ချန်ပီယံ ထွန်းထွန်းမင်း တိုကျိုမှာလုပ်တဲ့ ရိုးရာလက်ဝှေ့ပွဲမှာ ပြိုင်ဘက် သြဇီကို အလဲထိုး

Posted by on in သတင်း, အားကစား

Details

တိုကျိုမြို့ မှာ ဒီနေ့ပြုလုပ်တဲ့ ပထမဆုံးအကြိမ် ရိုးရာလက်ဝှေ့ပွဲLethwei GP in Japan 2016 မှာ ချန်ပီယံ ထွန်းထွန်းမင်း က ပြိုင်ဘက် သြစတြေးလျ လက်ဝှေ့သမား အဒမ် ကို အလဲထိုးအနိုင်ရခဲ့ပါတယ်။

သူ့အနေနဲ့ အခုပွဲမှာ အနိုင်ရတဲ့အတွက် မြန်မာနိုင်ငံအတွက် ဂုဏ်ယူသလို ပရိတ်သတ်တွေအားပေးမှု အပါအ၀င် အဖက်ဖက်က ပံပိုးမှုတွေကြောင့်လို့ ဒီဗီဘီ ကိုပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံဘက်က ပွဲစီစဉ်သူဦးဝဏ္ဏ(မြန်မာမီဒီယာဂရု)ကတော့ အခုလို မြန်မာ့ရိုးရာလက်ဝှေ့ စစ်စစ်ကို ဂျပန်နိုင်ငံမှာ ပထမဆုံးအောင်မြင်စွာ ကျင်းပနိုင်ခဲ့လို့ မြန်မာပြည်သူများကိုယ်စား ၀မ်းသာဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။

Lethwei GP in Japan 2016မှာ ဂျပန်လူမျိုးအများအပြား ရုံပြည်လာရောက်ကြည့်ရှုခဲ့ပြီး ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသူရိန်သန့်ဇင်ကလည်း တက်ရောက်ဆုချီးမြှင့်ပါတယ်။

အခုပြိုင်ပွဲမှာ ထွန်းထွန်းမင်းနဲ့ အဒမ်(သြစတေလျ)၊ တူးတူးနဲ့ စိုးလင်းဦး၊ အသားသည်းတပွင့်နဲ့ကြယ်စင်ဖြိုး၊ ထွန်းလွင်မိုးနဲ့စောထူးအောင်၊ စောအယ်လေးနဲ့ စောထူးဇော်တို့ ပါဝင်ထိုးသတ်ခဲ့ ကြပါတယ်။

ရိုက်ကူး – ဇော်ဇော်လှိုင်

Leave a Reply

  • (will not be published)