လူငယ့်အသံ

အနာဂတ်ကိုဖန်ဆင်းမည့် လူငယ်များအတွက် သိသင့်သိထိုက်သည့် နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များ၊ လူငယ်တို့ပါဝင်သည့် လူငယ့်အခွင့်အရေး လှုပ်ရှားမှုများ၊ လူငယ်တို့ ရင်ခုန်သည့် ရုပ်ရှင် ဂီတ အနုပညာများ၊ လူငယ်တို့ စိတ်ဝင်စားသည့် နည်းပညာ အသစ်အဆန်းများ၊ လူငယ်တို့ မျှော်လင့်သည့် ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ၊ ပြည်တွင်း ပြည်ပက နာမည်ကျော် လူငယ်တို့၏ ဘ၀ရုပ်ပုံလွှာများ၊ လူငယ့်ရုန်းကန်မှုနှင့် အောင်မြင်မှုများ လူငယ့်အမြင်၊ လူငယ့်အတွေး၊ လူငယ့်အလှ၊ လူငယ့် သဘာဝနှင့် ရောင်စုံဖြာနေသည့် လူငယ့်လောကအကြောင်း။

Latest
Most Viewed
Most Commented
Myanmar Idol Top-3 ၊ ကျောင်းသားသင်္ကြန်ပွဲတော် လူငယ့်အသံ

– မြန်မာနိုင်ငံတွင်း ဂီတပရိသတ်တွေအကြားရေပန်းစားနေတဲ့ Myanmar Idol Season 2က Top 3 သုံးယောက်ရဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံပွဲ ပြုလုပ်သွားတဲ့ သတင်း။ – ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းထဲမှာ ပထမဆုံးအကြိမ် ပြုလုပ်သွားတဲ့ ကျောင်းသားသင်္ကြန်ပွဲတော် သတင်းမြင်ကွင်း။ – ကျူးကျော်ရပ်ကွက်ကနေ ခရီးသွားဧည့်သည်တွေအတွက် လည်ပတ်စရာနေရာဖြစ်လာတဲ့ အင်ဒိုနီးရှားနိုင်ငံက ဂျိုဒီပန်ရွာအကြောင်း။ DVB Youth Voice – 15.03.2017

YBS ယာဉ်လိုင်းစနစ် အပြောင်းအလဲ စေတနာ့ဝန်ထမ်း လူငယ်များ အခန်းကဏ္ဍ

– ရန်ကုန်မြို့ရဲ့ ယာဉ်လိုင်းစနစ် အပြောင်းအလဲ ကာလမှာ ကျောင်းသားလူငယ်တွေ လုပ်အားပေးပါဝင်ကြတဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍ။ – နယ်မြို့ရပ်ရွာတွေက ပြည်သူ့စာကြည့်တိုက်တွေမှာ ကျောင်းသားလူငယ်တွေ လာရောက်ဖတ်ရှုမှုနှုန်း မြင့်မားလာစေဖို့ လိုအပ်ချက်တွေ ရှိနေ။ – ကျောင်းပြင်ပ မူလတန်းပညာရေးစနစ် ကျင့်သုံးနေတဲ့ ရွှေပြောင်းဒေသကျောင်းတွေမှာ ရှေ့ လာမယ့် စာသင်နှစ်တွေအတွက် အခက်အခဲတွေရှိ။ – ကြက်နှစ်ကို ကူးပြောင်းမဲ့ တရုတ်နှစ်သစ်ကူးပွဲတော်မှာ သက်သက်လွတ် အသီးအရွက် တွေစားကြဖို့ တိရိစ္ဆာန်အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေ လှုံ့ဆော်မှုပြုလုပ်။ DVB Youth Voice – 20.01.2017

လူငယ်ထဲက လူငယ်တွေအကြောင်း လူငယ့်အသံ

– ငြိမ်းချမ်းရေးလိုလားတဲ့လူငယ်တွေနဲ့ ပြည်သူတွေက စစ်ပွဲတွေအမြန်ဆုံးရပ်တန့်ပေးဖို့ လူထုပါဝင်တဲ့ ငြိမ်းချမ်းရေးအတွက် ဆန္ဒထုတ်ဖော်လှုပ်ရှားမှုတွေကို ပြုလုပ်သွားမယ့် သတင်း။ – လူငယ်တွေထဲကလူငယ်တယောက်၊ နိုင်ငံအတွက် ဆုတံဆိပ်တွေ ဆွတ်ခူးပေးနိုင်တဲ့ ကရင်တိုင်းရင်သူ ကာယအလှမယ် နန်းထက်ထက်လင်းရဲ့ ဘ၀ပုံရိပ် – အိန္ဒိယလူငယ်တွေအမြဲလိုကစားနေတဲ့ Cricket ကနေ တခြားကစားနည်းတွေ စိတ်ဝင်စား လာဖို့ ကစားနည်းသစ်တွေ မိတ်ဆက်သင်ကြားပေးတဲ့အကြောင်း ဒီဗွီဘီ လူငယ့်အသံ ဇန်န်ဝါရီ ၁၈ ရက်နေ့ အစီအစဉ် DVB Youth Voice – 18.01.2017

လက်ပံတန်း လူငယ်လေး(၃)ယောက်အဖွဲ့ရဲ့ သရီးဒီ ပန်းချီ ပုံရိပ်

ငယ်စဉ်ကတည်းက ပန်းချီပညာရပ်တွေကို ၀ါသနာပါလို့ လေ့လာရင်းနဲ့ ကိုယ်စိတ်ဝင်စားရာ သရီးဒီ ပန်းချီ ပုံရိပ်တွေကို ဖော်ထုတ်လာနေကြတဲ့ လူငယ်တွေရှိကြပါတယ်။ ဒီအထဲမှာ လက်ပံတန်းမြို့က လူငယ်လေး ၃ယောက်ပါဝင်တဲ့ အဖွဲ့လေးတဖွဲ့ကို မိတ်ဆက်ပေးချင်ပါတယ်။ ရိုက်ကူး – ၀ဏ္ဍထွန်း DVB Youth Voice – 10.01.2017

DVBYV – ငြိမ်းချမ်းရေး စာပေ ဟစ်ဟော့နဲ့ လူငယ့်အသံ အစီအစဉ်

– တိုင်းရင်းသားဒေသတချို့မှာ လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန်စေဖို့ အနယ်နယ်အရပ်ရပ်က ကျောင်းသားလူငယ်တွေ ဆန္ဒထုတ်ဖော် တောင်းဆိုမှုတွေ ပြုလုပ်လာကြတဲ့သတင်း။ – လူငယ်တွေအတွက် ရည်ရွယ်တဲ့ စာပေဟောပြောပွဲတခုကို ဒူးပလားယားခရိုင်အတွင်း တည်ဆောက်ခဲ့တဲ့ လေးကေ့ကော်မြို့သစ်မှာ ပထမဆုံးအကြိမ် ကျင်းပသွားတဲ့သတင်း။ – ဘရာဇီးနိုင်ငံက အသက်(၁၂)နှစ်အရွယ် ဟစ်ဟော့ကြယ်ပွင့်အကြောင်း လူငယ့်အသံ သတင်းတွေကို စုစည်းတင်ဆက်ထားပါတယ်။ DVB Youth Voice – 24.10.2016

၁၉ စက်တင်ဘာ ၂၀၁၆ လူငယ့်အသံ အစီအစဉ်

၁၉ စက်တင်ဘာ ၂၀၁၆ လူငယ့်အသံ အစီအစဉ် – နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက စာသင်ကျောင်းတွေမှာ လမ်းပန်းဆက်သွယ်ရေး ဘာသာစကား အခြေအနေတွေကြောင့် အခက်အခဲတွေ ကြုံတွေ့နေရတဲ့သတင်း။ – ရွှေ့ ပြောင်းလူငယ်တွေကို မျိုးဆက်ပွါး ကျန်းမာရေး အကြောင်းတွေ ကျယ်ကျယ်ပြန့် ပြန့် သိရှိနိုင်ဖို့ အတွက် ပညာပေးလှုံ့ ဆော်မှုတွေပြုလုပ်သွားဖို့ စီစဉ်နေကြတဲ့သတင်း။ – အသက်အငယ်ဆုံး Grammy တေးဂီတဆု လျာထားခြင်းခံရတဲ့ အသက် ၁၃နှစ်အရွယ် စန္ဒရား ပညာရှင် လူငယ်တစ်ယောက်အကြောင်း၊ DVB Youth Voice – 19.09.2016

ပိုကီမွန် ဂိုး ရေဘေး ပရဟိတလူငယ်တွေအကြောင်း လူငယ့်အသံ အစီအစဉ်

– ကမ္ဘာနဲ့တ၀န်း ဂယက်ရိုက်ခတ်မှုတွေနဲ့အတူ မြန်မာလူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ Pokemon GO ဂိမ်းအပေါ် ဝေဖန်သုံးသပ်မှုတွေ အမျိုးမျိုးရှိနေတဲ့သတင်း။ – ရေကြီးမှုကြောင့် ပိတ်ထားတဲ့ ကျောင်းတချို့ ပြန်ဖွင့်ဖို့ ပြင်ဆင်နေသလို ရေဘေးသင့်ဒေသတွေကို ကူညီဖို့အတွက် အသွင်ပုံစံအမျိုးမျိုးနဲ့ လူငယ်တွေက အလှူခံနေတဲ့သတင်း။ – ဥရောပအလယ်ပိုင်းမှာ ပြုလုပ်သွားတဲ့ အကြီးကျယ်ခန်းနားဆုံး ဂီတပွဲတော်မြင်ကွင်း စတဲ့ သတင်းတွေနဲ့အတူ စုစည်းတင်ဆက်ထားတဲ့ ဒီဗွီဘီ လူငယ့်အသံ အစီအစဉ်။ DVB Youth Voice – 15.08.2016

တကိုယ်တော် တေးစီးရီး ထွက်ရှိတော့မယ့် ရွှေ့ပြောင်းမြန်မာ လူငယ်တယောက် ကောက်ကြောင်း

ထိုင်းမြန်မာ နယ်စပ်မှာ အလုပ်လုပ်ကိုင်ရင်း တကိုယ်တော် တေးစီးရီး ထွက်ရှိဖို့ ကြိုးစားနေတဲ့ ရွှေ့ပြောင်းမြန်မာ လူငယ်တယောက် ကောက်ကြောင်း။ ထိုင်းမြန်မာနယ်စပ် ဒေသကို အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် လာရောက်လုပ်ကိုင်နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အများအပြားရှိနေတဲ့ မဲဆောက်မြို့မှာ ရွှေ့ ပြောင်းလူငယ်တယောက်ဖြစ်တဲ့ ရန်မျိုးဟာ အခုဆိုရင် သူကိုယ်တိုင်ရေးစပ်ထားတဲ့သီချင်းတွေကို တကိုယ်တော်စီးရီးခွေထွက်နိုင်ဖို့ အတွက် ပြင်ဆင်နေပါပြီ။ အဆိုတော်ဖြစ်ဖို့ ရည်ရွယ်ထားတဲ့ မြန်မာရွှေ့ ပြောင်းလူငယ်အလုပ်သမားဖြစ်သူ ရန်မျိုးဟာ ပရဟိတအလုပ်တွေကိုလည်း စိတ်ဝင်စားတာကြောင့်၊ ၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံရဲ့ ရေဘေးသင့်ပြည်သူတွေကို အကူအညီပေးနိုင်ဖို့ အတွက် မဲဆောက်မြို့ မှာ သူငယ်ချင်းတွေနဲ့ အတူ ဂစ်တာတီးသီချင်းဆိုပြီး ရံပုံငွေရှာဖွေပွဲတွေပြုလုပ်ခဲ့ပါတယ်။ ရန်မျိုးဟာ အခုဆိုရင် မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေကို ပညာပေးအစီအစဉ်အနေနဲ့ ဖွင့်လှစ်ထားတဲ့ မက်ပ်လူမှုအသိုင်းအ၀ိုင်းရေဒီယိုထုတ်လွှင့်မှုအစီအစဉ်မှာ ကိုယ်တိုင်ဂစ်တာတီး၊သီချင်းဆိုပြီး ဖျော်ဖြေပေးနေပါတယ်။ ရန်မျိုးနဲ …Read more »

အိမ်နဲ့ဝေးနေသူ ရွှေ့ပြောင်းလုပ်သားတွေကို လေလှိုင်းပေါ်က တေးသီချင်း ဖျော်ဖြေသူ

ထိုင်းမြန်မာနယ်စပ်ဒေသ မြန်မာရွှေ့ ပြောင်း အလုပ်သမားတွေကို ပညာပေးအစီအစဉ်အနေနဲ့ ဖွင့်လှစ်ထားတဲ့ MAP လူမှုအသိုင်းအ၀ိုင်း ရေဒီယိုထုတ်လွှင့်မှုအစီအစဉ်မှာ ရွှေ့ ပြောင်းလူငယ်တယောက်ဖြစ်တဲ့ ရန်မျိုးဆိုတဲ့လူငယ်တယောက်ဟာ ကိုယ်တိုင်ဂစ်တာတီး၊ တေးသီချင်း ဆိုပြီး ဖျော်ဖြေပေးနေပါတယ်။ ရန်မျိုးနဲ့ အတူ သူငယ်ချင်းဖြစ်သူ ၂ ယောက်ပါ ပါဝင်သီဆိုနေကြတာဖြစ်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့ ညနေ ၅ ကနေ ၆ နာရီထိ သူရွေးသီရာတေးကဗျာ အစီအစဉ်နဲ့ လေလှိုင်းကနေတိုက်ရိုက်တင်ဆက်တဲ့ပြီးဖျော်ဖြေနေကြတာဖြစ်ပါတယ်။ ဒီလူငယ် ၃ ယောက်ဟာ တခြားမြန်မာရွှေ့ ပြောင်းအလုပ်သမားတွေလို မနက် ၈ နာရီကနေ ညနေ ၅ နာရီထိ လုပ်ငန်းခွင်ဝင်နေကြတဲ့ အလုပ်သမားတွေဖြစ်ကြပြီး၊ တက်မြောက်ထားတဲ့ ဂီတပညာနဲ့ လေလှိုင်းကနေ ဖျော်ဖြေရေးလုပ်ငန်းနဲ့ ပရဟိတအလုပ်တွေ လုပ်ကိုင်နေကြတာပါ။ ဖုန်းကနေတဆင့် စက်ရုံ၊ အလုပ်ရုံ အလုပ်သမားတွေ …Read more »