ဆန်းတိုဒိုမင်ဂိုဆိပ်ကမ်းတွင် သင်္ဘောကြီးတစီး ဆိပ်ခံတံတားကို ဝင်တိုက် (ရုပ်သံ)

Posted by on in နိုင်ငံတကာ, ရုပ်သံမှတ်တမ်း

Details

ဒိုမီနီကန်ရီပက်ဘလစ်နိုင်ငံ ဆန်းတိုဒိုမင်ဂိုမြို့တော်မှာ ဆိပ်ခံတံတားကို သင်္ဘောကြီးတစီးက ဝင်တိုက်မှုဖြစ်ခဲ့ပြီး ဆိပ်ကမ်းမှာ အကြီးအကျယ်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မေ ၁၈ ရက်နေ့ မနက်က ဖြစ်ခဲ့တာပါ။ ရုပ်သံထဲမှာ ကီဒန်လို့ အမည်ပေးထားတဲ့ သင်္ဘောကြီးက ဆိပ်ခံတံတားကြီးနဲ့ ဒန်ဒီဂိုဂိတ်မှာ ရှိနေတဲ့ ကုန်သေတ္တာတော်တော်များများကို ဝင်တိုက်ခဲ့တာကို မြင်ရမှာပါ။ ဘယ်သူမှ ထိခိုက်ဒဏ်ရာ မရဘူးလို့ သိရပါတယ်။

သတင်းထုတ်ပြန်မှုတွေအရ သင်္ဘောကြီးက ဆန်းတိုဒိုမင်ဂို ဆိပ်ကမ်းကို ရောက်ရောက်ခြင်း အရှိန်လျှော့ခုတ်မောင်းရတဲ့ နေရာမှာ ဆိပ်ကမ်းကပ်ချိန် ဒီလိုဆိပ်ကမ်းကို ဝင်ရောက်တိုက်မှု ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

နောက်ရုပ်သံထဲမှာတော့ သဘောင်္ကြီးက ရှေ့ဆက်တိုးလာလို့ ဆိပ်ကမ်းဝန်ထမ်းတွေက လုံခြုံရာဆီ ကစဥ့်ကလျား ထွက်ပြေးနေတာကို မြင်ရပါတယ်။

ဖယ်ရီဒယ်ကရစ်ဘီ ကုမ္ပဏီက ခုတ်မောင်းနေတဲ့ ဒီသဘော်ကီးက ဆန်းဂျုဝမ် ပေါ်တူဂီနဲ့ ဆန်းတိုဒိုမင်ဂိုမြို့တွေကို ပြေးဆွဲ ခုတ်မောင်းနေတာလို့ သိရပါတယ်။

Leave a Reply

  • (will not be published)