မိုးလေ၀သ

Latest
Most Viewed
Most Commented
DVB TV – နံနက်ပိုင်းမိုးလေ၀သခန့်မှန်းချက် (၁၈.၄.၂၀၁၇)

DVB TV – နံနက်ပိုင်းမိုးလေ၀သခန့်မှန်းချက် (၁၈.၄.၂၀၁၇) မြန်မာတစ်နိုင်ငံလုံးနီးပါး မိုးရွာဖို့အလားအလာတွေရှိနိုင်ပြီး နေရာကျဲကျဲကနေ နေရာစိပ်စိပ်မိုးရွာသွန်းနိုင်ပါတယ်။ မိုးရေချိန်တွေကတော့ ၂၀ မီလီမီတာကနေ ၆၀ မီလီမီတာလောက်ရွာသွန်းနိုင်ပါတယ်။ တင်ဆက် – ယွန်းရတီ ရိုက်ကူး – ဒီဗွီဘီ တည်းဖြတ် – ယွန်းရတီ

DVB TV – ညနေပိုင်းမိုးလေ၀သခန့်မှန်းချက် (၁၇.၄.၂၀၁၇)

DVB TV – ညနေပိုင်းမိုးလေ၀သခန့်မှန်းချက် (၁၇.၄.၂၀၁၇) မြန်မာနိုင်ငံကုန်းတွင်းပိုင်းမှာ ဖြစ်ပေါ်နေတဲ့လေဖိအားနည်းရပ်ဝန်းဟာ အားလေျာ့သွားပြီဖြစ်တဲ့အတွက် အစိမ်းအရောင်အဆင့်အဖြစ်သတ်မှတ်ထားပါတယ်။ မုန်တိုင်းအရှိန်ကြောင့် မြန်မာတစ်နိုင်ငံလုံးမှာ တိမ်အသင့်အတင့်မှတိမ်ထူထပ်နိုင်ပြီး နေရာအနှံ့အပြားမိုးရွာသွန်းနိုင်ပါတယ်။

DVB TV – နံနက်ပိုင်းမိုးလေ၀သခန့်မှန်းချက် (၁၇.၄.၂၀၁၇)

DVB TV – နံနက်ပိုင်းမိုးလေ၀သခန့်မှန်းချက် (၁၇.၄.၂၀၁၇) မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရ ဒီကနေ့မနက် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း “မာရ သာ”(Maaratha)သည် ရခိုင်ကမ်းရိုးတန်း ဒေသ၊ သံတွဲမြို့အနီးမှ ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီး၊ ကုန်းတွင်း မုန်တိုင်း ငယ်အဆင့်မှ လေဖိအားနည်း ရပ်ဝန်းအဖြစ်သို့ အားပျော့သွားပြီ ဖြစ်ပါသည်။

DVB TV – ညနေပိုင်းမိုးလေ၀သခန့်မှန်းချက် (၁၆.၄.၂၀၁၇)

DVB TV – ညနေပိုင်းမိုးလေ၀သခန့်မှန်းချက် (၁၆.၄.၂၀၁၇) ဆိုင်ကလုံးမုန်တိုင်း မာရကာဟာ ဒီနေ့ ည ၈-၁၂ ကြားအချိန်မှာ စစ်တွေမြို့နှင့် သံတွဲမြို့ကြားကို ၀င်ရောက်နိုင်တယ်လို့ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားပါတယ်…မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းကြိးနိုင်ပါတယ်။ လှိုင်းအမြင့်ပေကတော့ ၆-၁၅ပေလောက်ထိမြင့်တက်နိုင်ပါတယ်။

DVB TV – နံနက်ပိုင်းမိုးလေ၀သခန့်မှန်းချက် (၁၆.၄.၂၀၁၇)

DVB TV – နံနက်ပိုင်းမိုးလေ၀သခန့်မှန်းချက် (၁၆.၄.၂၀၁၇) ဆိုင်ကလုံးမုန်တိုင်းကြောင့် မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းကြီးနိုင်ပါတယ်။ လှိုင်းအမြင့်ပေက ၃-၁၅ပေလောက်ထိမြင့်တက်နိုင်ပါတယ်။ လေတိုက်နှုန်းကတော့ ရခိုင်ကမ်းရိုးတန်းနှင့် မြစ်ဝကျွှန်းပေါ်ကမ်းရိုးတန်းတွေမှာ ၁နာရီကို ၃၂-၃၆မိုင်လောက်တိုက်ခတ်နိုင်ပြိး မွန်တင်္နသာရီကမ်းရိုးတန်းမှာ ကတော့ ၂၅-၃၀ မိုင်လောက်ရှိနိုင်ပါတယ်။

DVB TV – နံနက်ပိုင်းမိုးလေ၀သခန့်မှန်းချက် (၁၅.၄.၂၀၁၇)

DVB TV – နံနက်ပိုင်းမိုးလေ၀သခန့်မှန်းချက် (၁၅.၄.၂၀၁၇) မုန်တိုင်းရဲ့အရှိန်ကြောင့် ရခိုင်ပြည်နယ်တောင်ပိုင်း နဲ့ မကွေးတိုင်းတို့တွင် နေရာစိပ်စိပ် မိုးသည်းထန်စွာရွာသွန်းနိုင်ပါတယ်။ မြန်မာ့ပင်လယ်ပြင်(ရခိုင် နဲ့ မြစ်ဝကျွန်ပေါ်ဒေသ)တွင် လှိုင်းအသင့်အတင့် မှ လှိုင်းကြီှး နိုင်ပြီးလှိုင်းအမြင့် (၁၀-၁၅)ပေခန့်မြင့်တက်နိုင်သဖြင့် ရေယာဉ်များအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ရေပြင်မြေပြင်လေဟာ တစ်နာရီကို မိုင် ၄၀ ကနေ ၄၅ မိုင်အထိတိုက်ခတ်နိုင်ပါတယ်။

DVB TV – ညနေပိုင်းမိုးလေ၀သခန့်မှန်းချက် (၁၂.၄.၂၀၁၇)

DVB TV – ညနေပိုင်းမိုးလေ၀သခန့်မှန်းချက် (၁၂.၄.၂၀၁၇) ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပြီး လာမယ့် ဧပြီ ၁၅ရက်နေ့မှာတော့ မုန်တိုင်းငယ်တစ်လုံးဖြစ်လာနိုင်ပါတယ်။ မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့်လေတိုက်နှုန်းက တစ်နာရီ မိုင် ၄၀ နှုန်းတိုက်ခတ်နိုင်ပြီး ကမ်းကိုဖြတ်ကျော်စဉ်မှာ အားလျော့သွားနိုင်ပါတယ်။ အစပိုင်းခန့်မှန်းချက်အရ အိန္ဒိယနိုင်ငံကိုဖြတ်ကျော်သွားနိုင်ပေမယ့် အခုနောက်ဆုံးခန့်မှန်းချက်အရ ရခိုင်ပြည်နယ်မြောက်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်သွားနိုင်တယ်လို့ခန့်မှန်းထားပါတယ်။

DVB TV – နံနက်ပိုင်းမိုးလေ၀သခန့်မှန်းချက် (၁၂.၄.၂၀၁၇)

DVB TV – နံနက်ပိုင်းမိုးလေ၀သခန့်မှန်းချက် (၁၂.၄.၂၀၁၇) ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာလေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနေပါတယ်။ နေ့အပူချိန်တွေက စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတို့မှာ ၃၅ ဒီဂရီစင်တီဂရိတ်ကနေ ၄၀ ဒီဂရီစင်တီဂရိတ်လောက်မြင့်တက်နိုင်ပါတယ်။

DVB TV – ညနေပိုင်းမိုးလေ၀သခန့်မှန်းချက် (၁၁.၄.၂၀၁၇)

DVB TV – ညနေပိုင်းမိုးလေ၀သခန့်မှန်းချက် (၁၁.၄.၂၀၁၇) ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင်ဖြစ်ပေါ်နေသောလေဖိအားနည်းရပ်ဝန်းဟာ အနောက်မြောက်ဖက်ကို ရွေ့လျှားလာပြီး လာမယ့် စနေနေ့ ဧပြီလ ၁၅ရက်နေ့ တွင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင် အားကောင်းသောလေဖိအားနည်းရပ်ဝန်း (သို့မဟုတ်) မုန်တိုင်းငယ်တစ်ခုအဖြစ်ကို ရောက်ရှိလာနိုင်တယ်လို့ခန့်မှန်းရပါတယ်။မုန်တိုင်းရဲ့ဗဟိုချက်အနီး အများဆုံးလေတိုက်နှုန်းဟာ တစ်နာရီကို ၃၅မိုင်နှုန်း ရှိနိုင်ပြီး အနောက်မြောက်ဖက်ကို တဖြည်းဖြည်းဆက်လက်ရွေ့လျှားကာ ရေပြင်ပေါ်မှာ အားပျော့ပျက်ပြယ်သွားမယ်လို့ခန့်မှန်းရပါတယ်။မြန်မာနိုင်ငံဖက်ဆီသို့ေ၇ွ့လျှားလာဖွယ်ရာမရှိနိုင်သေးကြောင်း ခန့်မှန်းရပါတယ်။