လူငယ့်အသံ

အနာဂတ်ကိုဖန်ဆင်းမည့် လူငယ်များအတွက် သိသင့်သိထိုက်သည့် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များ၊ လူငယ်တို့ပါဝင်သည့် လူငယ့်အခွင့်အရေး လှုပ်ရှားမှုများ၊ လူငယ်တို့ ရင်ခုန်သည့် ရုပ်ရှင် ဂီတ အနုပညာများ၊ လူငယ်တို့ စိတ်ဝင်စားသည့် နည်းပညာ အသစ်အဆန်းများ၊ လူငယ်တို့ မျှော်လင့်သည့် ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ၊ ပြည်တွင်း ပြည်ပက နာမည်ကျော် လူငယ်တို့၏ ဘ၀ရုပ်ပုံလွှာများ၊ လူငယ့်ရုန်းကန်မှုနှင့် အောင်မြင်မှုများ လူငယ့်အမြင်၊ လူငယ့်အတွေး၊ လူငယ့်အလှ၊ လူငယ့် သဘာဝနှင့် ရောင်စုံဖြာနေသည့် လူငယ့်လောကအကြောင်း။

Latest
Most Viewed
Most Commented
၆တန်းကျောင်းသူ မြန်မာ့လက်ရွေးစင် စစ်တုရင် ချန်ပီယံ မ၀င်းလဲ့လဲ့ဝါ

၆တန်းကျောင်းသူအရွယ် မြန်မာ့လက်ရွေးစင် မ၀င်းလဲ့လဲ့ဝါဟာ အခုနှစ်ထဲ ထိုင်းနိုင်ငံမှာ ပြုလုပ်သွားတဲ့ နိုင်ငံတကာကျောင်းသား စစ်တုရင် ပြိုင်ပွဲမှာ ဥရောပ၊ ရုရှ၊ အိန္ဒိယ လက်ရွေးစင်တွေကို ကျော်ဖြတ်အနိုင်ယူပြီး ကမ္ဘာ့အဆင့် ၂၀ ရရှိခဲ့ပါတယ်။ “King… ဘုရင်ပေါ့ သူ့ကိုမိရင် ရှုံးပါတယ်၊ အဲဒါကြောင့် သူ့ကိုမမိအောင် လုံလုံခြုံခြုံ ထားရတယ်။ သမီးအကြိုက်ဆုံးအရုပ်က မြင်း … knight ကို ကြိုက်ပါတယ်၊ knight က ချောင်ကြိုချောင်ကြားထဲကို အကုန်မွှေ့လို့ရတယ်…” ရိုက်ကူး – ပိုင်စိုး တင်ဆက် – ပြည့်စုံ DVB Youth Voice – 30.12.2015 Music credit: Angels We Have Heard by Kevin MacLeod …Read more »

ကလေး ဗဟိုပြု သင်ထောက်ကူ ပစ္စည်း ပြပွဲပြိုင်ပွဲ ပြုလုပ်

ကျောင်းတွေမှာ လက်တွေ့ သင်ကြားရေး အထောက်အကူပြုနိုင်အောင် ကျောင်း လေးဆယ်ကျော် စုပေါင်းပြီး မူလတန်းအဆင့် သင်ထောက်ကူ ပစ္စည်း ပြပွဲပြိုင်ပွဲ ပြုလုပ်သွားပါတယ်။ ဒီသတင်းကို ပြည့်စုံက တင်ဆက်ထားပါတယ်။ ရိုက်ကူး – ရွှေနွယ်မောင် DVB Youth Voice – 14.12.2015

နိုင်ငံတကာအဆင့်မှီ စကိတ်ကွင်း တစ်ခု ရန်ကုန်မြို့မှာ တည်ဆောက်

မြန်မာလူငယ် စကိတ် ဝါသနာရှင်တွေအတွက် နိုင်ငံတကာအဆင့်မှီ စကိတ်ကွင်း တစ်ခုကို နိုင်ငံခြား စကိတ်ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ make like skate life အဖွဲ့က ကူညီတည်ဆောက်ပေးထားပါတယ်။ ကောင်းထက်ကျော်ရဲ့ သတင်းပေးပို့ချက်မှာ ရှုစားကြည့်နိုင်ပါတယ်။ DVB Youth Voice – 14.12.2015

နိုင်ငံ့အပြောင်းအလဲမှာ လူငယ် ပါဝင်ဖို့ အသက်ငယ်ဆုံး အနိုင်ရ လွှတ်တော်အမတ် တိုက်တွန်း

“လူငယ်တွေဟာ ဒီအကြောက်တရားကိုမှ မကျော်လွှားနိုင်ဘူးဆိုရင် ဒီတိုင်းပြည်ဟာ ဘယ်လိုမှ ကောင်းတဲ့ရလဒ် ရလာမှာ မဟုတ်ဘူး”လို့ ၂၀၁၅ရွေးကောက်ပွဲဝင် အသက်အငယ်ဆုံး အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် တဦးက ပြောကြားလိုက်ပါတယ်။ အကြောက်တရားကို ဘေးဖယ်ပြီးတော့ ကိုယ့်နိုင်ငံရဲ့ အပြောင်းအလဲမှာ လူငယ် တွေဟာ အများကြီးပါဝင်သင့်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်းက ပြောဆိုလိုက်တာပါ။ အသက်(၂၆)နှစ်အရွယ် နိုင်ငံခြားဘာသာတက္ကသိုလ် ဘွဲ့ရ ဒေါ်ဇင်နီနီဝင်းဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် မဲဆန္ဒနယ် တိုင်းဒေသကြီး (၂)ကနေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒနယ်အတွင်း မဲရုံပေါင်း (၁၆၀)မှာ မဲရလဒ် ၅၉၄၄၄ မဲ (၇၂.၅%) ရာခိုင်နှုန်းနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ရိုက်ကူး – မြင့်နိုင် DVB Youth Voice …Read more »

၂၀၁၅ ရွေးကောက်ပွဲနဲ့ လူငယ်တွေ ပါဝင်မှု ကဏ္ဍ

ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ ရွေးကောက်ပွဲအကြိုလှုပ်ရှားမှုတွေမှာ ကျောင်းသားလူငယ်တွေလည်း ပါဝင်လာကြပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအကြို လှုပ်ရှားမှုတွေမှာ လူငယ်တွေ ပါဝင်မှု အခြေအနေ၊ ရွေးကောက်ပွဲကနေ ဖြစ်ပေါ်လာမယ့်အစိုးရသစ်အပေါ် လူငယ်တွေရဲ့ မျှော်လင့်ချက်တွေကို ဒီဗီဘီ လူငယ့်အသံရဲ့ Youth Vote ကဏ္ဍမှာ စုစည်းတင်ဆက်ပေးထားပါတယ်။ DVB Youth Voice – 03.11.2015

Youth Vote – ရွေးကောက်ပွဲ အထောက်ကူပြု နည်းပညာ အပလီကေးရှင်းများ

၂၀၁၅ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်ဖို့ ရက်ပိုင်းလောက်ပဲ လိုတော့ချိန်မှာ နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးမှုတွေ အပြိုင်အဆိုင်ရှိလာသလို မဲဆန္ဒရှင်တွေအနေနဲ့ ရွေးကောက်ပွဲ ဆိုင်ရာ သတင်းအချက်အလက်တွေကို ပွင့်လင်းမြင်သာစွာနဲ့ သိနိုင်ဖို့ လိုအပ်လာပါတယ်။ အခုချိန်မှာ မိုဘိုင်းဖုန်း သုံးစွဲ အင်တာနက် အသုံးပြုသူတွေ ပိုများလာသလို ရွေးကောက်ပွဲ အထောက်ကူပြု စမတ်ဖုန်း အပလီကေးရှင်းတွေလဲ ထွက်ပေါ်လာနေပြီး လူငယ်ပညာရှင်တွေကလည်း ပါဝင်ဖန်တီးထားကြပါတယ်။ ဒီဗီဘီလူငယ့်အသံရဲ့ Youth Vote ကဏ္ဍမှာ ရွေးကောက်ပွဲနဲ့ နည်းပညာဆိုင်ရာ အကြောင်းအရာတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ DVB Youth Voice – 01.11.2015

ဒုသမ္မတနဲ့ ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်း လူငယ်

“ကျနော်တို့ လူငယ် တွေဟာ ပံ့ပိုးကူညီရုံပဲ စွမ်းတဲ့သူတွေမဟုတ်ဘူး၊ ဦးဆောင်နိုင်တယ်” ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနဲ့ ဇီးကုန်းမြို့နယ် မဲဆန္ဒနယ်မှာ ယှဉ်ပြိုင်မယ့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ပြည်သူ့လွှတ်တော် လူငယ် ကိုယ်စားလှယ်လောင်းတဦးဖြစ်တဲ့ ကိုသူရိန်ရွှေက ပြောပါတယ်။ တိုင်းပြည်တခုမှာ လူငယ်တွေ ဘယ်လောက်အရေးပါလဲ ရွေးကောက်ပွဲကော လူငယ်တွေအတွက် ဘယ်လောက် အရေးကြီးလဲဆိုတာနဲ့ပတ်သက်ပြီး ဇီးကုန်းမှ ၀င်ရောက်ယှဉ်ပြိုင်မည့် ပြည်သူလွှတ်တော် ကိုယ်စားလှယ်လောင်း ကိုသူရိန်ရွှေနဲ့ DVB Youth Voice မှာ တွေ့ဆုံမေးမြန်းထားပါတယ်။ DVB Youth Voice – 21.10.2015

ရွေးကောက်ပွဲ ဆိုင်ရာ သရုပ်ပြ အသိပညာပေး ကျောင်းသားများ လှုပ်ရှား

၂၀၁၅ ရွေးကောက်ပွဲ ကျင်းပဖို့ တလလောက်ပဲ လိုတော့ချိန်မှာ မဲပေးမှု မှန်ကန်စေဖို့ မဲပေးနည်းတွေကို ရပ်ကွက်ကျေးရွာတွေထဲထိ လှည့်လည်ကာ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ လူငယ်တွေက လိုက်လံ သရုပ်ပြ ပညာပေးမှုတွေ လှုပ်ရှားနေပါတယ်။ DVB Youth Voice – 09.10.2015

လူငယ်တွေ ဖန်တီးထားတဲ့ ရွေးကောက်ပွဲ အထောက်အကူပြု Mobile App ပျံ့နှံ့

ဆယ်ကျော်သက်အရွယ် ကျောင်သားလူငယ်တွေ ဖန်တီးဖြန့်ဝေထားပြီး ရွေးကောက်ပွဲ ဆိုင်ရာ အထောက်အကူပြု အချက်အလက်တွေကို အလွယ်တကူ ရှာဖွေ ကြည့်ရှုနိုင်တဲ့ mVoter 2015 မိုဘိုင်း အပလီကေးရှင်း ( mobile app ) အွန်လိုင်း သုံးစွဲသူတွေကြား ပျံ့နှံ့လာနေပါတယ်။ ဒီမိုဘိုင်းအပလီကးရှင်းမှာ ရွေးကောက်ပွဲအတွက် ဆန္ဒမဲ ပေးတဲ့သူတွေ အထူးသဖြင့် လူငယ်မဲဆန္ဒရှင်တွေ အတွက် အထောက်အကူပြုနိုင်အောင် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေ၊ ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ စာရင်းတွေနဲ့ ရွေးကောက်ပွဲမှာ မဲဘယ်လို ပေးရမလဲ ဆိုတဲ့ အချက်အလက်တွေပါတဲ့ မိုဘိုင်းအပလီးကေးရှင်းကို Team Pop Stack ဆိုတဲ့ လူငယ်အဖွဲ့က မိတ်ဆက်ထားတာပါ။ အောက်တိုဘာ ၄ ရက်နေ့ကစလို့ ဂူဂယ်လ် ပလေးစတိုးလို အွန်လိုင်းကနေ အခမဲ့ …Read more »