ရုပ်သံလိုင်း ၅ခု ရုပ်သံထုတ်လွှင့်နည်းပညာဆိုင်ရာ စက်ပစ္စည်းဝယ်ယူဖို့ စာချုပ်ချုပ်ဆို

Posted by on in မီဒီယာ, သတင်း

Details

ရုပ်သံလိုင်စင်ရ ကုမ္ပဏီငါးခုဟာ နိုဝင်ဘာလ (၁၇)ရက်နေ့မှာ ရုပ်သံထုတ်လွှင့်နည်းပညာဆိုင်ရာ စက်ပစ္စည်းတွေ ၀ယ်ယူဖို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဒီစာချုပ်အရ ရုပ်သံလိုင်စင်ရထားတဲ့ ကုမ္ပဏီးငါးခုဟာ မြန်မာ့ရုပ်မြင်သံကြားမှတဆင့် အခမဲ့ ရုပ်သံလိုင်းတွေထုတ်လွင့်ဖို့ စီစဉ်နေတာပါ။ လက်ရှိမှာ ရုပ်သံ လိုင်းတွေအနေနဲ့ ပြင်ဆင်မှုတွေ ရာခိုင်နုန်းတော်တော်များများ ပြီးဆုံးနေပြီဖြစ်ပါတယ်။ အပြီးသတ် စာချုပ်ဖြစ်တဲ့ မြန်မာရုပ်မြင်သံကြားနဲ့ တရားဝင်စာချုပ်ချုပ်ဆိုဖို့အတွက် ၂၀၁၈ နှစ်ဆန်းပိုင်းလောက်မှာပဲ ဖြစ်နိုင်မယ်လို့ ကုမ္ပဏီတာဝန်ရှိသူတွေကဆိုပါတယ်။ တရားဝင် ရုပ်သံလွှင့်ခွင့်လိုင်စင် ရရှိထားတဲ့ ကုမ္ပဏီးငါးခုကတော့ DVB၊ Mizzicma KMA တယ်လီဟိုဒင်းနဲ့ Fortune မြန်မာနဲ MY မီဒီယာဂရုတို့ ဖြစ်ပါတယ်။
DVB TV – 17.11.2017

Leave a Reply

  • (will not be published)