အပတ်စဉ်ကဏ္ဍ

Latest
Most Viewed
Most Commented
Talk2DVB (၁၈ မတ် ၂၀၁၅)

18-03-2015 Talk2DVB အစီအစဉ်—– ၁၉၉၁ ထုတ်ပယ်ခံဝန်ထမ်းများအား ကရုဏာပင်စင်ပေးမယ်ဆိုလို့ အဆင့်ဆင့်လျှောက်ထားခဲ့ရာ တစ်နှစ်ခွဲခန့်ကြာပြီး ပြည်ထောင်စုရာထူးဝန်အဖွဲ့ရဲ့ သဘောထားမှတ်ချက်အရ ကရုဏာပင်စင်မရနိုင်ကြောင်း အခုအသက် (၆၀)ကျော်ပြီမို့လို့ ကရုဏာပင်စင်ရဖို့ကူညီပေးစေလိုခြင်းကိစ္စ— ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့နှင့် လေးမျက်နှာမြို့ မြို့ချင်းဆက် ကတ္တရာထပ်ပိုးလမ်းအပိုင်းမှာ ကတ္တရာလွန်စွာနည်းပါးခြင်းကြောင့် ကား၊ ထော်လာဂျီနှင့် ဆိုင်ကယ်မောင်းသွားရင် ဖုန်တထောင်းထောင်းတဲ့အတွက် ကတ္တရာလမ်းပျက်စီးခြင်းကိစ္စ— ပခုက္ကူနည်းပညာတက္ကသိုလ်မှာ ကျောင်းကခြံစည်းရိုးလည်းမရှိ၊ တံခါးလည်းမရှိ၊ လွင်တီးခေါင်ဖြစ်နေပြီး လမ်းကအစနဲ့အဆုံးပဲခင်းပြီး အလယ်ကိုမခင်းခြင်းနှင့် စိမ်းလန်းသာယာမှုမရှိခြင်းကိစ္စ— ခေါင်းလောင်းသံကြားတာနဲ့ အမှိုက်တောင်းဆွဲ အမှိုက်သွန်မလို့ကြည့်လိုက်တာနဲ့ ကားနောက်ပြေးလိုက်ရတဲ့ ပျဉ်းမနားမြို့မှ အမှိုက်ပြိုင်ကားကိစ္စ— ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်မှာ ချဲနှစ်လုံး၊ ဘောလုံးဒိုင်လောင်းကစားပွဲ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းနဲ့လိုင်စင်မဲ့ဇိမ်ခံကားများရောင်းဝယ်ခြင်း၊ သစ်ခိုးထုတ်ခြင်းစတဲ့ကိစ္စတွေမှာ ရဲတပ်ဖွဲ့ဝင်ဟောင်းများပါခြင်းကိစ္စ— ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ်(၉)ရပ်ကွက် မဟာမြိုင်လမ်းမကြီးပေါ်မှာ သဲကားများမှ သဲမှုန့်များကျကျန်ခဲ့ခြင်းကြောင့် ပတ်ဝန်းကျင်လေကို ညစ်ညမ်းစေပြီး အဆုတ်နှင့်အရေပြားရောဂါနှင့်ပတ်သက်သောရောဂါများဖြစ်ပေါ်လာမည်ကိုစိုးရိမ်ခြင်းကိစ္စ— လားရှိုးမြို့မှာ …Read more »

Talk2DVB (၁၇ မတ် ၂၀၁၅)

17-03-15 ထုတ်လွှင့်မည့် Talk2DVB အစီအစဉ် -နိုင်ငံတော် သမ္မတကြီးနှင့်တကွ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် သိရှိစေရန်ဆိုတဲ့ ဗန်းမောက်မြို့နဲ့မိုင် (၃၀)လောက် ဝေးကွာတဲ့ ရွှေမော်ဒေသတွေမှာကိုယ်ပိုင်အုပ်ချုပ်ခွင်းပေးထားပါသလားးးဆိုပြီးမေးမြန်းထားသောကိစ္စ— -နိုင်ငံခြားတွင်နေထိုင်သောသူများမှ မွေးရပ်မြန်မာပြည်ရှိ မောင်နှမများထံသို့ ပေးပို့သော ပစ္စည်းများကို စာအိတ်များဖောက်ဖြဲပြီးပလတ်စတစ်အိတ်ထဲထည့်ကာ အိမ်တံခါးဝမှာ မသိအောင်လာညှပ်သွားခြင်းကိစ္စ—- -အငြိမ်းစားယူခဲ့သည့်စစ်မှုထမ်းဟောင်းမှ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ပြောကြားခဲ့တဲ့ တာဝန်ကျေပြွန်စွာ သက်ပြည့်တာဝန်ထမ်းဆောင်ခဲ့တဲ့ စစ်မှူ့ထမ်းဟောင်းများကို အိမ်ယာစီမံဆောင်ရွက်ပေးခြင်း နှင့်လိုအပ်သည်များ ကူညီပေးရန်လိုကြောင်း ဖတ်ကြားခဲ့ရတဲ့ အတွက် လွန်စွာဝမ်းသာ နေခဲ့ပါတယ် ။တစ်ကယ်လည်းပဲ ဖော်ပြပါအတိုင်းဆောင်ရွက်နေတာကို တွေ့ရှိရပါတယ် သို့ပေမဲ့ (၈၈) အရေးအခင်းမတိုင်မီ အငြိမ်းစားယူ ခဲ့တဲ့ အသက်ရွယ်များကြီးပြီဖြစ်နေသော ပင်စင်လစာငွေတလုံးတည်းလဲလှယ်ခဲ့ကြတဲ့ စစ်မှူထမ်းဟောင်းများမှာ အငြိမ်းစားပင်စင်လစာ (ပြည့်ဝ) စွာပြည်လည်ခံစားခွင့်ပြုပါရန် တောင်ခံခြင်းကိစ္စ– -ပင်လောင်းမြို့တွင် မနက် ၇:၀၀ နာရီဆိုရင်မီးစဖြတ်ပြီး ညနေ ၅:၀၀ …Read more »

Talk2DVB (၁၁ မတ် ၂၀၁၅)

11-03-2015 ဗုဒ္ဓဟူးနေ့တွင်ထုတ်လွှင့်မည့် Talk2DVB အစီအစဉ်—– တိုက်ကြီးမြို့နယ်မှာ ငါးထောင်တန်အတုဆိုပြီး ဖမ်းထားခြင်းမှာ (၆)ယောက်ရှိပြီး ရပ်ကွက်တွင်းပြည်သူများစိုးရိမ်သောကြောင့် ငါးထောင်တန် ဘယ်ဟာကအတု အစစ်လဲဆိုတာ ပြည်သူများသိရှိနိုင်ရန် မီဒီယာမှ ထုတ်လွှင့်အသိပေးစေလိုခြင်းကိစ္စ—– တခြားမြို့များထက် အင်တာနက်လိုင်းအားရော ဖုန်းလိုင်းပါ သုံးစားမရအောင် စုတ်ချာနေခြင်းမှာ တော်တော်ကြာနေပြီဆိုပြီး ကျိုက်လက်မြို့မှကိစ္စ—– မြန်အောင်မြို့ မြို့တွင်းမှာနွေ၊ မိုး၊ ဆောင်း (၃)ရာသီလုံး ဓာတ်ဆီဆိုင် ရောင်းချနေသဖြင့် မီးဘေးအန္တရာယ်အထူးစိုးရိမ်ကြောင်း၊ ဆေးရွက်ကြီးလုပ်ငန်းများလည်းမြို့တွင်းမှာလုပ်နေပါသဖြင့် ပတ်ဝန်းကျင်မှပြည်သူများ ကျန်းမာရေးထိခိုက်ပြီး အသက်ရှုလမ်းကြောင်းရောဂါဖြစ်ပွားနေသဖြင့် မြို့ပြင်ထွက်လုပ်ဆောင်စေခြင်းကိစ္စ—– ၀န်ထမ်းအချို့ရုံးမတက်ဘဲ ကိုယ်ပိုင်စီးပွားရေးလုပ်ပြီး လစာထုတ်ရက်မှအထက်အဆင့်ဆင့်ကိုနားလည်မှုယူပြီး လစာထုတ်ယူခြင်းနှင့်ပတ်သက်ပြီး အမှန်တကယ်အလုပ်လုပ်သူဝန်ထမ်းများကို လစာတိုးပေးနေပေမဲ့ အလုပ်မလုပ်ပဲ ကိုယ်ပိုင်စီးပွားရေးရှာသူများကို လစာတိုးပေးရင် နိုင်ငံတော်အတွက်များစွာထိခိုက်ခြင်းကိစ္စ—– သံတွဲမြို့ရှိ မြို့မဈေးကြီး ပေ၂၀လမ်းမပေါ်မှာ စည်းကမ်းမဲ့ဈေးသည်များ၏ ငါးတောင်းများမှ ငါးညှီရေများအမြဲတမ်းကျနေပါသဖြင့် ပြည်သူများသွားလာရခတ်ခဲပြီး စည်ပင်သာယာအဖွဲ့မှ ရှင်းလင်းဆောင်ရွက်ရာတွင်လည်း ငါးသည်များမှ …Read more »

Talk2DVB (၁၂ မတ် ၂၀၁၅)

12-03-2015 နေ့တွင်ထုတ်လွှင့်မည့် Talk2DVB အစီအစဉ်မှာတော့…… -မန္တလေးတိုင်း မြင်းခြံမြို့ရှိ အမှတ်(၆)မူလွန်ကျောင်းတွင် ဆရာ၊ဆရာမများ မလုံလောက်သောကြောင့် တခြားကျောင်းမှ ဆရာမများ အကူလာရောက် သင်ကြားပေးရာတွင် ၁-၁-၂၀၁၅တွင် ပြောင်းရွှေ့ အချိန်မဟုတ်ပဲ လုပ်သက်-၂ နှစ်ပဲရှိသေးသည့် ဆရမ တစ်ဦးတည်း သီးသန့်အော်ဒါ ထွက်လာခြင်းကိစ္စ- -မရန်းကုန်းမြို့နယ် အထက-၂ နှင့် အမက-၁၇ ကျောင်းတက် ကျောင်းဆင်းချိန်များတွင် ယာဉ်ထိန်းရဲ များ အချိန်မှန်မလာသောကြောင့် ယာဉ်တိုက်မှုများနေ ပါသဖြင့် ကျောင်းသားမိဘများစိုးရိမ်နေခြင်းကိစ္စ- -ရန်ကုန်မှာရော နယ်မြို့တွေမှာပါ အိမ်ခြံမြေများနှင့် တခြားသောအရောင်းအဝယ်ကိစ္စတွေမှာ ပွဲစားများနဲ့ တရားမဝင်ရောင်းဝယ်နေခြင်းကြောင့် မှတ်ပုံတင်ထားသောည အကျိုးးဆောင်လုပ်ငန်းများ နစ်နာသလို မသိနားမလည်သောပြည်သူများက ဂရမ်အတု ပါမစ်အတုများစွာနဲ့ ဘဝပျက်သွား တာတွေ ကို ဘယ်လိုအရေးယူမယ်ဆိုတာကို အစိုးရအနေ နဲ့ပြည်သူတွေသိအောင် ဆောင်ရွက်သင့်သောကိစ္စ- -ပုဒ်မ ၅၀၅(ခ)နှင့် …Read more »

Talk2DVB (၁၀ မတ် ၂၀၁၅)

10-03-2015 နေ့တွင်ထုတ်လွှင့်မည့် Talk2DVB အစီအစဉ်…….. မန္တလေးဆေးတက္ကသိုလ်မှ ပထမနှစ်ဆေးတက္ကသိုလ်တက်ချိန်မှာ အထက်ကအဆောင်မပေးလို့ ပတ်ဝန်းကျင်ဒဏ်၊ ငွေကြေးကုန်ကျဒဏ်တွေ အသေအလဲခံခဲ့ရကြောင်း၊ ဒီနှစ်ဘွဲ့လွန်တက်မယ်ဆိုတော့ ဘွဲ့ကြိုကလေးတွေပဲ အဆောင်ပေးမယ် ဘွဲ့လွန်ဆေးကျောင်းသားတွေ အဆောင်မပေးလို့ ဘွဲ့လွန်ကျောင်းသားတွေက အရေးမပါလို့ မပေးတာများလားဆိုတာ တွေးစရာဖြစ်နေပြီဆိုတဲ့အကြောင်းကိစ္စ– ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်မှာ ဆေးခြောက်ဆေးပြားရောင်းသူများပြားလာပြီး လူငယ်တော်တော်များများဆေးစွဲနေကြပြီဖြစ်တဲ့အတွက် မူးယစ်ဆေးဝါးနဲ့ လောင်းကစားများ ကင်းဝေစေချင်ကြောင်း— တိုက်ကြီးမြို့နယ် မြို့မဈေးရဲ့ ဈေးပတ်ဝန်းကျင်မှာ အရက်ဆီ၊ လောင်စာဆီများရောင်းချမှုကို တားမြစ်လိုပြီး ဈေးတွင်းနှင့်ဈေးပြင် ကျူးကျော်ဆိုင်များစည်းကမ်းမဲ့ ဆောက်လုပ်ခြင်းက အရေးပေါ်မီးသတ်ကားများသွားလာရာမှာ ခက်ခဲစေခြင်း၊ မီးလောင်ပါက မီးငြှိမ်းသတ်ရန် ရေဖြည့်ရတဲ့ မီးသတ်ရေကန်မှာ ပျက်စီးယိုယွင်နေသဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးစေလိုကြောင်း— ၀န်ထမ်းများကို လစာတိုးပေးခြင်းထက် ပင်စင်သွားရင် နောင်ရေးအတွက် နေထိုင်စရာ ကိုယ်ပိုင်အိမ်ယာလေးပဲစီစဉ်ပေးစေလိုခြင်း— ရန်ကုန် မန္တလေးလမ်းဟောင်းပေါ်မှာရှိတဲ့ ၀မ်းတွင်းမြို့မှာရှိတဲ့ သိမ်တောင်ကုန်းတောင်တန်းမှာ နံရံကမ္ဘားများပြိုကျခြင်း၊ …Read more »

Talk2DVB (၂၂ ဇန်န၀ါရီ ၂၀၁၅)

22-01-2015 နေ့တွင်ထုတ်လွှင့်မည့် Talk2DVB အစီအစဉ်တွင်…. -မြန်မာ့စီးပွားရေး ကော်ပိုရောရှင်း(MEC)ပိုင် အမှတ်(၂)ဘိလပ်မြေစက်ရုံ တန်-၄၀၀၀ တွင် စက်ပြင်ကာလမှာဝန်ထမ်းတွေဟာ မနက် ၈ နာရီမှ ည၁၀ နာရီ အထိOT ဆင်းရပါတယ် OTကြေးမပေးပဲ လက်ဖက်ရည်ဖိုး ၂၀၀ နဲ့ စက်ရုံထမင်း ၄၀၀ တန်သာကျွေးပြီး အသေခိုင်းတဲ့ အကြောင်း… -လာရှိုးမြို့ ကောင်းကြဲအုပ်စု(ဟိုပိတ်)တစ်ဝိုက်တွင် လူကြီး၊ ကလေးများ ဆေးပြားသုံးစွဲမှုကြောင့် လူတော်တော်များများ ပျက်ဆီးနေပါတယ်လို့ ပြောချင်ပါတယ်ဆိုသော ကိစ္စ– -စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် နမ့်တောစံပြကျေးရွာတွင် ဆက်သွယ်ရေးတယ်လီဖုန်းများ မကောင်းခြင်းနှင့် လမ်းပန်းဆတ်သွယ်ရေး မကောင်းသောကြောင့် ရွာသူရွာသားများက ထို အခက်ခဲများကောင်းမွန်လာစေရန် မျှော်လင့်နေပါကြောင်း– -တာချီလိတ်မြို့မှ ပြည်သူ့ရဲများအကြောင်း-တာချီလိတ်မြို့မှာ ငါးမန်းခုံလောက်းကစားများ မူးယစ်ဆေးဝါးများ လွန်စွာပေါခြင်းောကာင့် လူငယ်များပျက်ဆီးနေပါတယ် ဒါကိုတာဝန်မသိတဲ့ …Read more »

Talk2DVB (၂၁ ဇန်န၀ါရီ ၂၀၁၅)

21-01-2015 နေ့တွင်ထုတ်လွှင့်မည့် Talk2DVB အစီအစဉ်တွင်…. -ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမြောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်တွင် သာသပြုပွဲတော်များ သာသနိက အဆောက်အဦများလုပ်ကိုင်ဆောင်ရွက်ရာတွင် ကျေးရွာအုပ်ချုပ်ရေးမှုးမှ ဦးစီးပြီးထင်သလို လုပ်ကိုင်လျှက်ရှိပြီး အလှုခံရရှိငွေ/သုံးစွဲငွေများကို စနစ်တကျပြန်လည်ရေးဆွဲခြင်းမရှိခြင်းကိစ္စ– -ပုသိမ်တက္ကသိုလ်အနီးတစ်ဝိုက် တောင်ရမ်းစားသောက်နေသော အလေအလွင့်ကလေးများ ကိစ္စ– စစိက်ုငိးတိုင်းဒေသကြီး အင်းတော်မြို့တွင် ကားလိုင်စင် ဆိုင်ကယ်လိုင်စင်သစ်လုပ်ရတာလေးရက်ဆိုသော အချိန်ကာလနဲ့ မလုံလောက်သောကြောင့် ကညနရုံး ကိုကသာမြို့တွင် ထားရှိပေးပါရန်– -တာချီလိတ်မှထုတ်မရတဲ့ ဘဏ်တိုက်များဆိုတဲ့ တာချီလိတ်မြို့တွင် အလောင်းကစားဝိုင်းများပေါ့လွန်းသောကြောင့် လူတော်တော်များများ ပျက်စီးနေပါတယ် အဲ့ဒီဝိုင်းတွေမှာ မူးယစ်ဆေးတွေလဲရောင်းနေပါတယ် ရဲတွေကလည်းအကောက်ကောက်စားကြပါတယ် ထိုအကြောင်းကို လူကြီးတွေသိစေချင်ပါတယ်— -ရွာဘုန်းကြီးကျောင်းကကြေးစည်ကြီးထုသလို(မထင်)— ရန်ကုန်တိုင်းဒေသကြီးအစိုးရက ယာဉ်ကြောပိတ်ဆို့မှု အဆိုတင်သွင်းတာတွေ သတင်းတွေမှာသိရှိရပါတယ်ကျွန်တော့် အမြင်လေးကိုလည်း DVB မှတဆင့်ပြောပြချင်တဲ့အကြောင်း— -မကွေးမြို့ ပြည်တော်သာ/ချမ်းမြေ့သာရပ်ကွက်တွင် ဝန်ထမ်းများအတွက်အိမ်ယာဆောက်လုပ်နေပါတယ် ဘယ်အဆင့်ဝန်ထမ်း၊ လစာ၊ လက်ရှိ၊ ပင်စင်၊ …Read more »

Talk2DVB (၂၀ ဇန်န၀ါရီ ၂၀၁၅)

20-01-2015 နေ့တွင်ထုတ်လွှင့်မည့် Talk2DVB အစီအစဉ်တွင်…. -မီးလောင်တိုက်အတွင်းမှအော်သံများ ဆိုတဲ့ ဖျာပုံမြို့မှ မြို့လယ်ရပ်ကွက်အတွင်း လောင်စာဆီသိုလှောင်ေ၇ာင်းချခြင်းကြောင့် အများပြည်သူများနေ့စဉ်နှင့်အမျှ စိုးရိမ်ပူပန်နေရပါသောကိစ္စ -ပဲခူးတိုင်း ရေတာရှည်မြို့နယ်အမှတ်(၁)ရပ်ကွက်တွင် နှစ်လုံး၊ချဲ၊ ဘောလုံး လောင်းကစားများတရားမဝင်ပြုလုပ်နေကြောင်းကို ရေတာရှည်ရဲစခန်း နှင့် တောင်ငူ မြို့နယ် ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့သို့ တိုင်ကြားပါသော်လည်း ဖမ်းဆီးခြင်းမပြုသောကိစ္စ တနင်္သာရီတိုင်း ထားဝယ်မြို့မှ ကျောင်းဆရာတစ်ဦး၏ ရင်ဖွင့်စာဖြစ်တဲ့တိုင်းဒေသကြီး ညွှန်ကြားရေးမှုးရုံးမှ ပင်စင်ယူသွားသော ညွှန်ကြားရေးမှုးအမည်ကိုသုံးပြီး 2015 Calender များကို တစ်စောင် 1500 ကျပ်ဖြင့် ပညာရေးဝန်ထမ်းကျောင်းဆရာ/ဆရာမများအား မဝယ်မနေရ(၃)စောင်နှုန်းဝယ်ရပါတယ်တစ်အိမ်တည်းနေမိသားစု ဆရာ/ဆရာမ (၂)ယောက်ဆိုရင်တော့ (၆) စောင်ဖြစ်သွားတဲ့ အတွက် ရတဲ့လစာ စားမလောက်ဖြစ်နေချိန်မှာ ဒီလိုရောင်းစားတဲ့ အတွက် စိတ်သောကအလွန်ရောက်ရပါကြောင်း -မကွေးတိုင်း မကွေးမြို့ပေါ်မှာ လမ်းများမှာအင်မတန်ဆိုးဝါးနေပြီး ချိုင့်ခွက်များနှင့် တစ်ချို့နေရာများတွင် လမ်းသားမမြင်ရပဲ သဲတောများဖြစ်နေပါတယ်အဲ့လိုလမ်းတွေမှာ …Read more »

Talk2DVB (၁၅ ဇန်န၀ါရီ ၂၀၁၅)

15-01-2015 နေ့တွင်ထုတ်လွှင့်မည့် Talk2DVB အစီအစဉ်တွင်…. ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ကနောင်မြို့တွင် မြို့အတွက် ရုံးပေါင်းစုံဆောက်လုပ်ရန် အတွက် မြေနေရာဝယ်ယူရန် ငွေလိုသည်ကိုအကြောင်းပြပြီး ဧရာဝတီမြစ် အတွင်းကျောက်စုပ်လုပ်ငန်းကို လုပ်ဆောင်ကြပြီး ၂ကြိမ်ရပ်ဆိုင်းထားသော်လည်း ယခုအခါ တိုင်းဒေသကြီးဝန်ကြီးချုပ်နုတ်မိန်ံဖြင့် ပြည်လည်လုပ်ဆောင်နေသောကြောင့် မြို့ မပျက်စေရန် အတွက် တားမြစ်စေလိုသော ကိစ္စ— လားရှိုးမြို့တွင်း TV ဂိမ်းလောင်းကစားများကို ဆိုင်ရှေ့တွင် အပျော် လို့ရေးထားပေမဲ့ နောက်ကွယ်တွင် အကြီးစား အလောင်းကစားများ လုပ်နေခြင်းကိစ္စ– မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ ကုန်းလမ်းပို့ဆောင်ရေးဌာနခွဲမှ ဝန်ထမ်းများမှာ နိုင်ငံတော်အစိုးရပေးအပ်ထားသော တာဝန်များကို မထမ်းဆောင်ပဲ မိမိ ကိုယ်ကျိုအတွက် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နေခြင်းကိစ္စ—- အစိုးရအဆက်ဆက်က ရဲတပ်ဖွဲ့ကို ခါးပိုက်ဆောင်တပ်ဖွဲ့လို့ သဘောထားခြင်းကိစ္စ— ရန်ကုန်မြို့ရှိ နိုင်ငံတကာလို့ပြောသော အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အငှားယာဉ်များ ရပ်လို့ မရတာ …Read more »