်ပြုလုပ်သွားဖို့ ရှိနေပါတယ်။ လူငယ်မူဝါဒ ရေးဆွဲရေးအတွက် အခြေခံထည့်သွင်းဆွေးနွေးတဲ့ မြန်မာလူငယ်ဖိုရမ်ကို မုံရွာမြို့မှာ ၃ရက်တာ ပြုလုပ်ခဲ့ပြီး တိုင်းနဲ့ပြည်နယ်အသီးသီးက လူငယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ ဒီဖိုရမ်ကနေ သက်ဆိုင်ရာဒေသတွေက လူငယ်အားလုံး ရဲ့ သဘောဆန္ဒကို ပြန်လည်တောင်းခံဖို့ လိုအပ်တာကြောင့် တိုင်းနဲ့ပြည်နယ်အလိုက် လူငယ်ဖိုရမ် တွေကို ဆက်လက်ပြုလုပ်သွားဖို့ကို အချိန် ၃လ သတ်မှတ်လိုက်ပါတယ်။ တိုင်းပြည်တခုရဲ့ တည်ဆောက်ရေး၊အုပ်ချုပ်ရေး စတဲ့ကဏ္ဍအလိုက် လူငယ်တွေရဲ့ ပါဝင်နိုင်မှုကို တရားဝင်သတ်မှတ်ပေးထားတဲ့ လူငယ့်ရေးရာမူဝါဒကို ကမ္ဘာ့နိုင်ငံပေါင်း ၁၂၀ ကျော်မှာ ကျင့်သုံးနေပေမယ့် လူငယ်မူဝါဒ မရှိသေးတဲ့ (၃၁)နိုင်ငံစာရင်း မြန်မာနိုင်ငံလည်း ပါဝင်နေပါတယ်။ ဒါကြောင့်မို့ အစိုးရကနေ လူငယ်မူဝါဒ ရေးဆွဲရာမှာ လူငယ်တွေရဲ့ ဆွေးနွေးချက်တွေ ထည့်သွင်းနိုင်ဖို့ အခု ပြုလုပ်သွားတဲ့ မြန်မာလူငယ်ဖိုရမ်ကို ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဝန်ထမ်း စတဲ့ ၀န်ကြီးဌာန ၃ ခုက ကိုယ်စားလှယ်တွေလည်း တက်ရောက်လေ့လာခဲ့ကြပါတယ်။
DVB Youth Voice – 16.06.2016

Leave a Reply

  • (will not be published)