ဆယ်တန်းအောင်ရင် ဘယ်လမ်းရွေးမလဲ

Posted by on in လူငယ့်အသံ, အထူးအစီအစဉ်များ, အပတ်စဉ်ကဏ္ဍ

Details

ပညာရေးကို အလေးပေးလာနေတဲ့ ပညာခေတ်ကြီးထဲမှာ လူငယ်တွေ ဘယ်လို ရုန်းကန်နေကြရသလဲ၊ အဆင့်မြင့်ပညာရေးအတွက် ဘယ်လမ်းကြောင်းတွေကို ရွေးချယ်လျှောက်လှမ်းနေသလဲ၊ ကြိုတင်ပြင်ဆင်နိုင်ဖို့ ဘာတွေသိထားဖို့ လိုအပ်မလဲ စတဲ့ ပညာရေးဆိုင်ရာ သုံးသပ်တင်ပြချက်တွေကို ခုတပတ် လူငယ့်အသံ အစီအစဉ်မှာ ရှုစားသွားရမှာပါ။

ဆယ်တန်းအောင်ရင် ဘယ်လမ်းရွေးမလဲ

ငယ်စဉ်ကတည်းက ပညာရေးရည်မှန်းချက် ကြီးမားပေမယ့် မပြေလည်တဲ့ ဘ၀အခြေအနေ၊ တပိုင်တနိုင်အိမ်တွင်းအကြော်စုံလုပ်ငန်းလုပ်ကိုင်နေတဲ့ မိသားစုလေးဘ၀ကနေ ရုန်းကန်ကြိုးစားပြီး ထူးချွန်ခဲ့တဲ့ လူငယ်တွေကို ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာသာ တွေ့ဖူးမြင်ဖူးကြမှာပါ။ တကယ့်လက်တွေ့ဘ၀ထဲမှာတော့ အခြေခံအလွှာ မိသားစုထဲကနေ ရုန်းကန်ကြိုးစားရင်း (၁၀)တန်းမှာ (၄)ဘာသာဂုဏ်ထူးနဲ့ ထူးချွန်အောင်မြင်ပြီး ဆေးကျောင်းအမှတ်မှီနေတဲ့ နယ်မြို့လေးတခုက ကျောင်းသားလေးတယောက်ရဲ့ ဘ၀ပုံရိပ်ကိုလည်း တင်ဆက်ပေးထားပါတယ်။

လူငယ့်အသံ အစီအစဉ်ကို သောကြာနေ့တိုင်းမှာ အသစ်တင်ဆက်ပြီး စနေ၊ တနလာင်္နဲ့ ဗုဒဟူးနေ့တွေမှာလည်း ပြန်လည် ကြည့်ရှုနိုင်ပါတယ်။ လူငယ့်အသံရဲ့ ဖေ့ဘုတ်စာမျက်နှာ DVB Youth Voice မှာလည်း see first လုပ်ပြီး အားပေးနိုင်ပါတယ်။
DVB Youth Voice – 20.10.2017

Leave a Reply

  • (will not be published)