ဖိလစ်ပိုင်တောင်ပိုင်း လမ်းဘေးချိုင့်ထဲတွင် လူသေအလောင်းများ တွေ့ရှိ (ရုပ်သံ)

Posted by on in သတင်း, နိုင်ငံတကာ, ရုပ်သံမှတ်တမ်း

Details

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း မာရာဝီမြို့ပြင် လမ်းဘေးက ချိုင့်ထဲမှာ လူသေအလောင်း အနည်းဆုံး ၈ လောင်းကို ရဲတွေက တွေ့ခဲ့ပါတယ်။

အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွတွေနဲ့ ချိတ်ဆက်ထားတဲ့ စစ်သွေးကြွ တွေကို ရှင်းလင်းဖို့ မာရာဝီမြို့မှာ စစ်ဆင်ရေးတွေ ဆက်လုပ်နေဆဲပါ။

ဒေသစံတော်ချိန် မနက် ၂ နာရီလောက်ကစပြီး သေနတ်သံတွေ ကြားခဲ့တယ်ဆိုတဲ့ အစီရင်ခံစာတွေ ရအပြီး မနက် ၈ နာရီလောက်မှာ အလောင်းတွေကို တွေ့ခဲ့ကြောင်း အရပ်သားတွေက ရဲတွေကို အကြောင်းကြားခဲ့တာပါ။

အလောင်းတွေမှာ သီလကြောင်လို့ အာရပ်ဘာသာနဲ့ ရေးထားတဲ့ စာတွေ ကပ်ထား ပါတယ်။ သူတို့ဟာ မာရာဝီမြို့နဲ့ ၂ ကီလိုမီတာဝေးတဲ့လမ်းကို ဖြတ်သန်းသွားလာနေတဲ့ ဆောက်လုပ်ရေး လုပ်သားတွေ ဖြစ်ပုံရတယ်လို့လည်း ယုံကြည်နေကြပါတယ်။

မေ ၂၃ ရက်က စတဲ့ စစ်သွေးကြွ အကြမ်းဖက်မှုတွေအတွင်း လူ ၄၆ ယောက် သေဆုံးပြီးပါပြီ။

ဖိလစ်ပိုင် သမ္မတ ရိုဒရီဂို ဒူတာတေက မင်ဒါနာအို တကျွန်းလုံးကို စစ်အုပ်ချုပ်ရေး ဥပဒေ ကြေညာထားပါတယ်။

Leave a Reply

  • (will not be published)