ဂီတ ပရိသတ်လူငယ်တွေကြား ၀ဲ ဂယက် ရိုက်ခတ်နေတဲ့ Mary

Posted by on in လူငယ့်အသံ, အထူးအစီအစဉ်များ, အပတ်စဉ်ကဏ္ဍ

Details

သူ့ရဲ့ဘ၀ သူ့ ဂီတ သူရည်ရွယ်ထားတဲ့သူအကြောင်းတွေကို ဖွင့်ပြောထားတဲ့ Mary ရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်တွေနဲ့အတူ ကလေးစာပေ ထွန်းကားမှုကနေ လူငယ်စာပေ ဖြစ်တည်မှုအလားအလာ သုံးသပ်တင်ပြချက်တွေကို ခုတပတ် လူငယ့်အသံ အစီအစဉ်မှာ ရှုစားကြရမှာ ဖြစ်ပါတယ်။

“Mary က အဓိကကတော့ ဦးဏှောက်ထဲမှာ story တခုကို စဉ်းစားပြီးတော့ စပ်ဖြစ်တာများတယ်… music တခုအနေနဲ့တော့ Mary သတ်မှတ်လို့မရဘူး ဘာဖြစ်လို့လဲဆိုတော့ Mary က အေးအေးလေးတွေဆိုတယ် တချို့တွေသဘောမကျရင် ဖြစ်ရင်ဖြစ်တဲ့ ပုံစံလေးတွေဆိုဖြစ်တယ်…”

“Mary က ငယ်ငယ်လေးကတည်းက တဦးတည်းသောသမီး.. ဟိုမှာက အမေနဲ့ကြီးခဲ့တယ်ဆိုတော့ ဘ၀မှာ အားကိုးရတဲ့ ယောက်ျားလေးတယောက်ကို Mary အရမ်းလိုချင်တယ်.. ဘာလို့လဲဆိုတော့ အမေနဲ့နှစ်ယောက်ထဲ ကြီးလာရတာကိုး.. Mary အားကိုးရမယ့်သူ ယုံကြည်ရမယ့်သူ Mary ကို ဦးဆောင်နိုင်မယ့်သူ…”

DVB Youth Voice – 27.10.2017

Leave a Reply

  • (will not be published)