လူငယ့်အသံ

အနာဂတ်ကိုဖန်ဆင်းမည့် လူငယ်များအတွက် သိသင့်သိထိုက်သည့် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များ၊ လူငယ်တို့ပါဝင်သည့် လူငယ့်အခွင့်အရေး လှုပ်ရှားမှုများ၊ လူငယ်တို့ ရင်ခုန်သည့် ရုပ်ရှင် ဂီတ အနုပညာများ၊ လူငယ်တို့ စိတ်ဝင်စားသည့် နည်းပညာ အသစ်အဆန်းများ၊ လူငယ်တို့ မျှော်လင့်သည့် ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ၊ ပြည်တွင်း ပြည်ပက နာမည်ကျော် လူငယ်တို့၏ ဘ၀ရုပ်ပုံလွှာများ၊ လူငယ့်ရုန်းကန်မှုနှင့် အောင်မြင်မှုများ လူငယ့်အမြင်၊ လူငယ့်အတွေး၊ လူငယ့်အလှ၊ လူငယ့် သဘာဝနှင့် ရောင်စုံဖြာနေသည့် လူငယ့်လောကအကြောင်း။

Latest
Most Viewed
Most Commented
မဲဆန္ဒရှင်တွေအနေနဲ့ ခြိမ်းခြောက်မှုတွေကို မကြောက်ဖို့ ဖြူဖြူကျော်သိန်း တိုက်တွန်း

မဲပေးမယ့် မဲဆန္ဒရှင်တွေကို မဲပေးခွင့်မရအောင် ခြိမ်းခြောက်မှုတွေပြုလုပ်ရင် ဥပဒေအရ အရေးယူမှုတွေပြုလုပ်နိုင်တယ်လို့ အဆိုတော် ဖြူဖြူကျော်သိန်း က တိုက်တွန်း ပြောကြားလိုက်ပါတယ်။ ” ဖြူဖြူတို့လိုမျိုး တိုင်းသိပြည်သိ အနုပညာရှင်တွေကိုတောင်မှ ဒါမျိုး ထိကပါးရိကပါး ဒါနဲ့ ပတ်သက်ပြီး မဲစာရင်းကြည့်ဖို့ ပြောကြတဲ့အတွက်ကြောင့် တိုက်ခိုက် ခြိမ်းခြောက် နှောက်ယှက်လိုတာမျိုး ရှိတယ်ဆိုရင် အကာအကွယ်မဲ့တဲ့ ပရိသတ်ပြည်သူတွေကို ရပ်ကွက်ထဲမှာ အလုပ်ထဲမှာ ဘယ်လောက်ထိများ ထိခိုက်အောင် နစ်နာအောင် ကြောက်တတ်အောင်လို့ ခြောက်နေတာမျိုး ခြိမ်းခြောက်နေတာမျိုး တိုက်ခိုက်နေတာမျိုး လှောင်ပြောင်နေတာမျိုး ရှိမလဲဆိုတာက စိုးရိမ်စရာမျိုး ရှိတဲ့အနေအထားလို့လည်း မြင်ပါတယ်။ ဒါပေမယ့် အဲဒါက ကြောက်စရာတော့ မလိုဘူးလိုလည်း ထပ်ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲ ဥပဒေအရဆိုရင် ဒီမိုကရေစီ နိုင်ငံသား တယောက်သည် ၁၈နှစ်ပြည့်ပြီးသွားရင် မဲပေးပိုင်ခွင့်ရှိတဲ့သူတယောက်ကို မဲမပေးနိုင်အောင် …Read more »

စာမေးပွဲဖြေဖို့ ကျောင်းသားတွေအတွက် သွားလာရေး တကသ စီစဉ်ပေး

ဘတ်စ်ကား ယာဉ်လိုင်းအများအပြား ရပ်နားထားမှုကြောင့် စာမေးပွဲသွားဖြေဖို့ သွားလာရေး အခက်အခဲဖြစ်နေတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသူကျောင်းသားတွေအတွက် မြို့တွင်း မှတ်တိုင်တွေကနေ ကျောင်းအထိ ဘီအမ်ကားတချို့နဲ့ သယ်ယူပို့ဆောင်ရေးကို ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက အခမဲ့ စီစဉ်ပေးနေရပါတယ်။ ကောင်းထက်ကျော် သတင်းပေးပို့ထားပါတယ်။ DVB Youth Voice – 18.09.2015

ပထမဆုံးအကြိမ် မဲပေးခွင့် ရရှိလာတဲ့ လူငယ်တွေက ဘာတွေ ပြောကြသလဲ

အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာမှ ပထမဆုံးအကြိမ် မဲပေးခွင့် ရရှိလာကြတဲ့ လူငယ်တွေကြားမှာ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု ရှိနေကြသလို ကွဲပြားတဲ့ သဘောထားအမြင် တချို့လည်း ရှိနေပါတယ်။ ဒီအကြောင်းကို ပြည့်စုံက စုစည်းတင်ဆက်ပေးထားပါတယ်။ DVB Youth Voice – 17.09.2015

လက်ရှိ နိုင်ငံရေးဂယက်နဲ့ ရွေးကောက်ပွဲ အပေါ် ကျောင်းသားလူငယ်တွေ စောင့်ကြည့်သုံးသပ်

လက်ရှိ နိုင်ငံရေးပါတီ ဂယက်တချို့ ဖြစ်ပွားနေပြီး လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ အပေါ် ကျောင်းသားလူငယ်တချို့က စိုးရိမ်မကင်းဖြစ်နေသလို စောင့်ကြည့်မှုတွေ ရှိနေပါတယ်။ DVB Youth Voice – 14.08.2015

၂၀၁၅ရွေးကောက်ပွဲ ကို လူငယ်တွေ ဘယ်လိုသဘောထား ရှိနေကြသလဲ

၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့ကျရင် ကျင်းပ အထွေထွေ ရွေးကောက်ပွဲကို လူငယ်တွေ ဘယ်လိုသဘောထား ရှိနေကြသလဲ၊ စိတ်ပါဝင်စားမှု ဘယ်လိုရှိနေသလဲ၊ လူငယ်တွေအချင်ချင်းကြား ဘာတွေပြောကြသလဲ၊ မဲစာရင်းတွေ သွားကြည့်ကြသလား၊ ၂၀၁၅ရွေးကောက်ပွဲ ကနေ ဘယ်လိုအပြောင်းအလဲတွေများ လူငယ်တွေ မျှော်လင့်ကြသလဲ DVB Youth Voice – 07.07.2015

ဖေ့စ်ဘုတ် ကီးဘုတ်တေးသံရှင် မေလသံစဉ်နှင့် တွေ့ဆုံမေးမြန်းခန်း

ဖေ့ဘုတ်လူမှုကွန်ရက်ပေါ်မှာ ကိုယ်တိုင် ကီးဘုတ်တီး သီချင်းတွေဆိုရင်း အွန်လိုင်း ပရိသတ် အားပေးမှု ရရှိနေတဲ့ (၇)တန်းကျောင်းသူ မေလသံစဉ်နှင့် လူငယ့်အသံ တွေ့ဆုံမေးမြန်းခန်း DVB Youth Voice – 24.06.2015

ကိုယ်တိုင်အော်ဂင်တီးပြီးသီချင်းဆိုတဲ့ (၇)တန်းကျောင်းသူ မေလသံစဉ်

လူမှုကွန်ယက်တခုဖြစ်တဲ့ facebook ပေါ်မှာ ကိုယ်တိုင် အော်ဂင်တီးခတ်ပြီး သီချင်းသီဆိုတဲ့ video တွေကြောင့် online ပရိတ်သတ်အခိုင်အမာ ရရှိနေတဲ့ (၇)တန်းကျောင်းသူလေး မေလသံစဉ်ရဲ့ သတင်းပုံရိပ်ကို ကောင်းထက်ကျော်က တင်ဆက်ထားပါတယ်။ DVB Youth Voice – 12.06.2015

Luxury Brand Model သရဖူဆုရှင် ဇွန်သံစဉ်နှင့် တွေ့ဆုံမေးမြန်းခန်း

DVB Youth Voice – ကိုရီးယားမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး Luxury Brand Model သရဖူဆုရှင် ဇွန်သံစဉ်နှင့် တွေ့ဆုံမေးမြန်းခန်း

ပညာရေး ၄ပွင့်ဆိုင်ထဲက ၂ပွင့်နှင့် လူငယ်အင်တာဗျုး

အမျိုးသားပညာရေး ပြင်ဆင်တဲ့ ဥပေဒမူကြမ်းကို လွှတ်တော်ဆီ ဒုတိယအကြိမ် ပြန်လည်ရောက်ရှိလာပြီး မတ်လ ၂၆ရက်နေ့က အမျိုးသားလွှတ်တော်မှာ ထပ်မံအတည်ပြုလိုက်ပါတယ်။ ဆက်လက်ပြီး ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးကြရဦးမှာပါ။ ပညာရေးဥပဒေ ပြင်ဆင်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ လေးပွင့်ဆိုင်ထဲက နှစ်ပွင့်ကို ဒီဗီဘီ လူငယ့်အသံကနေ တွေ့ဆုံမေးမြန်းထားပါတယ်။ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER အဖွဲ့ဝင် ရန်ကုန်တိုင်လွှတ်တော် ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဒေါက်တာညိုညိုသင်းနဲ့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက ဒဂုံတက္ကသိုလ်ကျောင်းသား ကိုနန်းလင်းတို့ ပါဝင်ဆွေးနွေးထားကြပါတယ်။