ကွမ်းယဉ်ကျေးမှု တိုက်ဖျက်နိုင်ပါ့မလား

Posted by on in DVB Debate, အပတ်စဉ်ကဏ္ဍ

Details

DVB TV – ကွမ်းယဉ်ကျေးမှု တိုက်ဖျက်နိုင်ပါ့မလား ( စီးပွားရေး ဒီဘိတ် )

“ဥပဒေနဲ့တိုက်ဖျက်မယ်ဆိုရင်တော့အောင်မြင်နိုင်ပါတယ်။ယူအေအီး နိုင်ငံမှာကွမ်းစားရင်ထောင်ဒဏ် အထိရှိတယ်။ကျနော်တို့ဆီမှာလည်း ဟိုးရှေးတုန်းက ရခိုင်ဘုရင်မင်းထီးလက်ထက်မှာပေါ့နော်၊အား လုံးက ကွမ်းစားကြတယ်ထင်တယ်။ဘာလို့လည်းဆိုတော့ကွမ်းစားပြီးရင် တိုင်တွေမှာလျှောက်သုတ် ကြတယ်။ဒီတော့တိုင်တွေညစ်ပတ်ကုန်လို့ ထုံးမသုတ်ရဘူးဆိုပြီးကန့်သတ်လိုက်တယ်။နောက်ဆုံး သူကိုယ်တိုင်ထုံးသုတ်မိလို့ သူ့လက်ချောင်းသူဖြတ်ပြစ်လိုက် တယ်။အဲ့လိုမျိုးသံမဏိအမိန့်ထုတ် နိုင်မလား”
– ဒေါက်တာအောင်ထွဋ်ပိုင်

“ဒီမိုကရေစီနည်းအရကြည့်မယ်ဆိုရင်တော့ ကျနော့်အမြင်အရပြောရရင် ဒါကလူ့အခွင့်အရေးကို ချိုးဖောက်တယ်လို့မြင်တယ်။ဒါကြောင့် စားချင်တဲ့သူတွေစားကြပါစေ။စီးပွားရေးနဲ့ပတ်သတ်လို့ ကျနော် ကွမ်းသီးရောင်းဝယ် ရေးလုပ်တာပြီးခဲ့တဲ့၂၀၀၀ခုနှစ်ကတည်းက စခဲ့တာပါ။တစ်နေ့ကို ကွမ်းသီးပိဿချိန်၁၅၀ဝန်းကျင် အရောင်း အဝယ်ဖြစ်တယ်။”
– ကိုမျိုးနိုင် (ကွမ်းသီးရောင်းဝယ်ရေး)

“ကွမ်းယာကိုမစားပဲမနေနိုင်တဲ့သူတွေရှိသလို မနက်အိပ်ရာထတာနဲ့ ကွမ်းယာနဲ့ မျက်နှာသစ်တဲ့သူတွေ လည်းရှိပါတယ်။ဘာလို့လဲဆိုတော့ ကျနော် ကွမ်းယာရောင်းတဲ့သက်တမ်းတစ်လျှောက်မှာမနက်မိုးလင်းတာ နဲ့ကွမ်းယာကိုမှာထားတဲ့သူရှိသလို အမြဲတမ်း အစဉ်တစိုက်ကွမ်းယာ မှာထားတဲ့သူတွေရှိပါတယ်။ အဲ့လိုရှိတဲ့အတွက်ကွမ်းယာကိုပိတ်ပင် မယ်၊တား မြစ်မယ်ဆိုရင်တော့ ကျနော့်အနေနဲ့က လက်ခံနိုင် စရာ အကြောင်းတော့မရှိပါဘူး။”
– ကိုသန့်ဇင်(ကွမ်းယာရောင်းဝယ်ရေး)

((ကွမ်းစားသုံးခြင်းမှာဘယ်အရာဝတ္ထုတွေကနေ ကင်ဆာရောဂါ ကိုဖြစ်စေနိုင် သလဲဆိုတာကို နိုင်ငံတော်အစိုးရပိုင်းကသေသေချာချာ စိစစ်ပြီးတော့သုတေသနပြုမှုတွေအများကြီး လိုပါတယ် ။နောက်တစ်ခါကွမ်းတံတွေးထွေးတာနဲ့ပတ်သတ်လို့ နိုင်ငံတော် အစိုးရပိုင်းက လူထုကို အသိပညာပေးတဲ့ကန်ပိန်းပွဲတွေကိုမြို့နယ် တိုင်းမှာလုပ်ပေးသင့်တယ်လို့ကျနော့်အနေနဲ့ယူဆ ပါတယ်))ပရိသတ်-ကိုစိုးလွင်ဦး

Leave a Reply

  • (will not be published)