စင်္ကာပူနဲ့ တောင်ကိုရီးယား နိုင်ငံရောက် မြန်မာတွေ ကြိုတင်မဲ စတင်ပေး

Posted by on in သတင်း, ရွေးကောက်ပွဲ

Details

စင်္ကာပူနဲ့ တောင်ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် သက်ဆိုင်ရာ မြန်မာသံရုံးတွေမှာ ဒီကနေ့ သွားရောက် ကြိုတင်မဲ စတင်ပေးခဲ့ပါတယ်။ စင်္ကာပူမှာတော့ ဒီကနေ့ လူ ၂၀၀၀ လောက် ကြိုတင်မဲ လာပေးခဲ့ကြပြီး ရုံးဖွင့်ရက်ဖြစ်ပေမယ့် မဲလာပေးသူ အရေအတွက်များတဲ့အတွက် သတ်မှတ်ချိန်ထက်ကျော်လွန်တဲ့အထိ မဲရုံဖွင့်ထားခဲ့ရပြီး မဲပေးဖို့ အချိန် လေးငါးနာရီ စောင့်ဆိုင်းပြီးမှာ မဲပေးခဲ့ ကြရတယ်လို့ မဲသွားပေးသူ တဦးက ဒီဗွီဘီကိုပြောပါတယ်။ ကြိုတင်မဲပေးပွဲကို အောက်တိုဘာ ၁၅ရက်ကနေ ၁၈ရက်နေ့အထိ ဖွင့်လှစ်ထားမှာ ဖြစ်ပါတယ်။
DVB TV – 15.10.2015

Leave a Reply

  • (will not be published)