အပတ်စဉ်ကဏ္ဍ

Latest
Most Viewed
Most Commented
ပြည်သူပြည်သား သတင်းသမား

DVB TV – ပြည်သူပြည်သား သတင်းသမား တရားမဝင် အရက်ရောင်းချတာတွေကို ဆိုင်ရာရဲတပ်ဖွဲ့ စခန်းတွေကို အကြောင်းကြားပေမယ့် ဖမ်းဆီးအရေးမယူနိုင်၊ ဆိုင်ကယ်ခိုးမှုများ နေ့စဉ်လိုလို ဖြစ်ပေါ်နေပေမယ့် တရားခံကို မဖမ်းမိ ၊ မြေစရင်းဌာနများမှ လုပ်ထုံးလုပ်နည်းများနှင့် ညီညွှတ်မှုမရှိပဲ လယ ၃၀/ခ အခြားသူတဦးအမည်နဲ့ ထုတ်ပေးခဲ့ခြင်း အပေါ် မကျေနပ်၊ နတ္ထောင့်အရှေ့ရွာ အခြေခံပညာမူလတန်းကျောင်း လိုပ်အပ်ချက်၊ သထုံမြို့ လူငယ်ကွန်ယက်အဖွဲ့မှ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်းကာ အပတ်စဉ် သန့်ရှင်းရေးပြုလုပ်တဲ့ အကြာင်းစတဲ့ သတင်းတွေကို ပြည်သူပြည်သားသတင်းသမားအများအစီစဉ်မှာ တင်ဆက်ထားပါတယ်။ တင်ဆက် – ဇော်မိုးဝေ ရိုက်ကူး – ပြည်သူပြည်သားသတင်းသမားများ

UMFCCI ရဲ့ ဥက္ကဌ ဦးဇော်မင်းဝင်း နဲ့ မိတ်ဖက်စကား

မြန်မာနိုင်ငံ ကုန်သည်ကြီးများ နှင့် စက်မှုလက်မှုလုပ်ငန်း အသင်းချုပ် UMFCCI ဟာ တစ်နိုင်ငံလုံးကို လွှမ်းခြုံတဲ့ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ UMFCCI ဟာ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ပုဂ္ဂလိက ကဏ္ဍ နဲ့အစိုးရကြား ပေါင်းကူးသဖွယ် ဆောင်ရွက်ပေးတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ဒါ့အပြင် မြန်မာနိုင်ငံ နှင့် နိုင်ငံခြား တိုင်းပြည်တွေ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမှာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ ဒီတစ်ပတ် Common Ground ( ဖွံ့ဖြိုးစီးပွား ) မိတ်ဖက်စကား အစီအစဉ်မှာ UMFCCI ရဲ့ ဥက္ကဌ ဦးဇော်မင်းဝင်း နဲ့ မိတ်ဖက်စကားပြောသွားမှာ ဖြစ်ပါတယ် ။

သတင်းထောက်များ မတရားဖမ်းဆီးခံနေရမှုအပေါ် အယ်ဒီတာ စကားဝိုင်း

DVB TV – သတင်းထောက်များ မတရားဖမ်းဆီးခံနေရမှုအပေါ် အယ်ဒီတာ စကားဝိုင်း တင်ဆက် – တိုးဇော်လတ်

မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေကြမ်း အပေါ် ရှုမြင်ချက်

မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေကို ၁၉၉၅ မှာ ပြဌာန်းခဲ့ပြီး ၂၀၀၃ နဲ့ ၂၀၁၆ ခုနှစ်တွေမှာ ပြန်လည် ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဥပဒေဟာ ခေတ်ကာလနဲ့ မလျှော်ညီတဲ့ ပြဌာန်းချက်တွေ ရှိနေတာကြောင့် လက်ရှိ အစိုးရ လက်ထက်မှာ အသစ်ပြဌာန်းဖို့ စီစဉ်နေပါတယ်။ ဒီနှစ် မတ်လထဲမှာ ” ၂၀၁၇ ခုနှစ်၊ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်း” ကို အများပြည်သူတွေ လေ့လာ အကြံပြုနိုင်အောင် နိုင်ငံပိုင် သတင်းစာတွေကတဆင့် ဖော်ပြခဲ့ပါတယ်။ ဒီအစီအစဉ်မှာ မြန်မာ့ကျောက်မျက်ရတနာဥပဒေကြမ်းနဲ့ ပတ်သက်တဲ့ သဘောထားအမြင်တွေကို ဆွေးနွေးထားပါတယ်။ DVB TV – 02.07.2017

ဘ၀ကို အတတ်ပညာ တခုနဲ့ ရပ်တည်နေထိုင်နိုင်အောင် ကြိုးစားနေသူတယောက်

ဘ၀မှာ သာမန်လူတွေလိုမဟုတ်ပဲ အားနည်းတချို့ရှိပေမယ့် ဘ၀ကို အတတ်ပညာ တခုနဲ့ ရပ်တည်နေထိုင်နိုင်အောင် ကြိုးစားနေသူတယောက် အကြောင်းကို ဒီတပတ် ခေတ်ပြိုင်ကောက်ကြောင်း အစီအစဉ်မှာ တင်ဆက်ထားပါတယ်။ DVB TV – 02.07.2017

အင်းလေးဒေသ အင်းသီး ခေါ် ကျွမ်းမျှော ခရမ်းချဉ် စိုက်ပျိုးရေး

ရှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ မှာတော့ အင်းသီး လို့ခေါ်တဲ့ ကျွမ်းမျှော ခရမ်းချဉ်ကို စိုက်ပျိုးကြပြီး အခုနောက်ပိုင်းမှာတော့ ဓာတုလျော့ချရေးနည်းစနစ်တွေနဲ့ တောင်သူအချို့လုပ်ဆောင်နေပါပြီ။ ဒီတပတ် တို့ခေတ်လယ်ယာ အစီအစဉ်မှာ အင်းလေးဒေသက ခရမ်းချဉ်သီးစိုက်တောင်သူတွေရဲ့ အခြေအနေတွေကို တင်ဆက်ပေးထားပါတယ်။ DVB TV – 23.06.2017

မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျုးကျော် ပြသနာ အယ်ဒီတာ စကားဝိုင်း

မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျုးကျော် ပြသနာ အယ်ဒီတာ စကားဝိုင်း

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရွာငံ ဒေသခံတွေ အခက်အခဲကို ရွာနှစ်ရွာ ပူးပေါင်းဖြေရှင်း

ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်တဲ့ ဒေသ ရွာငံ ဒေသတ၀ိုက်က ဒေသခံတွေရဲ့ အခက်အခဲတခုကို ကျေးရွာနှစ်ရွာပေါင်းပြီး ကြိုးစားရုန်းကန်​ခဲ့တဲ့အပိုင်း (၂)ကို ဒီတပတ် Fix it တယောက်တလက် အစီအစဉ်မှာ ရှုစားရမှာ ဖြစ်ပါတယ်။ DVB TV – 21.06.2017

နေရပ်စွန့်ခွာ (၆)နှစ်ကြာ

တကျော့ပြန် ကချင်စစ်ပွဲကြောင့် (၆)နှစ်ကြာ နေရပ်စွန့်ခွာနေကြရတဲ့ စစ်ရှောင်ပြည်သူတွေရဲ့ဘဝတွေကို အနီးကပ်တွေ့မြင်ရပါမယ်။ DVB TV – 21.06.2017