လူငယ့်အသံ

အနာဂတ်ကိုဖန်ဆင်းမည့် လူငယ်များအတွက် သိသင့်သိထိုက်သည့် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များ၊ လူငယ်တို့ပါဝင်သည့် လူငယ့်အခွင့်အရေး လှုပ်ရှားမှုများ၊ လူငယ်တို့ ရင်ခုန်သည့် ရုပ်ရှင် ဂီတ အနုပညာများ၊ လူငယ်တို့ စိတ်ဝင်စားသည့် နည်းပညာ အသစ်အဆန်းများ၊ လူငယ်တို့ မျှော်လင့်သည့် ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ၊ ပြည်တွင်း ပြည်ပက နာမည်ကျော် လူငယ်တို့၏ ဘ၀ရုပ်ပုံလွှာများ၊ လူငယ့်ရုန်းကန်မှုနှင့် အောင်မြင်မှုများ လူငယ့်အမြင်၊ လူငယ့်အတွေး၊ လူငယ့်အလှ၊ လူငယ့် သဘာဝနှင့် ရောင်စုံဖြာနေသည့် လူငယ့်လောကအကြောင်း။

Latest
Most Viewed
Most Commented
မဲဆန္ဒရှင်တွေအနေနဲ့ ခြိမ်းခြောက်မှုတွေကို မကြောက်ဖို့ ဖြူဖြူကျော်သိန်း တိုက်တွန်း

မဲပေးမယ့် မဲဆန္ဒရှင်တွေကို မဲပေးခွင့်မရအောင် ခြိမ်းခြောက်မှုတွေပြုလုပ်ရင် ဥပဒေအရ အရေးယူမှုတွေပြုလုပ်နိုင်တယ်လို့ အဆိုတော် ဖြူဖြူကျော်သိန်း က တိုက်တွန်း ပြောကြားလိုက်ပါတယ်။ ” ဖြူဖြူတို့လိုမျိုး တိုင်းသိပြည်သိ အနုပညာရှင်တွေကိုတောင်မှ ဒါမျိုး ထိကပါးရိကပါး ဒါနဲ့ ပတ်သက်ပြီး မဲစာရင်းကြည့်ဖို့ ပြောကြတဲ့အတွက်ကြောင့် တိုက်ခိုက် ခြိမ်းခြောက် နှောက်ယှက်လိုတာမျိုး ရှိတယ်ဆိုရင် အကာအကွယ်မဲ့တဲ့ ပရိသတ်ပြည်သူတွေကို ရပ်ကွက်ထဲမှာ အလုပ်ထဲမှာ ဘယ်လောက်ထိများ ထိခိုက်အောင် နစ်နာအောင် ကြောက်တတ်အောင်လို့ ခြောက်နေတာမျိုး ခြိမ်းခြောက်နေတာမျိုး တိုက်ခိုက်နေတာမျိုး လှောင်ပြောင်နေတာမျိုး ရှိမလဲဆိုတာက စိုးရိမ်စရာမျိုး ရှိတဲ့အနေအထားလို့လည်း မြင်ပါတယ်။ ဒါပေမယ့် အဲဒါက ကြောက်စရာတော့ မလိုဘူးလိုလည်း ထပ်ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲ ဥပဒေအရဆိုရင် ဒီမိုကရေစီ နိုင်ငံသား တယောက်သည် ၁၈နှစ်ပြည့်ပြီးသွားရင် မဲပေးပိုင်ခွင့်ရှိတဲ့သူတယောက်ကို မဲမပေးနိုင်အောင် …Read more »

လက်ပံတန်း လူငယ်လေး(၃)ယောက်အဖွဲ့ရဲ့ သရီးဒီ ပန်းချီ ပုံရိပ်

ငယ်စဉ်ကတည်းက ပန်းချီပညာရပ်တွေကို ၀ါသနာပါလို့ လေ့လာရင်းနဲ့ ကိုယ်စိတ်ဝင်စားရာ သရီးဒီ ပန်းချီ ပုံရိပ်တွေကို ဖော်ထုတ်လာနေကြတဲ့ လူငယ်တွေရှိကြပါတယ်။ ဒီအထဲမှာ လက်ပံတန်းမြို့က လူငယ်လေး ၃ယောက်ပါဝင်တဲ့ အဖွဲ့လေးတဖွဲ့ကို မိတ်ဆက်ပေးချင်ပါတယ်။ ရိုက်ကူး – ၀ဏ္ဍထွန်း DVB Youth Voice – 10.01.2017

ကလေး ဗဟိုပြု သင်ထောက်ကူ ပစ္စည်း ပြပွဲပြိုင်ပွဲ ပြုလုပ်

ကျောင်းတွေမှာ လက်တွေ့ သင်ကြားရေး အထောက်အကူပြုနိုင်အောင် ကျောင်း လေးဆယ်ကျော် စုပေါင်းပြီး မူလတန်းအဆင့် သင်ထောက်ကူ ပစ္စည်း ပြပွဲပြိုင်ပွဲ ပြုလုပ်သွားပါတယ်။ ဒီသတင်းကို ပြည့်စုံက တင်ဆက်ထားပါတယ်။ ရိုက်ကူး – ရွှေနွယ်မောင် DVB Youth Voice – 14.12.2015

DVB TV – လူငယ်ညီလာခံကိုတံတားဦးမြို့မှာကျင်းပ

ရပ်ရွာအခြေပြု့လူငယ်ခေါင်းဆောင်တွေထွက်ပေါ်လာစေဖို့ရည်ရွယ်ပြီးမန္တလေးတိုင်းဒေသကြီးလူငယ်ညီလာခံကိုတံတားဦးမြို့မှာကျင်းပနေပါတယ်။ ငြိမ်းမိုးနောင်

၂၀၁၅ ရွေးကောက်ပွဲနဲ့ လူငယ်ရှုထောင့် (မုံရွာ)

နိုဝင်ဘာလ ၈ ရက်နေ့မှာ ပြုလုပ်မယ့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် နောက်ဆုံးအကြိမ် မဲစာရင်းတွေကို ခုလက်ရှိ ၂ပတ်ကြာ ထုတ်ပြန်ထားရာကနေ ရေဘေးနဲ့ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့တဲ့ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းထဲက မြို့နယ်တချို့မှာ အောက်တိုဘာလဆန်းအထိ အသီးသီး တိုးမြှင့်ပေးထားပါတယ်။ ဒီအထဲမှာ မြန်မာပြည်အလယ်ပိုင်း၊ အထက်ပိုင်းတွေက လာရောက် ပညာသင်ကြားနေတဲ့ မုံရွာတက္ကသိုလ်က နယ်ကျောင်းသားတွေရဲ့ ရွေးကောက်ပွဲအပေါ် လူငယ်ရှုဒေါင့် တွေကို စုစည်းတင်ပြလိုက်ပါတယ်။ DVB Youth Voice -24.09.2015

လူငယ်ထဲက လူငယ်တွေအကြောင်း လူငယ့်အသံ

– ငြိမ်းချမ်းရေးလိုလားတဲ့လူငယ်တွေနဲ့ ပြည်သူတွေက စစ်ပွဲတွေအမြန်ဆုံးရပ်တန့်ပေးဖို့ လူထုပါဝင်တဲ့ ငြိမ်းချမ်းရေးအတွက် ဆန္ဒထုတ်ဖော်လှုပ်ရှားမှုတွေကို ပြုလုပ်သွားမယ့် သတင်း။ – လူငယ်တွေထဲကလူငယ်တယောက်၊ နိုင်ငံအတွက် ဆုတံဆိပ်တွေ ဆွတ်ခူးပေးနိုင်တဲ့ ကရင်တိုင်းရင်သူ ကာယအလှမယ် နန်းထက်ထက်လင်းရဲ့ ဘ၀ပုံရိပ် – အိန္ဒိယလူငယ်တွေအမြဲလိုကစားနေတဲ့ Cricket ကနေ တခြားကစားနည်းတွေ စိတ်ဝင်စား လာဖို့ ကစားနည်းသစ်တွေ မိတ်ဆက်သင်ကြားပေးတဲ့အကြောင်း ဒီဗွီဘီ လူငယ့်အသံ ဇန်န်ဝါရီ ၁၈ ရက်နေ့ အစီအစဉ် DVB Youth Voice – 18.01.2017

၆တန်းကျောင်းသူ မြန်မာ့လက်ရွေးစင် စစ်တုရင် ချန်ပီယံ မ၀င်းလဲ့လဲ့ဝါ

၆တန်းကျောင်းသူအရွယ် မြန်မာ့လက်ရွေးစင် မ၀င်းလဲ့လဲ့ဝါဟာ အခုနှစ်ထဲ ထိုင်းနိုင်ငံမှာ ပြုလုပ်သွားတဲ့ နိုင်ငံတကာကျောင်းသား စစ်တုရင် ပြိုင်ပွဲမှာ ဥရောပ၊ ရုရှ၊ အိန္ဒိယ လက်ရွေးစင်တွေကို ကျော်ဖြတ်အနိုင်ယူပြီး ကမ္ဘာ့အဆင့် ၂၀ ရရှိခဲ့ပါတယ်။ “King… ဘုရင်ပေါ့ သူ့ကိုမိရင် ရှုံးပါတယ်၊ အဲဒါကြောင့် သူ့ကိုမမိအောင် လုံလုံခြုံခြုံ ထားရတယ်။ သမီးအကြိုက်ဆုံးအရုပ်က မြင်း … knight ကို ကြိုက်ပါတယ်၊ knight က ချောင်ကြိုချောင်ကြားထဲကို အကုန်မွှေ့လို့ရတယ်…” ရိုက်ကူး – ပိုင်စိုး တင်ဆက် – ပြည့်စုံ DVB Youth Voice – 30.12.2015 Music credit: Angels We Have Heard by Kevin MacLeod …Read more »

လူငယ်၁၆၀ကျော်ပါဝင်တဲ့ဆွေးနွေး လူငယ်ဖိုရမ်မန္တလေးမှာကျင်းပ

လူငယ်၁၆၀ကျော်ပါဝင်ဆွေးနွေးကြတဲ့လူငယ်ဖိုရမ်တစ်ခုကိုမန္တလေးမြို့မှာစတင်ပြီးကျင်းပနေပါတယ်။ငြိမ်းမိုးနောင်သတင်းပေးပို့ထားပါတယ်။

လူငယ် တထောင်ကျော်လောက် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာမည်

လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကာလအတွင်း ပြည်နယ်တိုင်းအလိုက် မဲရုံအခြေအနေတွေကို လူငယ်တွေက စောင့်ကြည့်လေ့လာရေးအဖွဲ့တွေနဲ့ တရားဝင် စောင့်ကြည့်သွားဖို့ရှိနေပါတယ်။ မဲဆန္ဒနယ် ၆၀၀ ကျော်မှာ လုပ်အားပေးလူငယ် ၁၃၀၀ လောက်နဲ့ စောင့်ကြည့်သွားမှာဖြစ်သလို လူငယ်တွေရဲ့ သဘောထား စစ်တမ်းတွေလည်း အမျိုးသား လူငယ် ကွန်ဂရက်က ကောက်ခံသွားမှာ ဖြစ်ပါတယ်။ ဒီအဖွဲ့က ပြည်နယ်နဲ့တိုင်းတွေမှာ ခန့်အပ်ထားတဲ့ လူငယ် ကြီးကြပ်ရေးမှုးတွေကနေ မဲစာရင်းစောင့်ကြည့်တာတွေ မဲစာရင်းကြေညာတာတွေကို စစ်တမ်းတွေကောက်ယူပြီး ရွေးကောက်ပွဲပြီးချိန်မှာ အစီရင်ခံစာတစ်စောင်ထုတ်ပြန်ဖို့ရှိနေပါတယ်။ လူငယ့်အသံ အစီအစဉ်မှာ ကောင်းထက်ကျော် တင်ဆက်ထားပါတယ်။ DVB Youth Voice – 25.09.2015