လယ်တောအိမ်စောင့်ကို ခွေးကြီးက ကြောက်မက်ဖွယ်ကိုက်သတ် (ရုပ်သံ)

Posted by on in သတင်း, နိုင်ငံတကာ, ရုပ်သံမှတ်တမ်း

Details

အိန္ဒိယနိုင်ငံ၊ ဟရားနားပြည်နယ်က ပန်နီပက်မြို့မှာ လယ်တောအိမ်စောင့်တဦးကို ရော့တ်ဝဲလာ ခွေးကြီးက ရက်ရက်စက်စက် ကိုက်သတ်လိုက်ပါတယ်။

လယ်တောအိမ်စောင့်ကို ကိုက်သတ်ပြီး အလောင်းပေါ်မှာ စောင့်ကြည့်နေတဲ့ ခွေးကြီးကို မြင်ပြီး ရဲတွေလည်း ထိတ်လန့်သွားတယ်လို့ သည်ဆန်းရဲ့ မေလ ၁၂ ရက်သတင်းမှာ ဖော်ပြထားပါတယ်။

လယ်တောအိမ်စောင့် မာနီရမ်က မနက် ၅ နာရီခွဲလောက် အလုပ်က ပြန်လာပြီး အိမ်စောင့်ခွေးကို ကြိုးဖြည်လွှတ်ပေးချိန်မှာ ခွေးက သူ့ကို ရုတ်တရက် တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အားသန်ပြီး ရက်စက်လှတဲ့ ခွေးကြီးက အသက် ၅၂ နှစ်အရွယ် မာနီရမ်ရဲ့ လည်ပင်းကိုကိုက်ပြီး အသေသတ်ခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ခွေးက ကိုက်သတ်ပြီးနောက် မရပ်ပဲ မာနီရမ်ရဲ့ မျက်နှာကို တိုက်ခိုက်၊ လက်တွေနဲ့ ရင်ဘတ်က အသားတွေကို စားခဲ့တာပါ။

အိမ်ခြံဝန်းထဲရှိ မာနီရမ်ရဲ့ သေဆုံးနေတဲ့ ခန္ဓာကိုယ်ပေါ် ပါးစပ်မှာ သွေးတွေပေနေတဲ့ ခွေးကြီးက စောင့်ကြည့်နေတာကို ရုပ်သံထဲမှာ ထိတ်လန့်ဖွယ် မြင်ရပါတယ်။

ရဲတွေလည်း ခွေးနားကပ်ဖို့ ထိတ်လန့်နေကြပြီး ဒေသခံတွေက တုတ်တွေ ကျောက်တုံးတွေ ပစ်ပေါက်ပြီး ခွေးကို သေဆုံးသူရဲ့အလောင်းက ခွာအောင် ခြောက်လှန့်ခဲ့ရတာပါ။

အဲဒီနောက် ၃ နာရီကြာပြီးမှ ၃ နှစ်သားအရွယ် ခွေးကို ဖမ်းဆီးနိုင်ခဲ့ပြီး အလောင်းကိုလည်း ရွှေ့နိုင်ခဲ့တယ်၊ ခွေးကိုလည်း ရဲစခန်း အချုပ်ထဲမှာ ထားတယ်လို့ ဆိုပါတယ်။

လယ်တောပိုင်ရှင် မစ္စတာ ဆင်းက ခွေးကို ပေါင် ၁၈၀ နဲ့ ဝယ်ခဲ့ပြီး လယ်တောအိမ်မှာ ထားတာ ၃ နှစ်လောက်ရှိပြီလို့လည်း ဆိုပါတယ်။

Leave a Reply

  • (will not be published)