လူငယ့်အသံ

အနာဂတ်ကိုဖန်ဆင်းမည့် လူငယ်များအတွက် သိသင့်သိထိုက်သည့် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များ၊ လူငယ်တို့ပါဝင်သည့် လူငယ့်အခွင့်အရေး လှုပ်ရှားမှုများ၊ လူငယ်တို့ ရင်ခုန်သည့် ရုပ်ရှင် ဂီတ အနုပညာများ၊ လူငယ်တို့ စိတ်ဝင်စားသည့် နည်းပညာ အသစ်အဆန်းများ၊ လူငယ်တို့ မျှော်လင့်သည့် ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ၊ ပြည်တွင်း ပြည်ပက နာမည်ကျော် လူငယ်တို့၏ ဘ၀ရုပ်ပုံလွှာများ၊ လူငယ့်ရုန်းကန်မှုနှင့် အောင်မြင်မှုများ လူငယ့်အမြင်၊ လူငယ့်အတွေး၊ လူငယ့်အလှ၊ လူငယ့် သဘာဝနှင့် ရောင်စုံဖြာနေသည့် လူငယ့်လောကအကြောင်း။

Latest
Most Viewed
Most Commented
ဒီဗွီဘီ လူငယ့်အသံ အစီအစဉ် (၂၅ မေလ ၂၀၁၆)

DVB Youth Voice ဒီဗွီဘီ လူငယ့်အသံ မေလ ၂၅ ရက် အစီအစဉ်မှာ – ကျောင်းနေအရွယ် ကလေးတိုင်းအတွက် ကျောင်းအပ်နှံရေး သီတင်းပတ် သတ်မှတ်ပြီး ကျောင်းအပ် စတင်လက်ခံနေတဲ့သတင်း။ – ပညာရေး ရည်ရွယ်ချက်တွေအတွက် ကျောင်းအင်အားစုနှစ်ခု ပေါင်းပြီး နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ် န.က.သ ကို ဖွဲ့စည်းလိုက်တဲ့ သတင်း။ – အောင်မြင်တဲ့ဘောလုံးသမားဖြစ်ဖို့ ရည်ရွယ်ထားတဲ့ ချင်းမိုင်မြို့ရောက် ရွှေ့ပြောင်းမြန်မာ လူငယ်လေးတယောက် အကြောင်း – စစ်ဘေး၊ သဘာဝဘေးအန္တရာယ်တွေကြောင့် ရွှေ့ပြောင်းနေထိုင်ရသူ ဒုက္ခသည်ကလေးသူငယ်တွေ ပညာရေးအတွက် ထောက်ပံ့ကူညီမှုတွေ လိုအပ်နေတဲ့ အကြောင်းတွေကို ရှုစားသွားရမှာ ဖြစ်ပါတယ်။ DVB Youth Voice – 25.05.2016

သူငယ်တန်း KG သင်ရိုးညွှန်တမ်းအသစ်အကြောင်း ခြုံငုံတင်ပြချက်

ကျောင်းဖွင့်ရာသီနဲ့ သူငယ်တန်း KG သင်ရိုးညွှန်တမ်းအသစ်အကြောင်း ခြုံငုံတင်ပြချက် လူငယ်တို့ဘ၀ ရုပ်သံ မှတ်တမ်း အခုနှစ် ကျောင်းဖွင့်ရာသီမှာ အရင်နှစ်ကနဲ့မတူတဲ့ အပြောင်းအလဲမြင်ကွင်းတချို့ကို ကျောင်းအပ်နှံရေး ကာလ မတိုင်ခင်ကတည်းက စတင်မြင်တွေ့လာရပါတယ်။ KG လို့ခေါ်တဲ့ သူငယ်တန်း သင်ရိုးညွှန်းတမ်းအသစ်ကို ၂၀၁၆-၂၀၁၇ ပညာသင်နှစ် ကျောင်းဖွင့်ချိန်အမှီ ပြောင်းလဲကျင့်သုံးနိုင်ဖို့ ကျောင်းဆရာ၊ ဆရာမတွေကို တိုင်းအဆင့် မြို့နယ်အဆင့် သင်ကြားရေးနည်းစနစ်သင်တန်းပို့ချမှု ပုံရိပ်တွေဟာ သတင်းတွေထဲ၊ အင်တာနက်လူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့လာခဲ့ပြီး လူအများ စိတ်ဝင်စားမှု ရရှိခဲ့ပါတယ်။ သင်ရိုးအသစ်မှာ အရင်ကလို ဘာသာရပ်အလိုက် မခွဲခြားတော့ပဲ ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာခြင်း၊ စာရိတ္တ မိတ္တ နဲ့ စိတ်လှုပ်ရှားမှု ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ခြင်း၊ အပြန်အလှန်ပြောဆိုဆက်သွယ်ခြင်း၊ သင်္ချာအခြေခံတွေကို စူးစမ်း လေ့လာခြင်း၊ အနုပညာရသ ခံစားခြင်း …Read more »

အသက်(၁၇)နှစ်အရွယ် အလှမယ်တွေ Miss Myanmar World 2016 ပါဝင်ယှဉ်ပြိုင်

Miss Myanmar World ပြိုင်ပွဲကိုအရင်နှစ်တွေက အသက်(၁၈)နှစ်ကနေ(၂၃)နှစ်အရွယ်ပဲ လက်ခံပေမယ့် အခုနှစ်မှာတော့ အသက်(၁၇)နှစ်က စတင် လက်ခံလာတာကြောင့် လူငယ် အလှမယ် ပြိုင်ပွဲဝင်တွေ များလာပါတယ်။ ဒီသတင်းကို ကျုးလစ်က တင်ဆက်ပေးထားပါတယ်။ DVB Youth Voice – 23.05.2016

မြန်မာ့ရိုးရာ အ၀တ်အစား ဒီဇိုင်းတွေကို ဖော်ထုတ်တဲ့ ထိုင်းလူငယ်

ခေတ်နဲ့အညီ အမြဲ ပြောင်းလဲနေတဲ့ ထိုင်းဖက်ရှင်လောကမှာ ရှေးခေတ် မြန်မာ့ရိုးရာ အ၀တ်အစား ဒီဇိုင်းတွေကို ဖော်ထုတ်ဖို့ ကြိုးစားနေတဲ့ ထိုင်းလူမျိုး လူငယ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအကြောင်း လူငယ်တို့ဘ၀ ရုပ်သံမှတ်တမ်း DVB Youth Voice – 17.05.2016

ခေတ်တခေတ်ထဲက ပုံရိပ်တွေကို ပုံစံတူ ကားငယ်လေးတွေနဲ့ မှတ်တမ်းတင်သူ

ရန်ကုန်မြို့ တွင်းနဲ့ နယ်ဒေသတွေထဲမှာ နေ့ စဉ်အသုံးပြုလာခဲ့ရတဲ့ မော်တော်ယာဉ်တွကို အနုပညာနဲ့ ပုံစံငယ်ပြုလုပ်ပြီး သမိုင်းမှတ်တမ်းတခုဖြစ်အောင် လူငယ်ဘ၀ကတည်းက စတင်လို့ ဖန်တီးပြုလုပ်ခဲ့သူတယောက် ရှိပါတယ်။ သူဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ ခုကျော်ကာလတွေအတွင်း လူနေမှုဘ၀ထဲမှာ နေ့စဉ်မဖြစ်မနေ အသုံးပြုလာခဲ့ရတဲ့ ခရီးသည်တင် ဘတ်စ်ကားတွေ၊ ရုံးသုံးကားတွေကို ပုံစံတူပြုလုပ်ပြီး အနုပညာတရပ်အနေနဲ့ ရူးသွပ်လာခဲ့သူတစ်ယောက်ပါ။ ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့ ဇာတိဖြစ်သူ ကိုကိုထိုက်ဟာ ကလေးဘ၀ကတည်းက ကစားစရာကားတွေကို စိတ်ဝင်စားခဲ့ပြီး သူဝါသနာပါရာ ပုံစံတူကားငယ်လေးတွေကို အလယ်တန်းကျောင်းသားဘ၀ကစတင်လို့ ကိုယ်တိုင်ဖန်တီး ပြုလုပ်လာခဲ့ပါတယ်။ ဆက်သွယ်ရေးနည်းပညာတွေအရှိန်အဟုန် မြင့်မား အားကောင်းလာခဲ့တဲ့ အခုလိုနည်းပညာခေတ်မှာ လူမှုကွန်ရက်စာမျက်နှာတွေကနေတဆင့် သူ့ ရဲ့ အနုပညာကို လူတွေ ပိုမိုအာရုံစိုက်ခဲ့မိကြပါတယ်။ လက်ရှိ ရန်ကုန်မြို့ မှာနေထိုင်နေတဲ့ ကိုကိုထိုက်အနေနဲ့ သူဝါသနာပါရာအလုပ်ကို နေ …Read more »

အသက်ငယ်ဆုံး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တိုင်းရင်းသူတစ်ဦးနှင့် တွေ့ဆုံမေးမြန်းခန်း

အခုလက်ရှိ ၂၀၁၅ ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွက် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေကို စတင်နေပြီ ဖြစ်ပါတယ်။ လွှတ်တော်ဆိုင်ရာ နည်းဥပဒေတွေမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို အသက် ၂၅နှစ်ပြည့်ပြီးမှ ရွေးချယ်ခွင့်ရှိသလို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း အသက်(၃၀)ပြည့်ပြီးမှ ရွေးချယ်ခွင့်ရှိကြောင်း ဖော်ပြထားပါတယ်။ အခုရက်ပိုင်းမှာမှ အသက် (၂၇)နှစ်ပြည့်မှာ ဖြစ်သလို တိုင်းရင်းသူတစ်ယောက်လည်းဖြစ်တဲ့ အသက်အငယ်ဆုံး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်ကို ဒုတိယအကြိမ်လွှတ်တော် စတင်ချိန်မှာ ဒီဗီဘီ လူငယ့်အသံကနေ တွေ့ဆုံမေးမြန်းထားပါတယ်။ DVB Youth Voice – 04.02.2016

လူငယ် ကိုယ်စားလှယ်များနှင့် ဒုတိယအကြိမ် လွှတ်တော် အခင်းအကျင်း

ဖေဖော်ဝါရီ (၁) ရက်နေ့ စတင်တဲ့ ဒုတိယအကြိမ် လွှတ်တော် ထဲ ရွေးကောက်ခံကိုယ်စားလှယ်တွေမှာ အရင်လွှတ်တော်ထက် လူငယ် ဦးရေ အများအပြား ပါဝင်လာပါတယ်။ လွှတ်တော်အသစ် အခြေအနေတွေကို ကောင်းထက်ကျော်က နေပြည်တော်ကနေ တင်ဆက်ပေးထားပါတယ်။ DVB Youth Voice – 29.01.2016

၂၀၁၅ ခုနှစ်ထဲက ထူးထူးခြားခြား လူငယ်များ

နှစ်သစ်အတွက် လူငယ့်အသံရဲ့ ပထမဆုံး အစီအစဉ်မှာ ၂၀၁၅ ခုနှစ်အတွင်း နယ်ပယ်အသီးသီးမှာ ထူးခြားခဲ့တဲ့ လူငယ်တွေရဲ့ အမှတ်တရပုံရိပ်တွေကို ရှုစားသွားရမှာ ဖြစ်ပါတယ်။လူငယ့်အသံက ပြန်လည်ရွေးချယ်ထားတဲ့ ၂၀၁၅ ခုနှစ်ရဲ့ ထူးထူးခြားခြား လူငယ်တွေကတော့ —– ၂၀၁၅ ရွေးကောက်ပွဲမှာ အသက်အငယ်ဆုံး အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဖြစ်လာတဲ့ ဒေါ်ဇင်နီနီဝင်း၊ ဒီမိုကရေစီ ပညာရေးအတွက် တောင်းဆိုလှုပ်ရှားနေတဲ့ ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်၊ နိုင်ငံတကာအဆင့် တက်လှမ်းနိုင်ခဲ့တဲ့ မြန်မာ ယူ၂၀ နဲ့ ယူ၂၃ လူငယ်ဘောလုံးသမားများ၊ ဗြိတိန်နိုင်ငံရဲ့ နှစ်ပေါင်း(၃၅၀)အတွင်း အသက်အငယ်ဆုံး လွှတ်တော်အမတ်ဖြစ်လာတဲ့ စကော်တလန် လူငယ် မာရီဘလက်၊ ကိုယ်တိုင်အော်ဂင်တီးခတ်ပြီး သီချင်းဆိုရင်း အွန်လိုင်းပရိသတ် အခိုင်အမာ ရရှိလာတဲ့ (၇)တန်းကျောင်းသူ မေလသံစဉ် … စတဲ့ ၂၀၁၅ ခုနှစ်ထဲက …Read more »

၆တန်းကျောင်းသူ မြန်မာ့လက်ရွေးစင် စစ်တုရင် ချန်ပီယံ မ၀င်းလဲ့လဲ့ဝါ

၆တန်းကျောင်းသူအရွယ် မြန်မာ့လက်ရွေးစင် မ၀င်းလဲ့လဲ့ဝါဟာ အခုနှစ်ထဲ ထိုင်းနိုင်ငံမှာ ပြုလုပ်သွားတဲ့ နိုင်ငံတကာကျောင်းသား စစ်တုရင် ပြိုင်ပွဲမှာ ဥရောပ၊ ရုရှ၊ အိန္ဒိယ လက်ရွေးစင်တွေကို ကျော်ဖြတ်အနိုင်ယူပြီး ကမ္ဘာ့အဆင့် ၂၀ ရရှိခဲ့ပါတယ်။ “King… ဘုရင်ပေါ့ သူ့ကိုမိရင် ရှုံးပါတယ်၊ အဲဒါကြောင့် သူ့ကိုမမိအောင် လုံလုံခြုံခြုံ ထားရတယ်။ သမီးအကြိုက်ဆုံးအရုပ်က မြင်း … knight ကို ကြိုက်ပါတယ်၊ knight က ချောင်ကြိုချောင်ကြားထဲကို အကုန်မွှေ့လို့ရတယ်…” ရိုက်ကူး – ပိုင်စိုး တင်ဆက် – ပြည့်စုံ DVB Youth Voice – 30.12.2015 Music credit: Angels We Have Heard by Kevin MacLeod …Read more »