လူငယ့်အသံ

အနာဂတ်ကိုဖန်ဆင်းမည့် လူငယ်များအတွက် သိသင့်သိထိုက်သည့် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များ၊ လူငယ်တို့ပါဝင်သည့် လူငယ့်အခွင့်အရေး လှုပ်ရှားမှုများ၊ လူငယ်တို့ ရင်ခုန်သည့် ရုပ်ရှင် ဂီတ အနုပညာများ၊ လူငယ်တို့ စိတ်ဝင်စားသည့် နည်းပညာ အသစ်အဆန်းများ၊ လူငယ်တို့ မျှော်လင့်သည့် ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ၊ ပြည်တွင်း ပြည်ပက နာမည်ကျော် လူငယ်တို့၏ ဘ၀ရုပ်ပုံလွှာများ၊ လူငယ့်ရုန်းကန်မှုနှင့် အောင်မြင်မှုများ လူငယ့်အမြင်၊ လူငယ့်အတွေး၊ လူငယ့်အလှ၊ လူငယ့် သဘာဝနှင့် ရောင်စုံဖြာနေသည့် လူငယ့်လောကအကြောင်း။

Latest
Most Viewed
Most Commented
ပထမဆုံးအကြိမ် မဲပေးခွင့် ရရှိလာတဲ့ လူငယ်တွေက ဘာတွေ ပြောကြသလဲ

အခုလာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာမှ ပထမဆုံးအကြိမ် မဲပေးခွင့် ရရှိလာကြတဲ့ လူငယ်တွေကြားမှာ ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု ရှိနေကြသလို ကွဲပြားတဲ့ သဘောထားအမြင် တချို့လည်း ရှိနေပါတယ်။ ဒီအကြောင်းကို ပြည့်စုံက စုစည်းတင်ဆက်ပေးထားပါတယ်။ DVB Youth Voice – 17.09.2015

၁၉ စက်တင်ဘာ ၂၀၁၆ လူငယ့်အသံ အစီအစဉ်

၁၉ စက်တင်ဘာ ၂၀၁၆ လူငယ့်အသံ အစီအစဉ် – နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက စာသင်ကျောင်းတွေမှာ လမ်းပန်းဆက်သွယ်ရေး ဘာသာစကား အခြေအနေတွေကြောင့် အခက်အခဲတွေ ကြုံတွေ့နေရတဲ့သတင်း။ – ရွှေ့ ပြောင်းလူငယ်တွေကို မျိုးဆက်ပွါး ကျန်းမာရေး အကြောင်းတွေ ကျယ်ကျယ်ပြန့် ပြန့် သိရှိနိုင်ဖို့ အတွက် ပညာပေးလှုံ့ ဆော်မှုတွေပြုလုပ်သွားဖို့ စီစဉ်နေကြတဲ့သတင်း။ – အသက်အငယ်ဆုံး Grammy တေးဂီတဆု လျာထားခြင်းခံရတဲ့ အသက် ၁၃နှစ်အရွယ် စန္ဒရား ပညာရှင် လူငယ်တစ်ယောက်အကြောင်း၊ DVB Youth Voice – 19.09.2016

နိုင်ငံ့အပြောင်းအလဲမှာ လူငယ် ပါဝင်ဖို့ အသက်ငယ်ဆုံး အနိုင်ရ လွှတ်တော်အမတ် တိုက်တွန်း

“လူငယ်တွေဟာ ဒီအကြောက်တရားကိုမှ မကျော်လွှားနိုင်ဘူးဆိုရင် ဒီတိုင်းပြည်ဟာ ဘယ်လိုမှ ကောင်းတဲ့ရလဒ် ရလာမှာ မဟုတ်ဘူး”လို့ ၂၀၁၅ရွေးကောက်ပွဲဝင် အသက်အငယ်ဆုံး အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် တဦးက ပြောကြားလိုက်ပါတယ်။ အကြောက်တရားကို ဘေးဖယ်ပြီးတော့ ကိုယ့်နိုင်ငံရဲ့ အပြောင်းအလဲမှာ လူငယ် တွေဟာ အများကြီးပါဝင်သင့်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇင်နီနီဝင်းက ပြောဆိုလိုက်တာပါ။ အသက်(၂၆)နှစ်အရွယ် နိုင်ငံခြားဘာသာတက္ကသိုလ် ဘွဲ့ရ ဒေါ်ဇင်နီနီဝင်းဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် မဲဆန္ဒနယ် တိုင်းဒေသကြီး (၂)ကနေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒနယ်အတွင်း မဲရုံပေါင်း (၁၆၀)မှာ မဲရလဒ် ၅၉၄၄၄ မဲ (၇၂.၅%) ရာခိုင်နှုန်းနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ရိုက်ကူး – မြင့်နိုင် DVB Youth Voice …Read more »

ဒီဗွီဘီ လူငယ့်အသံ အစီအစဉ် (၂၅ မေလ ၂၀၁၆)

DVB Youth Voice ဒီဗွီဘီ လူငယ့်အသံ မေလ ၂၅ ရက် အစီအစဉ်မှာ – ကျောင်းနေအရွယ် ကလေးတိုင်းအတွက် ကျောင်းအပ်နှံရေး သီတင်းပတ် သတ်မှတ်ပြီး ကျောင်းအပ် စတင်လက်ခံနေတဲ့သတင်း။ – ပညာရေး ရည်ရွယ်ချက်တွေအတွက် ကျောင်းအင်အားစုနှစ်ခု ပေါင်းပြီး နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ် န.က.သ ကို ဖွဲ့စည်းလိုက်တဲ့ သတင်း။ – အောင်မြင်တဲ့ဘောလုံးသမားဖြစ်ဖို့ ရည်ရွယ်ထားတဲ့ ချင်းမိုင်မြို့ရောက် ရွှေ့ပြောင်းမြန်မာ လူငယ်လေးတယောက် အကြောင်း – စစ်ဘေး၊ သဘာဝဘေးအန္တရာယ်တွေကြောင့် ရွှေ့ပြောင်းနေထိုင်ရသူ ဒုက္ခသည်ကလေးသူငယ်တွေ ပညာရေးအတွက် ထောက်ပံ့ကူညီမှုတွေ လိုအပ်နေတဲ့ အကြောင်းတွေကို ရှုစားသွားရမှာ ဖြစ်ပါတယ်။ DVB Youth Voice – 25.05.2016

စာမေးပွဲဖြေဖို့ ကျောင်းသားတွေအတွက် သွားလာရေး တကသ စီစဉ်ပေး

ဘတ်စ်ကား ယာဉ်လိုင်းအများအပြား ရပ်နားထားမှုကြောင့် စာမေးပွဲသွားဖြေဖို့ သွားလာရေး အခက်အခဲဖြစ်နေတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသူကျောင်းသားတွေအတွက် မြို့တွင်း မှတ်တိုင်တွေကနေ ကျောင်းအထိ ဘီအမ်ကားတချို့နဲ့ သယ်ယူပို့ဆောင်ရေးကို ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက အခမဲ့ စီစဉ်ပေးနေရပါတယ်။ ကောင်းထက်ကျော် သတင်းပေးပို့ထားပါတယ်။ DVB Youth Voice – 18.09.2015

DVBYV – ငြိမ်းချမ်းရေး စာပေ ဟစ်ဟော့နဲ့ လူငယ့်အသံ အစီအစဉ်

– တိုင်းရင်းသားဒေသတချို့မှာ လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန်စေဖို့ အနယ်နယ်အရပ်ရပ်က ကျောင်းသားလူငယ်တွေ ဆန္ဒထုတ်ဖော် တောင်းဆိုမှုတွေ ပြုလုပ်လာကြတဲ့သတင်း။ – လူငယ်တွေအတွက် ရည်ရွယ်တဲ့ စာပေဟောပြောပွဲတခုကို ဒူးပလားယားခရိုင်အတွင်း တည်ဆောက်ခဲ့တဲ့ လေးကေ့ကော်မြို့သစ်မှာ ပထမဆုံးအကြိမ် ကျင်းပသွားတဲ့သတင်း။ – ဘရာဇီးနိုင်ငံက အသက်(၁၂)နှစ်အရွယ် ဟစ်ဟော့ကြယ်ပွင့်အကြောင်း လူငယ့်အသံ သတင်းတွေကို စုစည်းတင်ဆက်ထားပါတယ်။ DVB Youth Voice – 24.10.2016

နိုင်ငံတကာအဆင့်မှီ စကိတ်ကွင်း တစ်ခု ရန်ကုန်မြို့မှာ တည်ဆောက်

မြန်မာလူငယ် စကိတ် ဝါသနာရှင်တွေအတွက် နိုင်ငံတကာအဆင့်မှီ စကိတ်ကွင်း တစ်ခုကို နိုင်ငံခြား စကိတ်ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ make like skate life အဖွဲ့က ကူညီတည်ဆောက်ပေးထားပါတယ်။ ကောင်းထက်ကျော်ရဲ့ သတင်းပေးပို့ချက်မှာ ရှုစားကြည့်နိုင်ပါတယ်။ DVB Youth Voice – 14.12.2015

ချင်းမိုင် FC လူငယ်အသင်းမှာ ကစားနေတဲ့ ရွှေ့ပြောင်းမြန်မာ လူငယ် တစ်ယောက်

မိသားစုနဲ့အတူ ထိုင်းနိုင်ငံ ချင်းမြို့ကို ပြောင်းနေထိုင်နေတဲ့ အသက်(၁၃)နှစ်အရွယ် လူငယ် လေးတယောက်ဟာ အောင်မြင်တဲ့ ဘောလုံးသမားဖြစ်ဖို့ ရည်ရွယ်ချက်ရှိသလို သူ့ရဲ့ ရည်ရွယ်ချက်တွေဖြစ်လာဖို့အတွက်လည်း ကြိုးစားနေပါတယ်။ သူဟာ အခုလက်ရှိ ချင်းမိုင်မြို့က ၀တ်ပါဖန့်စာသင်ကျာင်းရဲ့ အသက်(၁၂)နှစ်အောက် ဘောလုံးအသင်း၊ချင်းမိုင်FC လူငယ်အသင်းနဲ့ ထိုင်းလားနားအသင်းမှာလည်း ကစားနေပါတယ်။ သူပြောပြတဲ့ သူ့ဘ၀ ကောက်ကြောင်းတချို့ကို တင်ဆက်ထားပါတယ်။ DVB Youth Voice – 25.05.2016

မဲဆန္ဒရှင်တွေအနေနဲ့ ခြိမ်းခြောက်မှုတွေကို မကြောက်ဖို့ ဖြူဖြူကျော်သိန်း တိုက်တွန်း

မဲပေးမယ့် မဲဆန္ဒရှင်တွေကို မဲပေးခွင့်မရအောင် ခြိမ်းခြောက်မှုတွေပြုလုပ်ရင် ဥပဒေအရ အရေးယူမှုတွေပြုလုပ်နိုင်တယ်လို့ အဆိုတော် ဖြူဖြူကျော်သိန်း က တိုက်တွန်း ပြောကြားလိုက်ပါတယ်။ ” ဖြူဖြူတို့လိုမျိုး တိုင်းသိပြည်သိ အနုပညာရှင်တွေကိုတောင်မှ ဒါမျိုး ထိကပါးရိကပါး ဒါနဲ့ ပတ်သက်ပြီး မဲစာရင်းကြည့်ဖို့ ပြောကြတဲ့အတွက်ကြောင့် တိုက်ခိုက် ခြိမ်းခြောက် နှောက်ယှက်လိုတာမျိုး ရှိတယ်ဆိုရင် အကာအကွယ်မဲ့တဲ့ ပရိသတ်ပြည်သူတွေကို ရပ်ကွက်ထဲမှာ အလုပ်ထဲမှာ ဘယ်လောက်ထိများ ထိခိုက်အောင် နစ်နာအောင် ကြောက်တတ်အောင်လို့ ခြောက်နေတာမျိုး ခြိမ်းခြောက်နေတာမျိုး တိုက်ခိုက်နေတာမျိုး လှောင်ပြောင်နေတာမျိုး ရှိမလဲဆိုတာက စိုးရိမ်စရာမျိုး ရှိတဲ့အနေအထားလို့လည်း မြင်ပါတယ်။ ဒါပေမယ့် အဲဒါက ကြောက်စရာတော့ မလိုဘူးလိုလည်း ထပ်ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွေးကောက်ပွဲ ဥပဒေအရဆိုရင် ဒီမိုကရေစီ နိုင်ငံသား တယောက်သည် ၁၈နှစ်ပြည့်ပြီးသွားရင် မဲပေးပိုင်ခွင့်ရှိတဲ့သူတယောက်ကို မဲမပေးနိုင်အောင် …Read more »