လူငယ့်အသံ

အနာဂတ်ကိုဖန်ဆင်းမည့် လူငယ်များအတွက် သိသင့်သိထိုက်သည့် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များ၊ လူငယ်တို့ပါဝင်သည့် လူငယ့်အခွင့်အရေး လှုပ်ရှားမှုများ၊ လူငယ်တို့ ရင်ခုန်သည့် ရုပ်ရှင် ဂီတ အနုပညာများ၊ လူငယ်တို့ စိတ်ဝင်စားသည့် နည်းပညာ အသစ်အဆန်းများ၊ လူငယ်တို့ မျှော်လင့်သည့် ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ၊ ပြည်တွင်း ပြည်ပက နာမည်ကျော် လူငယ်တို့၏ ဘ၀ရုပ်ပုံလွှာများ၊ လူငယ့်ရုန်းကန်မှုနှင့် အောင်မြင်မှုများ လူငယ့်အမြင်၊ လူငယ့်အတွေး၊ လူငယ့်အလှ၊ လူငယ့် သဘာဝနှင့် ရောင်စုံဖြာနေသည့် လူငယ့်လောကအကြောင်း။

Latest
Most Viewed
Most Commented
ပိုကီမွန် ဂိုး ရေဘေး ပရဟိတလူငယ်တွေအကြောင်း လူငယ့်အသံ အစီအစဉ်

– ကမ္ဘာနဲ့တ၀န်း ဂယက်ရိုက်ခတ်မှုတွေနဲ့အတူ မြန်မာလူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ Pokemon GO ဂိမ်းအပေါ် ဝေဖန်သုံးသပ်မှုတွေ အမျိုးမျိုးရှိနေတဲ့သတင်း။ – ရေကြီးမှုကြောင့် ပိတ်ထားတဲ့ ကျောင်းတချို့ ပြန်ဖွင့်ဖို့ ပြင်ဆင်နေသလို ရေဘေးသင့်ဒေသတွေကို ကူညီဖို့အတွက် အသွင်ပုံစံအမျိုးမျိုးနဲ့ လူငယ်တွေက အလှူခံနေတဲ့သတင်း။ – ဥရောပအလယ်ပိုင်းမှာ ပြုလုပ်သွားတဲ့ အကြီးကျယ်ခန်းနားဆုံး ဂီတပွဲတော်မြင်ကွင်း စတဲ့ သတင်းတွေနဲ့အတူ စုစည်းတင်ဆက်ထားတဲ့ ဒီဗွီဘီ လူငယ့်အသံ အစီအစဉ်။ DVB Youth Voice – 15.08.2016

တကိုယ်တော် တေးစီးရီး ထွက်ရှိတော့မယ့် ရွှေ့ပြောင်းမြန်မာ လူငယ်တယောက် ကောက်ကြောင်း

ထိုင်းမြန်မာ နယ်စပ်မှာ အလုပ်လုပ်ကိုင်ရင်း တကိုယ်တော် တေးစီးရီး ထွက်ရှိဖို့ ကြိုးစားနေတဲ့ ရွှေ့ပြောင်းမြန်မာ လူငယ်တယောက် ကောက်ကြောင်း။ ထိုင်းမြန်မာနယ်စပ် ဒေသကို အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် လာရောက်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အများအပြားရှိနေတဲ့ မဲဆောက်မြို့မှာ ရွှေ့ ပြောင်းလူငယ်တယောက်ဖြစ်တဲ့ ရန်မျိုးဟာ အခုဆိုရင် သူကိုယ်တိုင်ရေးစပ်ထားတဲ့သီချင်းတွေကို တကိုယ်တော်စီးရီးခွေထွက်နိုင်ဖို့ အတွက် ပြင်ဆင်နေပါပြီ။ အဆိုတော်ဖြစ်ဖို့ ရည်ရွယ်ထားတဲ့ မြန်မာရွှေ့ ပြောင်းလူငယ်အလုပ်သမားဖြစ်သူ ရန်မျိုးဟာ ပရဟိတအလုပ်တွေကိုလည်း စိတ်ဝင်စားတာကြောင့်၊ ၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံရဲ့ ရေဘေးသင့်ပြည်သူတွေကို အကူအညီပေးနိုင်ဖို့ အတွက် မဲဆောက်မြို့ မှာ သူငယ်ချင်းတွေနဲ့ အတူ ဂစ်တာတီးသီချင်းဆိုပြီး ရံပုံငွေရှာဖွေပွဲတွေပြုလုပ်ခဲ့ပါတယ်။ ရန်မျိုးဟာ အခုဆိုရင် မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေကို ပညာပေးအစီအစဉ်အနေနဲ့ ဖွင့်လှစ်ထားတဲ့ မက်ပ်လူမှုအသိုင်းအ၀ိုင်းရေဒီယိုထုတ်လွှင့်မှုအစီအစဉ်မှာ ကိုယ်တိုင်ဂစ်တာတီး၊သီချင်းဆိုပြီး ဖျော်ဖြေပေးနေပါတယ်။ ရန်မျိုးနဲ …Read more »

အိမ်နဲ့ဝေးနေသူ ရွှေ့ပြောင်းလုပ်သားတွေကို လေလှိုင်းပေါ်က တေးသီချင်း ဖျော်ဖြေသူ

ထိုင်းမြန်မာနယ်စပ်ဒေသ မြန်မာရွှေ့ ပြောင်း အလုပ်သမားတွေကို ပညာပေးအစီအစဉ်အနေနဲ့ ဖွင့်လှစ်ထားတဲ့ MAP လူမှုအသိုင်းအ၀ိုင်း ရေဒီယိုထုတ်လွှင့်မှုအစီအစဉ်မှာ ရွှေ့ ပြောင်းလူငယ်တယောက်ဖြစ်တဲ့ ရန်မျိုးဆိုတဲ့လူငယ်တယောက်ဟာ ကိုယ်တိုင်ဂစ်တာတီး၊ တေးသီချင်း ဆိုပြီး ဖျော်ဖြေပေးနေပါတယ်။ ရန်မျိုးနဲ့ အတူ သူငယ်ချင်းဖြစ်သူ ၂ ယောက်ပါ ပါဝင်သီဆိုနေကြတာဖြစ်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၅ ကနေ ၆ နာရီထိ သူရွေးသီရာတေးကဗျာ အစီအစဉ်နဲ့ လေလှိုင်းကနေတိုက်ရိုက်တင်ဆက်တဲ့ပြီးဖျော်ဖြေနေကြတာဖြစ်ပါတယ်။ ဒီလူငယ် ၃ ယောက်ဟာ တခြားမြန်မာရွှေ့ ပြောင်းအလုပ်သမားတွေလို မနက် ၈ နာရီကနေ ညနေ ၅ နာရီထိ လုပ်ငန်းခွင်ဝင်နေကြတဲ့ အလုပ်သမားတွေဖြစ်ကြပြီး၊ တက်မြောက်ထားတဲ့ ဂီတပညာနဲ့ လေလှိုင်းကနေ ဖျော်ဖြေရေးလုပ်ငန်းနဲ့ ပရဟိတအလုပ်တွေ လုပ်ကိုင်နေကြတာပါ။ ဖုန်းကနေတဆင့် စက်ရုံ၊ အလုပ်ရုံ အလုပ်သမားတွေ …Read more »

လူငယ်ရေးရာမူဝါဒ ရေးဆွဲရာမှာ လူငယ့်အသံတွေပါဝင်ဖို့ ဒေသအလိုက် လူငယ်ဖိုရမ် ပြုလုပ်မည်

အစိုးရရဲ့ ပထမ ရက် ၁၀၀ စီမံချက်တွေထဲမှာ ပါဝင်လာတဲ့ လူငယ်ရေးရာမူဝါဒ ရေးဆွဲရာမှာ လူငယ်တိုင်းရဲ့ သဘောဆန္ဒတွေ ပါဝင်စေဖို့အတွက် တိုင်းနဲ့ပြည်နယ် ဒေသအလိုက် လူငယ်ဖိုရမ်တွေ ဆက်လက်ပြုလုပ်သွားဖို့ ရှိနေပါတယ်။ လူငယ်မူဝါဒ ရေးဆွဲရေးအတွက် အခြေခံထည့်သွင်းဆွေးနွေးတဲ့ မြန်မာလူငယ်ဖိုရမ်ကို မုံရွာမြို့မှာ ၃ရက်တာ ပြုလုပ်ခဲ့ပြီး တိုင်းနဲ့ပြည်နယ်အသီးသီးက လူငယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ ဒီဖိုရမ်ကနေ သက်ဆိုင်ရာဒေသတွေက လူငယ်အားလုံး ရဲ့ သဘောဆန္ဒကို ပြန်လည်တောင်းခံဖို့ လိုအပ်တာကြောင့် တိုင်းနဲ့ပြည်နယ်အလိုက် လူငယ်ဖိုရမ် တွေကို ဆက်လက်ပြုလုပ်သွားဖို့ကို အချိန် ၃လ သတ်မှတ်လိုက်ပါတယ်။ တိုင်းပြည်တခုရဲ့ တည်ဆောက်ရေး၊အုပ်ချုပ်ရေး စတဲ့ကဏ္ဍအလိုက် လူငယ်တွေရဲ့ ပါဝင်နိုင်မှုကို တရားဝင်သတ်မှတ်ပေးထားတဲ့ လူငယ့်ရေးရာမူဝါဒကို ကမ္ဘာ့နိုင်ငံပေါင်း ၁၂၀ ကျော်မှာ ကျင့်သုံးနေပေမယ့် လူငယ်မူဝါဒ မရှိသေးတဲ့ (၃၁)နိုင်ငံစာရင်း မြန်မာနိုင်ငံလည်း …Read more »

မွေ့ထိုင်း လက်ဝှေ့ကြိုးဝိုင်းထဲက ရွှေပြောင်းမြန်မာ လူငယ်တွေရဲ့ ပုံရိပ်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စီးပွားရေး လူမှုရေး နိုင်ငံရေးစတဲ့ အကြောင်းအမျိုးမျိုးနဲ့ မိသားစုတွေနဲ့အတူ ရွှေပြောင်းလာတဲ့ ရွှေပြောင်းမြန်မာ တိုင်းရင်းသားကလေးသူငယ် အများအပြား ရှိပါ တယ်။ ဒီထဲက ချို့တဲ့ တဲ့ ရွှေ့ပြောင်းတိုင်းရင်း သားလူငယ်တချို့ဟာ ထိုင်းကျောင်းတက် ရင်း မုန့်ဖိုးရဖို့ ထိုင်းလက်ဝှေ့ကို အချိန်ပိုင်း ကစားကြပါတယ်။ DVB Youth Voice – 14.06.2016

ဒီဗွီဘီ လူငယ့်အသံ အစီအစဉ် (01.06.2016)

ဒီဗွီဘီ လူငယ့်အသံ အစီအစဉ် တွေမှာတော့ ထူးခြားတဲ့ သတင်းဓါတ်ပုံတွေနဲ့အတူ အစိုးရသစ်လက်ထက် ရက် ၁၀၀ ပညာရေးပြုပြင်ပြောင်းလဲမှုနဲ့ ကျောင်းသားသမဂ္ဂတွေရဲ့ လှုပ်ရှားမှု အခြေအနေအကြောင်း တွေ့ဆုံမေးမြန်းခန်းနဲ့ လူငယ်ကျူ့ အစီအစဉ်တွေကို တင်ဆက်ပေးထားပါတယ်။ DVB Youth Voice – 01.06.2016

လူငယ်၁၆၀ကျော်ပါဝင်တဲ့ဆွေးနွေး လူငယ်ဖိုရမ်မန္တလေးမှာကျင်းပ

လူငယ်၁၆၀ကျော်ပါဝင်ဆွေးနွေးကြတဲ့လူငယ်ဖိုရမ်တစ်ခုကိုမန္တလေးမြို့မှာစတင်ပြီးကျင်းပနေပါတယ်။ငြိမ်းမိုးနောင်သတင်းပေးပို့ထားပါတယ်။

DVB TV – လူငယ်ညီလာခံကိုတံတားဦးမြို့မှာကျင်းပ

ရပ်ရွာအခြေပြု့လူငယ်ခေါင်းဆောင်တွေထွက်ပေါ်လာစေဖို့ရည်ရွယ်ပြီးမန္တလေးတိုင်းဒေသကြီးလူငယ်ညီလာခံကိုတံတားဦးမြို့မှာကျင်းပနေပါတယ်။ ငြိမ်းမိုးနောင်

ချင်းမိုင် FC လူငယ်အသင်းမှာ ကစားနေတဲ့ ရွှေ့ပြောင်းမြန်မာ လူငယ် တစ်ယောက်

မိသားစုနဲ့အတူ ထိုင်းနိုင်ငံ ချင်းမြို့ကို ပြောင်းနေထိုင်နေတဲ့ အသက်(၁၃)နှစ်အရွယ် လူငယ် လေးတယောက်ဟာ အောင်မြင်တဲ့ ဘောလုံးသမားဖြစ်ဖို့ ရည်ရွယ်ချက်ရှိသလို သူ့ရဲ့ ရည်ရွယ်ချက်တွေဖြစ်လာဖို့အတွက်လည်း ကြိုးစားနေပါတယ်။ သူဟာ အခုလက်ရှိ ချင်းမိုင်မြို့က ၀တ်ပါဖန့်စာသင်ကျာင်းရဲ့ အသက်(၁၂)နှစ်အောက် ဘောလုံးအသင်း၊ချင်းမိုင်FC လူငယ်အသင်းနဲ့ ထိုင်းလားနားအသင်းမှာလည်း ကစားနေပါတယ်။ သူပြောပြတဲ့ သူ့ဘ၀ ကောက်ကြောင်းတချို့ကို တင်ဆက်ထားပါတယ်။ DVB Youth Voice – 25.05.2016