အပတ်စဉ်ကဏ္ဍ

Latest
Most Viewed
Most Commented
သောက်သုံးရေ အခက်အခဲအတွက် ထောင်ကြီးတန်းကျေးရွာ ကြိုးစားခဲ့ပုံ

ဧရာဝတီတိုင်း ဖျာပုံခရိုင် အမာမြို့နယ်ထဲက ထောင်ကြီးတန်းကျေးရွာလေးမှာ သောက်သုံးရေ အတွက် အခက်အခဲဖြစ်နေကြပါတယ်။ သူတို့ သောက်သုံးရေ အခက်အခဲတွေအတွက် ဒေသခံတွေနဲ့ ပရဟိတအဖွဲ့တွေ ဘယ်လိုတွေ ကြိုးစားခဲ့ကြရသလဲ၊ ဒီတပတ် တယောက်တလက် Fix it အစီအစဉ်မှာ တင်ဆက်ထားပါတယ်။ DVB TV – 31.05.2017

Critical Thinking သင်ကြားမှုတွေနဲ့ ဖောင်တော်ဦး ဘကကျောင်း

ပြည်သူ့ဂုဏ်ရည်ဆု ၂၀၁၇ ခုနှစ်အတွက် မန္တလေးမြို့က ဖောင်တော်ဦး ဘကကျောင်းလေးကို ရွေးချယ်ခံရပါတယ်။ အထက်တန်းအဆင့်ထိ တွဲဖက်ဖွင့်လှစ်ထားတဲ့ ဖောင်တော်ဦး ဘုန်းတော်ကြီးပညာရေးကျောင်းဟာ ဘယ်လိုကျောင်းမျိုးလဲ? ကျောင်းထိုင်ဆရာတော်ကို ကမ္ဘာ့ဆရာဆုလျာထားခြင်းခံခဲ့ရတဲ့ ဖောင်တော်ဦးကျောင်းမှာ ကလေးဗဟိုပြုသင်ကြားရေးစနစ်ကို ဘယ်လိုလက်တွေ့ကျင့်သုံးနေသလဲ? အခုခေတ်ကမ္ဘာမှာ တွင်တွင်ကျယ်ကျယ်သုံးလာတဲ့ critical Thinking စွမ်းရည်တွေကို အဲဒီ့ကျောင်းက ကလေးတွေဆီမှာ ဘယ်လိုလေ့ကျင့်ပေးနေသလဲ? ဖောင်တော်ဦး ဘကကျောင်းလေးအကြောင်းကို လူငယ့်အသံမှာ တင်ဆက်ထားပါတယ်။ DVB Youth Voice – 30.05.2017

မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဘယ်နိုင်ငံကို နမူနာယူမလဲ?

DVB Debate – မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဘယ်နိုင်ငံကို နမူနာယူမလဲ? “ကျနော်တို့ဆီမှာက စစ်ပွဲက ဈေးကြီးတယ်. ငြိမ်းချမ်းရေးက ဈေးချိုနေတယ်ဗျ” ဦးအောင်နိုင်ဦး – ငြိမ်းချမ်းရေးအကျိုးတော်ဆောင်(ဟောင်း)၊ မြန်မာငြိမ်းချမ်းရေးစင်တာ “တိုင်းရင်းသားတွေ ဘက်ကလည်း ရှင်းရှင်းလင်းလင်း မရှိဘူး၊ အစိုးရဘက်ကလည်း ဘာလုပ်မယ်ဆိုတာ ရှင်းရှင်းလင်းလင်း မရှိဘူး၊ တပ်ကလည်း မရှိသေးဘူး။ တွေ့ဆုံ စကားပြောလိုက်တိုင်းမှာ ဘာလိုချင်ကြတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ရှိမှ ရမယ်” ဒေါက်တာ ရွှေခါး(ရ်) – တွဲဖက်အတွင်းရေးမှူး ၁၊ ချင်းအမျိုးသားတပ်ဦး “တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုဆိုင်ရာ စာချုပ် .အန်စီအေကို ရီဗျူးလုပ်ဖို့ လိုနေပြီ. ပြင်ဖို့ ပြောနေတာမဟုတ်ဘူး” ဦးမောင်မောင်စိုး – မြန်မာ့အရေး/တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ DVB TV – 21.05.2017

ကမ်းပြိုတဲ့ရွာတွေဆီ Close-up

ကမ်းပြိုမှုတွေကြောင့် ပြောင်းရွှေ့နေရတဲ့ ကျေးရွာတွေနဲ့ close-up အစီအစဉ် ကမ်းပြိုတဲ့ဒါဏ်ကို ခံစားခဲ့ကြရတဲ့ ပဲခူးတိုင်း ကဝမြို့နယ်ထဲက မက်မောက်ရွာနဲ့ အနီးတဝိုက်ကို အနီးကပ်တွေ့မြင်ကြရပါမယ်။

EFR Group of Companies ရဲ့ Chairman ဦးကျော်လွင်ဦးနဲ့ မိတ်ဖက်စကား

တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာတာနဲ့အညီ ကုန်စည်စီးဆင်းမှုကလည်း မြန်ဆန်ဖို့လိုပါတယ် ။ EFR ကုမ္ပဏီ ဟာ သယ်ယူပို့ဆောင်ရေး ၀န်ဆောင်မှုလုပ်ငန်း ( Logistics ) တွေကို ကနဦးကတည်းက လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီတပတ် Common Ground (ဖွံ့ဖြိုးစီးပွား မိတ်ဖက်စကား) အစီအစဉ်မှာတော့ EFR Group of Companies ရဲ့ Chairman ဦးကျော်လွင်ဦးနဲ့ မိတ်ဖက်စကားပြောကြားမှာ ဖြစ်ပါတယ်။

အိုင်သပြု ကျေးရွာလေး ပြန်လည်ထူထောင်ဖို့ ကြိုးစားတဲ့အကြောင်း

ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ် အိုင်သပြု ကျေးရွာက ကမ်းနားတန်းရပ်ကွက်က အိမ်ခြေ ၅၀ ကျော်ဟာ ၂၀၁၅ ခုနှစ်က ကမ်းပါးပြိုပြီး အိုးအိမ်တွေ ပျက်စီးခဲ့ရပါတယ်။ ပျောက်ဆုံးသွားတဲ့ သူတို့ ရဲ့ အိုးအိမ်အသိုက်အမြုံအတွက် ပြန်လည်ထူထောင်ဖို့ ဒေသခံတွေနဲ့ ပရဟိတအဖွဲ့တွေ ကြိုးစားခဲ့ကြတဲ့အကြောင်း တယောက်တလက် အစီအစဉ်မှာ တင်ဆက်ထားပါတယ်။

သတင်း အချက်အလက်ဆိုင်ရာ အခွင့်အရေး ဥပဒေကြမ်း ဘယ်တော့လဲ?

သတင်း အချက်အလက်ဆိုင်ရာ အခွင့်အရေး ဥပဒေကြမ်း ဘယ်တော့လဲ ? အရင်အစိုးရလက်ထက်ကတည်းက ပြန်ကြားရေးဝန်ကြီးဌာနနဲ့ မီဒီယာအဖွဲ့အစည်းတွေ ပူးပေါင်းရေး ဆွဲနေတဲ့ “သတင်းအချက်အလက်ဆိုင်ရာ အခွင့်အရေး ဥပဒေကြမ်း” ဟာ မူကြမ်းအဆင့်ထိ ရေးဆွဲပြီးဖြစ်ပေမယ့် အခု ချိန်အထိ ဥပဒေကြမ်းအဖြစ် မထုတ်ပြန်နိုင်သေးပါဘူး ။ နိုင်ငံပေါင်း ၁၁၅ နိုင်ငံမှာ ဒီဥပဒေပြဌာန်းထားပြီး ဖြစ် သလို အာရှတိုက်မှာဆိုရင်လည်း နိုင်ငံပေါင်း ၃၀ ကျော်မှာ ပြဌာန်းပြီး ဖြစ်ပါတယ်။ ၂၀၁၇ အတွက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ထုတ်ပြန်လိုက်တဲ့ သတင်းလွတ်လပ်မှုအဆင့် မှာ မြန်မာနိုင်င်ငံဟာ မနှစ်ကအညွှန်းကိန်းထက် ၁၂ ဆင့် တက်လာပါတယ် ။ ဒါပေမဲ့ သတင်းမီဒီယာ သမား တွေကတော့ ဒီလိုအဆင့်တက်လာတာဟာ စာနယ် ဇင်းလွတ်လပ်ခွင့် တိုးတက်လာတာလို့ …Read more »

ရေခဲတောင်တက်သမား ပူတာအိုသား တယောက်အကြောင်း

ငယ်စဉ်ကတည်းက ရေခဲတောင်တွေကို အထမ်းသမားဘဝနဲ့တက်ရင်း တောင်တက်ဝါသနာပါလာခဲ့ပြီး ရေခဲတောင်တွေ လိုက်တက်နေသူ။ နိုင်ငံတကာကလာတဲ့သူတွေကို ရေခဲတောင်တွေဆီ လိုက်ပို့တဲ့ ဝန်ဆောင်မှုလုပ်ငန်းလုပ်နေသူ ပူတာအိုသား တယောက်အကြောင်းကို ခေတ်ပြိုင်ကောက်ကြောင်း အစီအစဉ်မှာ တင်ဆက်ထားပါတယ်။ DVB TV – 21.05.2017

အောင်နိုင်သစ္စာ ကုမ္ပဏီ ဥက္ကဌ ဦးအောင်ဇော်ဦးနဲ့ မိတ်ဖက်စကား

ဆန်စပါးကို လယ်တောထဲကနေ နိုင်ငံခြား တင်ပို့နိုင်တဲ့အထိ အဆင့်ဆင့်လုပ်ဆောင်နေတဲ့ ကုမ္ပဏီဟာ အောင်နိုင်သစ္စာကုမ္ပဏီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံပြည်တွင်း အသားတင် ထုတ်လုပ်မှု ရဲ့ ၆၀ % ဟာ လယ်ယာကဏ္ဍက လာတာဖြစ်ပါတယ်။ ဒါကြောင့် အောင်နိုင်သစ္စာ ကုမ္ပဏီရဲ့ အရေးပါမှုမှာလည်း မြင့်မားနေဦးမှာ ဖြစ်ပါတယ်။ အခုတပတ် Common Ground (မိတ်ဖက်စကား) အစီအစဉ်မှာတော့ အောင်နိုင်သစ္စာကုမ္ပဏီ ရဲ့ ဥက္ကဌ ဦးအောင်ဇော်ဦးနဲ့ မိတ်ဖက်စကားပြောကြားမှာ ဖြစ်ပါတယ်။ DVB TV – 20.05.2017