အပတ်စဉ်ကဏ္ဍ

Latest
Most Viewed
Most Commented
Yum Yum ခေါက်ဆွဲထုတ်တဲ့ Cho Cho industry ဦးဝေဖြိုးနဲ့ မိတ်ဖက်စကား

နိုင်ငံခြားကို Export လုပ်နိုင်ဖို့ကြိုးပမ်းနေတယ်ဆိုတဲ့ Local SME တစ်ခု ဖြစ်တဲ့ Cho Cho Industry Ltd ဟာ အသင့်စား စားသောက်ကုန်ဖြစ်တဲ့ Yum Yum ခေါက်ဆွဲ ၊ Shin Shin ကြာဇံ တို့ကို ပြည်တွင်းမှာ ထုတ်လုပ် ရောင်းချပေးနေတဲ့ ကုမ္ပဏီ တစ်ခု ဖြစ်ပါတယ်။ ဒီတစ်ပတ် Common Ground ( ဖွံ့ဖြိုးစီးပွား မိတ်ဖက်စကား ) အစီအစဉ်မှာ Cho Cho Industry Ltd ရဲ့ Managing Director ဦးဝေဖြိုးနဲ့ မိတ်ဖက်စကားပြောကြားမှာပဲ ဖြစ်ပါတယ်။ DVB TV – 17.06.2017

အခြေခံပညာရေး ဥပဒေ မူကြမ်းအပေါ် ရှုမြင်ချက်

အခြေခံပညာရေး ဥပဒေ မူကြမ်းအပေါ် ရှုမြင်ချက် မြန်မာနိုင်ငံမှာ ပညာရေးနဲ့ ပတ်သက်ပြီး အမျိုးသားပညာရေးဥပဒေကို ၂၀၁၄ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပါတယ် ။ ဒါပေ မဲ့ အခြေခံပညာရေးနဲ့ ပတ်သက်တဲ့ဥပဒေ မူကြမ်းကို ပညာရေးဝန်ကြီးဋ္ဌာန ၀က်ဆိုက်ထဲမှာ ဖော်ပြထားပေမယ့် လည်း အခုချိန်ထိ လွှတ်တော်ထဲမှာ မဆွေးနွေးနိုင်သေးပါဘူး ။ လက်ရှိ အခြေခံပညာရေးစနစ်ထဲမှာ လိုအပ် ချက်တွေ ၊ စိန်ခေါ်မှုတွေ အများအပြား ကြုံနေရတယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ အခြေခံပညာရေးဥပဒေ(မူကြမ်း) နဲ့ပတ်သက်တဲ့ အမြင်သဘောထားတွေကို နယ်ပယ် အသီးသီးက ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးထားပါတယ်။ DVB TV – 18.06.2017

ပုဂ္ဂလိက လွှဲပြောင်းမှုက ပြည်သူတွေအတွက် ကောင်းကျိုးလား ဆိုးကျိုးလား?

DVB Biz Debate – ပုဂ္ဂလိက လွှဲပြောင်းမှုက ပြည်သူတွေအတွက် ကောင်းကျိုးလား ဆိုးကျိုးလား? “အရေးယူတယ်ဆိုတဲ့အပိုင်းမှာ သူတို့ ပြောကြပါတယ်။စာချုပ်ချုပ်ပြီးပြီ ။ပြင်လို့မရတော့ဘူး လုပ်လို့မရ တော့ဘူး။ဒါကအားလုံးသဘောတူထား တာ။ကျွန်တော်မငြင်းပါဘူး။သို့သော် ချုပ်ထားတဲ့စာချုပ်တွေဘယ်လောက် အထိတရားဝင်လဲ။ဘယ်လောက်အထိဥပဒေအရဘောင်ထဲ မှာရှိသလဲ။ တိုင်းပြည်က တကယ်နစ်နာတယ်။စက်ရုံကြီးတွေ အကြီးကြီးတွေယူပြီး ဘာမှလဲမလုပ်ဘူး။ ထုတ်လုပ်မှုလဲမတက်ဘူး။ ဒီလိုဈေးခေါ်ရောင်းတဲ့ပုံစံ ဆိုရင် ကျွန်တော်တို့က ချုပ်ထားတဲ့စာချုပ်ကိုပြန် review လုပ်နိုင်တဲ့ဥပဒေ ရှိပါတယ်” – ဦးအေးလွင်(ဗဟိုစီးပွားရေးကော်မတီအဖွဲ့ဝင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်) “တချို့လုပ်ငန်းတွေကိုတော့ Privatizationလုပ်ရမယ်။တချို့လုပ်ငန်းတွေ ကိုတော့ commercial ပုံစံလုပ်ရမယ်။ကျွန်တော်တို့တိုင်းပြည်မှာခက် တဲ့ပြဿနာက အစိုးရအဖွဲ့ကြီးတွေမှာလုပ်တဲ့လူဟာ သူက စီးပွားရေး လည်းလုပ်တယ်။တဖန်သူက Regulator ပြန်ဖြစ်တယ်။ဒီတော့ အစိုးရမှာ Knowledge ရှိဖို့ လိုတာပေါ့” – ဦးကျော်မျိုးထွန်း(Financial consultant) “နိုင်ငံပိုင်လုပ်ငန်းတွေကို …Read more »

ရွာငံတ၀ိုက်က ဒေသခံတွေရဲ့ အခက်အခဲကို ကျေးရွာနှစ်ရွာပေါင်းပြီး ကြိုးစားရုန်းကန်

ရှမ်းပြည်နယ်၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသဖြစ်တဲ့ ဒေသ ရွာငံဒေသတ၀ိုက်က ဒေသခံတွေရဲ့ အခက်အခဲတခုကို ကျေးရွာနှစ်ရွာပေါင်းပြီး ကြိုးစားရုန်းကန်ခဲ့တဲ့အကြောင်း ဒီတပတ် တယောက်တလက် အစီအစဉ်မှာ တင်ဆက်ထားပါတယ်။ DVB TV – 14.06.2017

ကံကုန်းရွာ ရဲ့ ဒုက္ခ

ကြေးနီထွက်တဲ့ ကြေးစင်တောင်ဒေသ၊ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ကံကုန်းရွာ… အနားမှာရှိတဲ့ ကြေးနီထုတ်လုပ်ငန်းနဲ့ အက်ဆစ်စက်ရုံကြောင့် မြေအောက်ရေပျက်စီးတာ၊ လေထုညစ်ညမ်းတာတွေကို ခံစားလာတာ ဆယ်စုနှစ်တစုကျော် ကြာခဲ့ပါပြီ။ ဒီနေ့ close-up အစီအစဉ်မှာတော့ ကံကုန်းရွာသူရွာသားတွေ ခံစားနေကြရတဲ့ အကြောင်းအရာတွေအားလုံးကို ရှုစားကြရမှာပါ။ DVB TV – 14.06.2017

ဘိလိယက် လက်ရွေးစင် ဖုန်းမြင့်ကျော် ရုပ်သံမှတ်တမ်း

DVB TV – ဘိလိယက် လက်ရွေးစင် ဖုန်းမြင့်ကျော် ရုပ်သံမှတ်တမ်း ကမ္ဘာ့ အဆင့် ၈ နဲ့ အဆင့် ၁၃ ထိ ရရှိခဲ့ပြီး နိုင်ငံတကာပြိုင်ပွဲတွေမှာ နာမည်တစ်လုံးရလာပြီဖြစ်တဲ့ ဘိလိယက် 9 Ball ကစားသမား အားတီ(ခ) ဖုန်းမြင့်ကျော် တင်ဆက် – ထက်လူ

ပန်းချီ နှင့် အမျိုးသမီး လောက

ပန်းချီ နှင့် အမျိုးသမီးလောက အမျိုးသမီး စကားဝိုင်း တင်ဆက် – တူးတူးမြင့်သိန်း DVB TV – 13.06.2017

အလှကုန်ပစ္စည်း ဆိုင်ရာ ဥပဒေပြဋ္ဌာန်းဖို့ လိုသလား

အလှကုန်ပစ္စည်း ဆိုင်ရာ ဥပဒေပြဋ္ဌာန်းဖို့ လိုသလား ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ အလှကုန်ပစ္စည်းတချို့ကို FDA က အခါအားလျှော်စွာ စစ်ဆေးပြီး သုံးစွဲရန် မသင့်တဲ့ အလှကုန်တွေကို ရံဖန်ရံခါ ထုတ်ပြန် ကြေညာတာမျိုး ရှိပေမယ့် အရည် အသွေး မပြည့်တဲ့ အလှကုန် တွေ၊ အတုအပ အလှကုန်တွေဟာ အခုချိန်ထိ ဈေးကွက်ထဲက ပပျောက်သွားခြင်း မရှိသေးပါဘူး ။ ၀ယ်ယူ သုံးစွဲသူတွေ အနေနဲ့လည်း အခုချိန်ထိ ဥပဒေရဲ့ အကာအကွယ်ကို မရကြသေးပါဘူး ။ဒီအစီအစဉ်မှာ အလှကုန်ပစ္စည်းဆိုင်ရာ ဥပဒေပြဋ္ဌာန်းဖို့လိုမလို ၊ ပြဋ္ဌာန်းမယ်ဆိုရင် ဒီဥပဒေမှာ ဘယ်လိုအချက်အလက်တွေ ပါသင့်သလဲ ဆိုတာတွေနဲ့ ပတ်သက်တဲ့ အမြင်သဘောထားတွေကို နယ်ပယ် အသီးသီးက ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးထားပါတယ်။ DVB TV – …Read more »

ကိုယ်ယုံကြည်ရာ ပန်းတိုင်ကို ဇွဲရှိရှိနဲ့ ဖြတ်သန်းနေတဲ့ မိန်းကလေးငယ်

ကိုယ်လက်အဂ်ါ မသန်စွမ်း ပေမယ့် ကိုယ်ယုံကြည်ရာ ပန်းတိုင်ကို ဇွဲရှိရှိနဲ့ ဖြတ်သန်းနေတဲ့ မိန်းကလေးငယ် တယောက်အကြောင်းကို ဒီတပတ် ခေတ်ပြိုင်ကောက်ကြောင်း အစီအစဉ်မှာ တင်ဆက်ထားပါတယ်။ DVB TV – 11.06.2017