အပတ်စဉ်ကဏ္ဍ

Latest
Most Viewed
Most Commented
အပစ်အခတ်ရပ်စဲရေးဆိုင်ရာ Editorial Talk

အပစ်အခတ်ရပ်စဲရေးဆိုင်ရာ Editorial Talk တင်ဆက် – တိုးဇော်လတ် ရိုက်ကူး / တည်းဖြတ် – ညီလင်းထွန်း

ပြည်သူ ပြည်သား သတင်းသမား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်မှာ တပုံးအုပ်စုမှ တောင်သူတွေ အခက်အခဲ၊ထားဝယ်မြို့ မှ ဆန္ဒထုတ်ဖော်ပွဲ၊ အမေရိကန်နိုင်ငံ နယူးယောက်မြို့ မြန်မာသံရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ပွဲ၊နွေရာသီစာတတ်မြောက်ရေးလှုပ်ရှားမှု စတဲ့သတင်းတွေကို ပြည်သူပြည်သား သတင်းသမားများ အစီစဉ်တွင်တင်ဆက်ထားပါတယ်။ တင်ဆက် – ဇော်မိုးဝေ ရိုက်ကူး – နေလင်းထွန်း တည်းဖြတ် – ဇော်မိုးဝေ

ကျောင်းသားသပိတ်နှင့် လက်ပံတန်းဖြိုခွဲမှုအပေါ် သူတို့ပြောစကား

ကျောင်းသားသပိတ်နှင့် လက်ပံတန်းဖြိုခွဲမှုအပေါ် သူတို့ပြောစကား ရိုက်ကူး – တင်မာဆွေ / သော်ဇင်မျိုး တည်းဖြတ် – မောင်တူး

No comment

No comment ရိုက်ကူး / တည်းဖြတ် – ပိုင်စိုး

သပိတ်ကျဉ်း မြေယာများ အမည်ပေါက်ရရေး အပေါ် သူတို့ပြောစကား

သပိတ်ကျဉ်း မြေယာများ အမည်ပေါက်ရရေး အပေါ် သူတို့ပြောစကား ရိုက်ကူး – တင်မာဆွေ တည်းဖြတ် – မောင်တူး

No comment

No comment ရိုက်ကူး – ခိုင်ပန်းနု တည်းဖြတ် – ဂျူလိုင်မျိုး

Talk2DVB (၂၅ မတ် ၂၀၁၅)

25-03-2015 နေ့တွင်ထုတ်လွှင့်မည့် Talk2DVB အစီအစဉ်တွင်…. -အသစ်ဆိုပေမဲ့ အဟောင်းတွေပါဆိုတဲ့ မရမ်းကုန်းမြို့နယ် ရန်ကုန် အင်းစိန်လမ်းမကြီး သမိုင်းလမ်းဆုံကနေ ခဝဲခြံ(၁) လမ်းလောက်ထိလမ်းမီးကြီးတွေပျက်နေတာ ပလက်ဖောင်းတွေပျက်နေတာ ရေဆိုးမြောင်းတွေမရှိတော့ စွန့်ပစ်ရေဆိုးတွေက လမ်းမကြီးပေါ် အမြဲရှိနေတာ တွေကို ကားကြီးပေါ်ကနေ ဆင်းပြီး လမ်းလျှောက်စစ်ဆေးကြည့်ပါဦးလို့ ဖိတ်ခေါ်ထားတဲ့ကိစ္စ– -ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွှတ်ကွင်းမြို့တွင် မြို့ခံစီးပွားရေးသမားတွေရဲ့ စည်းကမ်းချိုးဖျတ်မှု အုပ်ချုပ်ရေးဆိုင်ရာတွေရဲ့တာဝန်မဲ့မှုတွေကြောင့် မြို့နေလူထုများ အခက်ခဲကြုံနေရသောကိစ္စ– -တာချီလိတ်မြို့နယ် မိုင်းဖုန်း(က) ခုတ်ဝစာသင်ကျောင်းအနီး လောင်းကစားဂိမ်းခုံများဖွင့်လှစ်ထားသောကြောင့် ကလေးငယ်များကျောင်းစာတွင် စိတ်ဝင်စားမှုနည်းပါးပြီး ၄င်းဂိမ်းခုံများ တွင်သာ အချိန်ကုန်နေကြပါသောကိစ္စ– -မြန်မာပြည် အမြို့မြို့ အနယ်နယ်ရှိ တိုက်နယ်ဆေးရုံများတွင် ဝန်ထမ်းများ အကျင့်ပျက် ချစားမှု၊ ဆေးဝါးမလံလောက်မှု၊ ဆရာဝန်မလုံလောက်မှု အစရှိသည်တို့ကို သက်ဆိုင်ရာတာဝန်ရှိသူများစစ်ဆေးပေးပါရန် အတွက် မကွေးတိုင်း စလင်းမြို့နယ်ဆေးရုံ၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ …Read more »

Talk2DVB (၂၄ မတ် ၂၀၁၅)

24-03-2015 Talk2DVB အစီအစဉ်—– ရခိုင်ပြည်နယ် ကမ်းထောင်းကြီးမြို့နယ်မှာ MPTကအင်တာနက်သုံးရတာ အဆင်ပြေနေရာက ဆွေသဟာအစီအစဉ်ပေါ်လာလို့လျှောက်လိုက်တော့ အခုအင်တာနက်ဆို viber, facebook browser တို့မှာ ဘာစာမှပို့လို့မရတော့ပဲ ဖုန်းအနီးခေါ်တာတောင် ဆက်သွယ်မှုဧရိယာပြင်ပရောက်နေပြီး 1876ကိုဆက်သွယ်မေးမြန်းတော့ ဖုန်းပေါ်မူတည်တယ်လို့ပြောပါတယ်၊ အခုကတစ်မြို့လုံးသုံးမရဖြစ်နေတာကြောင့် သက်ဆိုင်ရာဆက်သွယ်ရေးဝန်ထမ်းများမှာ လိုင်းအခြေအနေကို စစ်ဆေးကူညီပေးစေလိုခြင်းကိစ္စ— လယ်ဝေးမြို့နယ် သာဝထ္ထိအုပ်စုကြံစိုက်တောင်သူတစ်ဦးက ကြံအ၀ယ်ဒိုင်တဒိုင်က တန်ချိန်(၃၀)သာယူပြီး ဈေးနှုန်းမှာလည်းနှိမ်ထားသလို ကြံကားတစ်စီးကိုတစ်တန်ဖြတ်ပြီးပိုဆိုးတာက သတ်မှတ်ထားတဲ့ တန်ချိန်ရပြီးကျန်တဲ့ကြံတွေကိုမယူဘူးလို့ပြောပါတယ်၊ အဲဒီကြံတွေကို မီးရှို့ပြစ်ရမည်လား ထင်းခုတ်စိုက်ရမလား၊ ဒေသတွင်းရှိတောင်သူအများစုမှာ အစိုးရထံမှချေးငွေများယူထားရပြီး အဆိုပါကြံကိစ္စကိုသက်ဆိုင်ရာကတာဝန်ရှိလူကြီးများ မဖြေရှင်းပေးပါက အစိုးရထံမှချေးငွေကိုလည်း မည်သို့မျှပြန်မဆပ်နိုင်ခြင်းကိစ္စ— အချို့ဝန်ထမ်းများဟာ ရုံးချိန်လက်မှတ်ထိုးပြီး အရာရှိကိုပေးကမ်းပြီး အပြင်ထွက်ကိုယ်ပိုင်လုပ်ငန်းတွေထွက်လုပ်နေကြတာ မျက်စိအောက်မှာတွေ့နေရပြီး အခုဝန်ထမ်းတွေလစာတိုးမယ်ဆိုတော့ ကုန်ဈေးနှုန်းတွေတက်၊ အခွန်တွေတိုးကောက်မယ်ဆိုတော့ အဖြေရှာစရာတောင်မလိုတဲ့အတွက် ပြည်သူတွေပိုငတ် ပိုသေ ကုန်တော့မယ်— ကံပေါက်မှာစိုက်ထူထားတဲ့ GSMတာဝါမှာ ၂၀၁၄ခုနှစ်ကတည်းကတိုင်တည်ဆောက်ပြီးစီးပြီး အခုထိလိုင်းသုံးစွဲလို့မရတာဘာကြောင့်လဲဆိုတာ …Read more »

Talk2DVB (၁၉ မတ် ၂၀၁၅)

19-03-2015 Talk2DVB အစီအစဉ်—– ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ ခရီးသည်တင်ယာဉ်များမှာ ဘက်စ်ကားခသတ်မှတ်ထားပေမဲ့ ယာဉ်လိုင်းအများစုကတော့ ၅၀/တန်ခရီးကို ၁၀၀/တန် ပြောင်ပြောင်တင်းတင်းပြောဆိုတောင်းရမ်းမှုကြောင့် ယာဉ်ပေါ်ပါခရီးသည်များနှင့်နေ့စဉ်လိုလို စကားများနေရပြီး ဖုန်းဆက်တိုင်ကြားသော်လည်း အရေးယူသည်ဟုအကြောင်းပြန်ပြီး ဘတ်စ်ကားခပိုမိုတောင်းခံမှလျော့မသွားပဲပိုမိုဆိုးရွားလာခြင်းကိစ္စ— တရားမ၀င် ၂လုံး၊ ၃လုံးထီကို ဈေးရောင်းနေသလို ရောင်းချနေကြပြီး ကာစီနိုဂိမ်းစက်များလည်းနေ့ရောညပါ ပြုလုပ်နေကြသဖြင့် မလိုလားအပ်သော ဒုစရိုက်မှုများဖြစ်ပေါ်ခြင်းကြောင့် အရေးယူဖမ်းဆီးနိုင်ရန် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာမှ တိုင်ကြားခြင်းကိစ္စ— နိုင်ငံတော်သမ္မတကြီးနှင့် ပြည်ထဲရေးဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးထံသို့–ပေါင်းတည်မြို့ ဈေး(၂)ရပ်ကွက် ပုတီးကုန်းလမ်းအ၀င် လမ်းမကြီးမှာ ယခင်လမ်းအကျယ် (၂၅)ပေ၀န်းကျင်ရှိပေမဲ့ ယခုအခါ (၁၅)ပေခန့်သာရှိကြောင်း၊ ဓါတ်တိုင်နဲ့ခြံစည်းရိုးမှာ (၃)ပေခန့်ကွာရမည်ဖြစ်ပြီး ယခုအခါခြံစည်းရိုးနဲ့ကပ်လျက်ရှိကြောင်း၊ ယာဉ်များ၊ မီးသတ်ကားများဝင်/ထွက် ရာတွင်ခက်ခဲခြင်း၊ ရေမြောင်းဂုံးကို ပြည်-ရန်ကုန်လမ်းမကြီးပေါ်သို့ (၅)ပေခန့်တိုးဆောက်ထားသည့်အတွက် ယာဉ်များဝင်/ထွက်ရာမှာ ခက်ခဲခြင်း၊ အိမ်ထောင်စု (၄၀၀)ကျော် ၀င်/ထွက်သွားလာရတဲ့ ဦးသော့ကျောင်းလမ်းနဲ့ဆက်စပ်လမ်းဖြစ်ခြင်း စတာတွေကိုတိုင်ကြားစာပို့သော်လည်း ဘယ်ဌာနမှ …Read more »