မိုးကုတ် နှစ် ၈၀၀ ပြည့်ပွဲဂုဏ်ပြုစီးနင်းတဲ့ စက်ဘီးအဖွဲ့ ရောက်ရှိ

Posted by on in ပွဲတော်, သတင်း, အထိမ်းအမှတ်

Details

မိုးကုတ် နှစ် ၈၀၀ ပြည့်ပွဲဂုဏ်ပြုစီးနင်းတဲ့ Bicycle Network Myanmar အဖွဲ့ မိုးကုတ်မြို့ရောက်ရှိ
*******************
မိုးကုတ် နှစ် ၈၀၀ ပြည့်ပွဲတော်ကို ဂုဏ်ပြုအနေနဲ့ စီးနင်းတဲ့ Bicycle Network Myanmar စက်ဘီးအဖွဲ့ မိုးကုတ်မြို့ကို ဒီကနေ့ မနက်ပိုင်းမှာရောက်ရှိလာပါတယ်။ Bicycle Network Myanmar စက်ဘီးအဖွဲ့ ဟာ ရန်ကုန်မြို့ ကနေ မိုးကုတ်မြို့ မိုင် ၅၀၀ ကျော်ခရီးကို မတ်လ ၂၁ ရက်နေ့က စတင်ထွက်ခွာလာတာဖြစ်ပြီး တစ်ပတ်အကြာမှာ မိုးကုတ်မြို့ကို ရောက်ရှိလာတာဖြစ်ပါတယ်။
Bicycle Network Myanmar စက်ဘီးအဖွဲ့ကို မိုးကုတ်နှစ်၈၀ဝဖြစ်မြောက်ရေးကော်မတီလူငယ်(ရန်ကုန်)အဖွဲ့က ပံ့ပိုးပေးတာဖြစ်ပြီး အဖွဲ့ဝင် ၈ ဦးက စီးနင်းဂုဏ်ပြုတာလည်းဖြစ်ပါတယ်။

ရိုက်ကူး – ကျော်ဇေယျာဝင်း
DVB TV – 28.03.2018

Leave a Reply

  • (will not be published)